ေအာက္တိန္းတစ္လီတာ က်ပ္ ၂၃၀၀ ေက်ာ္ႏွင့္ ဒီဇယ္တစ္လီတာ က်ပ္၂၆၀၀ ေက်ာ္ကာ အျမင့္ဆုံးစံခ်ိန္သစ္ခ်ိဳး
ရန္ကုန္၊ ဇြန္ ၁၁
လူငယ့္ေခတ္
ယေန႔တြင္ ျပည္တြင္းစက္သုံးဆီေစ်းႏႈန္းမွာဆက္လက္ျမင့္တက္ခဲ့ၿပီးအျမင့္ဆုံးစံခ်ိန္သစ္ ခ်ိဳးသြားေၾကာင္း ယင္းေစ်းကြက္အသိုင္းအဝိုင္းထံမွသိရသည္။
ရန္ကုန္အထိုင္စက္သုံးဆီအေရာင္းဆိုင္ မ်ားတြင္ ယေန႔ေအာက္တိန္း-92တစ္လီတာ (၂၃၀၅)က်ပ္၊ေအာက္တိန္း-95 တစ္လီတာ (၂၃၇၀)က်ပ္၊ ဒီဇယ္တစ္လီတာ(၂၆၁၀)က်ပ္၊ ပရီမီယံဒီဇယ္တစ္လီတာ (၂၆၄၀)က်ပ္ႏႈန္းျဖင့္ေရာင္းခ်ေနသည္။
ယင္းေစ်းႏႈန္းမွာ ယမန္ေန႔ကထက္တစ္လီ တာ လွ်င္ ၄၀က်ပ္မွ ၇၀က်ပ္အထိတိုးျမင့္သြားခဲ့ၿပီးလက္ရွိေရာင္းေစ်းမွာျပည္တြင္းစက္သုံးဆီသမိုင္းတေလွ်ာက္အျမင့္ဆုံးေစ်းျဖစ္လာသည္။
“ဆီေစ်းကတရွိန္ထိုးတက္ေနေတာ့ ရပ္တဲ့ကားလည္းရပ္ကုန္ၿပီ။ ဒီထက္ဆက္တက္လာ ရင္ တျခားအလုပ္ပဲေျပာင္းလုပ္ရေတာ့မယ္။ ဆီဘယ္ေလာက္ကုန္သြားၿပီလဲဆိုၿပီး ဆီဂိတ္ ကိုၾကည့္ၿပီးေမာင္းေနရတာစိတ္ မခ်မ္းသာဘူး”ဟု အငွားယာဥ္ေမာင္းတစ္ဦးကေျပာသည္။
ျပည္တြင္းစက္သုံးဆီေစ်းမွာ ယခုႏွစ္မတ္လကုန္ပိုင္းက ေအာက္တိန္းတစ္လီတာ ၂၃၀၀ က်ပ္ ၊ ဒီဇယ္ တစ္လီတာ ၂၆၀၀ က်ပ္ျဖင့္အ ျမင့္ဆုံးရပ္တည္ခဲ့ၿပီး ယေန႔တြင္ယင္းစံခ်ိန္ကိုခ်ိဳးသြားျခင္းျဖစ္ေၾကာင္း ေစ်းကြက္ကြၽမ္းက်င္သူအခ်ိဳ႕ကေျပာသည္။
“ဒီအရွိန္ႏႈန္းနဲ႔ဆိုရင္ မၾကာဘူး၊တစ္လီတာ ၃၀၀၀က်ပ္ကိုေတာင္ေက်ာ္သြားႏိုင္တယ္။ အကုန္႐ိုက္ခတ္မႈေတြျဖစ္ေနၿပီ” ဟု စက္သုံးဆီေစ်းကြက္ကြၽမ္းက်င္သူတစ္ဦးကေျပာသည္။
လက္ရွိကမာၻ႔ေရနံစိမ္းေစ်းမွာလည္း တစ္စည္ လွ်င္ ၁၂၂ေဒၚလာအထိေရာက္ရွိေနကာ ယင္းေၾကာင့္လည္းျပည္တြင္း၌လိုက္ပါျမင့္တက္ ေနျခင္းျဖစ္သည္ဟု ၎တို႔ကေျပာသည္။
အောက်တိန်းတစ်လီတာ ကျပ် ၂၃၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ်၂၆၀၀ ကျော်ကာ အမြင့်ဆုံးစံချိန်သစ်ချိုး
ရန်ကုန်၊ ဇွန် ၁၁
လူငယ့်ခေတ်
ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာဆက်လက်မြင့်တက်ခဲ့ပြီးအမြင့်ဆုံးစံချိန်သစ် ချိုးသွားကြောင်း ယင်းဈေးကွက်အသိုင်းအဝိုင်းထံမှသိရသည်။
ရန်ကုန်အထိုင်စက်သုံးဆီအရောင်းဆိုင် များတွင် ယနေ့အောက်တိန်း-92တစ်လီတာ (၂၃၀၅)ကျပ်၊အောက်တိန်း-95 တစ်လီတာ (၂၃၇၀)ကျပ်၊ ဒီဇယ်တစ်လီတာ(၂၆၁၀)ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ (၂၆၄၀)ကျပ်နှုန်းဖြင့်ရောင်းချနေသည်။
ယင်းဈေးနှုန်းမှာ ယမန်နေ့ကထက်တစ်လီ တာ လျှင် ၄၀ကျပ်မှ ၇၀ကျပ်အထိတိုးမြင့်သွားခဲ့ပြီးလက်ရှိရောင်းဈေးမှာပြည်တွင်းစက်သုံးဆီသမိုင်းတလျှောက်အမြင့်ဆုံးဈေးဖြစ်လာသည်။
“ဆီဈေးကတရှိန်ထိုးတက်နေတော့ ရပ်တဲ့ကားလည်းရပ်ကုန်ပြီ။ ဒီထက်ဆက်တက်လာ ရင် တခြားအလုပ်ပဲပြောင်းလုပ်ရတော့မယ်။ ဆီဘယ်လောက်ကုန်သွားပြီလဲဆိုပြီး ဆီဂိတ် ကိုကြည့်ပြီးမောင်းနေရတာစိတ် မချမ်းသာဘူး”ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။
ပြည်တွင်းစက်သုံးဆီဈေးမှာ ယခုနှစ်မတ်လကုန်ပိုင်းက အောက်တိန်းတစ်လီတာ ၂၃၀၀ ကျပ် ၊ ဒီဇယ် တစ်လီတာ ၂၆၀၀ ကျပ်ဖြင့်အ မြင့်ဆုံးရပ်တည်ခဲ့ပြီး ယနေ့တွင်ယင်းစံချိန်ကိုချိုးသွားခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူအချို့ကပြောသည်။
“ဒီအရှိန်နှုန်းနဲ့ဆိုရင် မကြာဘူး၊တစ်လီတာ ၃၀၀၀ကျပ်ကိုတောင်ကျော်သွားနိုင်တယ်။ အကုန်ရိုက်ခတ်မှုတွေဖြစ်နေပြီ” ဟု စက်သုံးဆီဈေးကွက်ကျွမ်းကျင်သူတစ်ဦးကပြောသည်။
လက်ရှိကမ္ဘာ့ရေနံစိမ်းဈေးမှာလည်း တစ်စည် လျှင် ၁၂၂ဒေါ်လာအထိရောက်ရှိနေကာ ယင်းကြောင့်လည်းပြည်တွင်း၌လိုက်ပါမြင့်တက် နေခြင်းဖြစ်သည်ဟု ၎င်းတို့ကပြောသည်။