Local News

ေက်ာင္းေစာင့္ဝန္ထမ္းလာေလွ်ာက္သူကို စစ္ဝတ္စုံဝတ္ကာ က်ည္မပါတဲ့ ေသနတ္နဲ႔ လုံၿခဳံေရးယူခိုင္း

ေက်ာင္းေစာင့္ဝန္ထမ္းလာေလွ်ာက္သူကို စစ္ဝတ္စုံဝတ္ကာ က်ည္မပါတဲ့ ေသနတ္နဲ႔ လုံၿခဳံေရးယူခိုင္း

ျပည္၊ ဇြန္၁၁၊ ၂၀၂၂။

ပဲခူးတိုင္းအေနာက္ျခမ္း၊ ျပည္ၿမိဳ႕မွာ စစ္ေကာင္စီက ေက်ာင္းေစာင့္ရာထူးအတြက္ ဝန္ထမ္းေခၚခဲ့ၿပီး လာေလွ်ာက္သူကို စစ္ယူနီေဖာင္းဝတ္ေစၿပီး က်ည္မပါတဲ့ ေသနတ္ကိုင္ခိုင္းကာ လုံၿခဳံေရးတာဝန္ကို ေပးထားတယ္လို႔ ေဒသခံေတြ ဆီကသိရပါတယ္။

တလ ၃သိန္းနဲ႔ ေက်ာင္းေစာင့္လုပ္ရမယ္ဆိုတဲ့ အခ်က္နဲ႔ ဝန္ထမ္းေခၚခဲ့တာေၾကာင့္ အလုပ္ေလွ်ာက္ခဲ့ၿပီး အလုပ္ဝင္ဝင္ခ်င္းမွာပဲ ယူနီေဖာင္းဝတ္ခိုင္းၿပီး ျပည္ၿမိဳ႕ အမွတ္ ၅ ေက်ာင္း အလယ္ေပါက္မွာ လုံၿခဳံေရးဂိတ္ေစာင့္ လုပ္ေနရတာျဖစ္တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

” အဲ့ဒီလို မလုပ္ပါရေစနဲ႔ ပိုက္ဆံလည္း မေပးပါနဲ႔ေတာ့၊ ေတာင္းပန္ၿပီး ထြက္ခြင့္ေတာင္းတာ မရဘူး၊ တလျပည့္ေအာင္ လုပ္ရမယ္ ေရွ႕တန္းေခၚရင္လည္း လိုက္ရမယ္လို႔ ေျပာတယ္” လို႔ ျပည္ၿမိဳ႕က ေဒသခံတဦးက ေျပာပါတယ္။

ျပည္ၿမိဳ႕ အမွတ္၅ ေက်ာင္းေရွ႕လမ္းကို စစ္ေကာင္စီက ျဖတ္သန္းသြားလာခြင့္ပိတ္ထားတာျဖစ္ေပမယ့္ ေက်ာင္းႀကိဳပို႔ လုပ္ေနတဲ့ မိဘေတြကေတာ့ အလယ္ေပါက္မွာ ယူနီေဖာင္းနဲ႔ ေစာင့္ေနတာကို ျမင္ရတယ္လို႔ လည္း ေျပာပါတယ္။

အဲ့ဒီလိုေစာင့္ေနတဲ့ ယူနီေဖာင္းနဲ႔ လုံၿခဳံေရးဝန္ထမ္းကို ေတြ႕တာ တပတ္ေက်ာ္ေလာက္သာ ရွိေသးၿပီး အရင္က အဲ့လိုေစာင့္တာမ်ိဳး မရွိဘူးလို႔ ေနာက္ထပ္ ‌ေဒသခံအမ်ိဳးသမီးတဦးက ေျပာပါတယ္။

” ဟုတ္တယ္ စစ္ဝတ္စုံနဲ႔ အဝမွာေတြ႕တယ္ တပတ္အတြင္းေလာက္ေပါ့၊ အရင္ကဆို လမ္းထိပ္က ဂိတ္မွာပဲ ေတြ႕တာ”လို႔ ေျပာပါတယ္။

အဲ့ဒီလို ဝန္ထမ္း ဘယ္ႏွစ္ေယာက္ရွိေနတယ္ဆိုတာနဲ႔ အမွတ္၅ ေက်ာင္းအျပင္ ျပည္ၿမိဳ႕က ဘယ္ေက်ာင္းေတြမွာ အခုလိုမ်ိဳး ေက်ာင္းေစာင့္ေခၚၿပီး လုံၿခဳံေရးတာဝန္ကို ေပးထားေသးလဲဆိုတာကိုေတာ့ ေျမလတ္အသံအေနနဲ႔ အတည္ျပဳႏိုင္ဖို႔ စုံစမ္းေနဆဲျဖစ္ပါတယ္။

#ေျမလတ္အသံ

ကျောင်းစောင့်ဝန်ထမ်းလာလျှောက်သူကို စစ်ဝတ်စုံဝတ်ကာ ကျည်မပါတဲ့ သေနတ်နဲ့ လုံခြုံရေးယူခိုင်း

ပြည်၊ ဇွန်၁၁၊ ၂၀၂၂။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ စစ်ကောင်စီက ကျောင်းစောင့်ရာထူးအတွက် ဝန်ထမ်းခေါ်ခဲ့ပြီး လာလျှောက်သူကို စစ်ယူနီဖောင်းဝတ်စေပြီး ကျည်မပါတဲ့ သေနတ်ကိုင်ခိုင်းကာ လုံခြုံရေးတာဝန်ကို ပေးထားတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

တလ ၃သိန်းနဲ့ ကျောင်းစောင့်လုပ်ရမယ်ဆိုတဲ့ အချက်နဲ့ ဝန်ထမ်းခေါ်ခဲ့တာကြောင့် အလုပ်လျှောက်ခဲ့ပြီး အလုပ်ဝင်ဝင်ချင်းမှာပဲ ယူနီဖောင်းဝတ်ခိုင်းပြီး ပြည်မြို့ အမှတ် ၅ ကျောင်း အလယ်ပေါက်မှာ လုံခြုံရေးဂိတ်စောင့် လုပ်နေရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” အဲ့ဒီလို မလုပ်ပါရစေနဲ့ ပိုက်ဆံလည်း မပေးပါနဲ့တော့၊ တောင်းပန်ပြီး ထွက်ခွင့်တောင်းတာ မရဘူး၊ တလပြည့်အောင် လုပ်ရမယ် ရှေ့တန်းခေါ်ရင်လည်း လိုက်ရမယ်လို့ ပြောတယ်” လို့ ပြည်မြို့က ဒေသခံတဦးက ပြောပါတယ်။

ပြည်မြို့ အမှတ်၅ ကျောင်းရှေ့လမ်းကို စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာဖြစ်ပေမယ့် ကျောင်းကြိုပို့ လုပ်နေတဲ့ မိဘတွေကတော့ အလယ်ပေါက်မှာ ယူနီဖောင်းနဲ့ စောင့်နေတာကို မြင်ရတယ်လို့ လည်း ပြောပါတယ်။

အဲ့ဒီလိုစောင့်နေတဲ့ ယူနီဖောင်းနဲ့ လုံခြုံရေးဝန်ထမ်းကို တွေ့တာ တပတ်ကျော်လောက်သာ ရှိသေးပြီး အရင်က အဲ့လိုစောင့်တာမျိုး မရှိဘူးလို့ နောက်ထပ် ‌ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

” ဟုတ်တယ် စစ်ဝတ်စုံနဲ့ အဝမှာတွေ့တယ် တပတ်အတွင်းလောက်ပေါ့၊ အရင်ကဆို လမ်းထိပ်က ဂိတ်မှာပဲ တွေ့တာ”လို့ ပြောပါတယ်။

အဲ့ဒီလို ဝန်ထမ်း ဘယ်နှစ်ယောက်ရှိနေတယ်ဆိုတာနဲ့ အမှတ်၅ ကျောင်းအပြင် ပြည်မြို့က ဘယ်ကျောင်းတွေမှာ အခုလိုမျိုး ကျောင်းစောင့်ခေါ်ပြီး လုံခြုံရေးတာဝန်ကို ပေးထားသေးလဲဆိုတာကိုတော့ မြေလတ်အသံအနေနဲ့ အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

#မြေလတ်အသံ