တပ္မေတာ္ တန္းျမင့္သင္တန္းေက်ာင္းတြင္ အရာခံဗိုလ္ေအာင္သန္းက စစ္သား ၈ ဦးကို ပစ္သတ္ၿပီး ေသနတ္ ၂ လက္ ယူေဆာင္ လြတ္ ေျမာက္
ရန္ကုန္၊ ဇြန္ ၁၁
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္၊ ျပည္ေထာင္ေက်း႐ြာ၊ အမွတ္ ၇ တပ္မ ေတာ္ တန္းျမင့္ေလ့က်င့္ေရး သင္တန္းေက်ာင္းတြင္ အရာခံဗိုလ္ ေအာင္သန္းက စစ္သား ၈ ဦးကို ပစ္သတ္သြားၿပီး ေသနတ္ ၂ လက္ႏွင့္အတူ လြတ္ေျမာက္သြားေၾကာင္း စစ္တပ္ႏွင့္နီးစပ္ေသာ သတင္းရင္းျမစ္မ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ဇြန္လ ၆ ရက္ေန႔ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (မပခ)မွ အရာရွိတခ်ိဳ႕က အမွတ္ ၇ တပ္မေတာ္တန္းျမင့္သင္တန္းေက်ာင္းကို လာေရာက္စစ္ေဆးရာတြင္ လုံၿခဳံေရး ကင္းက်ေနသည့္ စစ္သား ၁၀ ဦးမွာ ေဆးသုံးစြဲၿပီး မူးယစ္ေနျခင္း၊ အရက္ေသာက္ထားျခင္းမ်ား ေတြ႕ရွိသြားေၾကာင္း၊
ထို႔ေၾကာင့္ သင္တန္းႀကီးၾကပ္ေရးအရာရွိ အရာခံဗိုလ္ေအာင္သန္းကို ေခၚယူ အျပစ္ေပး ဆူပူေၾကာင္း၊ ထိုသို႔ ေခၚယူ အျပစ္ေပး အဆူခံရသည့္အတြက္ ကင္းက် စစ္သားမ်ားကို အရာခံဗိုလ္ေအာင္သန္းက ယင္းေန႔ ညပိုင္းတြင္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ စစ္သား ၆ ဦးမွာ ပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး ၂ ဦးမွာ ေဆး႐ုံတြင္ ေသဆုံးခဲ့ေၾကာင္း၊ ၂ ဦး လြတ္ေျမာက္ခဲ့ေၾကာင္း သိရွိရသည္။
“မပခက ျပည္ေထာင္မွာရွိတဲ့ သင္တန္းေက်ာင္းကို ဝင္စစ္တဲ့အခါမွာ ကင္းက် ေနတဲ့ စစ္သားေတြက အရက္မူးေနတယ္။ ေဆးခ်ထားတာကို စစ္ေဆးေတြ႕ရွိရတယ္။ အရာခံဗိုလ္ေအာင္သန္းကို ေခၚဆူတယ္။ အရာရွိကို ေခၚဆူေတာ့ အရာရွိ က စိတ္ဆိုးၿပီး ကင္းက်တဲ့ စစ္သား ၁၀ ဦးကို တန္းစီခိုင္းၿပီးေတာ့ ပစ္သတ္တာ။
၆ ဦးက ပြဲခ်င္းၿပီးေသတယ္။ ၂ ဦးက ေဆး႐ုံမွာ ေသတယ္။ ၂ ဦးက ေတာ့ ထြက္ေျပးေတာ့ လြတ္သြားတယ္။ ပစ္ခတ္တဲ့ အရာခံဗိုလ္ေအာင္သန္းက အတိုတစ္လက္၊ အရွည္တစ္လက္နဲ႔ လြတ္ေျမာက္သြားတယ္” ဟု အဆိုပါျဖစ္ စဥ္ကို သိရွိထားေသာ စစ္တပ္ႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္က ေျပာဆိုသည္။
ပစ္သတ္ခံရသည့္ စစ္သား ၈ ဦး၏ အေလာင္းမ်ားကို စစ္တပ္က သၿဂိဳလ္ခဲ့ေၾကာင္း သိရွိရသည္။
တပ်မတော် တန်းမြင့်သင်တန်းကျောင်းတွင် အရာခံဗိုလ်အောင်သန်းက စစ်သား ၈ ဦးကို ပစ်သတ်ပြီး သေနတ် ၂ လက် ယူဆောင် လွတ် မြောက်
ရန်ကုန်၊ ဇွန် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်ကျေးရွာ၊ အမှတ် ၇ တပ်မ တော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် အရာခံဗိုလ် အောင်သန်းက စစ်သား ၈ ဦးကို ပစ်သတ်သွားပြီး သေနတ် ၂ လက်နှင့်အတူ လွတ်မြောက်သွားကြောင်း စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၆ ရက်နေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ အရာရှိတချို့က အမှတ် ၇ တပ်မတော်တန်းမြင့်သင်တန်းကျောင်းကို လာရောက်စစ်ဆေးရာတွင် လုံခြုံရေး ကင်းကျနေသည့် စစ်သား ၁၀ ဦးမှာ ဆေးသုံးစွဲပြီး မူးယစ်နေခြင်း၊ အရက်သောက်ထားခြင်းများ တွေ့ရှိသွားကြောင်း၊
ထို့ကြောင့် သင်တန်းကြီးကြပ်ရေးအရာရှိ အရာခံဗိုလ်အောင်သန်းကို ခေါ်ယူ အပြစ်ပေး ဆူပူကြောင်း၊ ထိုသို့ ခေါ်ယူ အပြစ်ပေး အဆူခံရသည့်အတွက် ကင်းကျ စစ်သားများကို အရာခံဗိုလ်အောင်သန်းက ယင်းနေ့ ညပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်သား ၆ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း၊ ၂ ဦး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
“မပခက ပြည်ထောင်မှာရှိတဲ့ သင်တန်းကျောင်းကို ဝင်စစ်တဲ့အခါမှာ ကင်းကျ နေတဲ့ စစ်သားတွေက အရက်မူးနေတယ်။ ဆေးချထားတာကို စစ်ဆေးတွေ့ရှိရတယ်။ အရာခံဗိုလ်အောင်သန်းကို ခေါ်ဆူတယ်။ အရာရှိကို ခေါ်ဆူတော့ အရာရှိ က စိတ်ဆိုးပြီး ကင်းကျတဲ့ စစ်သား ၁၀ ဦးကို တန်းစီခိုင်းပြီးတော့ ပစ်သတ်တာ။
၆ ဦးက ပွဲချင်းပြီးသေတယ်။ ၂ ဦးက ဆေးရုံမှာ သေတယ်။ ၂ ဦးက တော့ ထွက်ပြေးတော့ လွတ်သွားတယ်။ ပစ်ခတ်တဲ့ အရာခံဗိုလ်အောင်သန်းက အတိုတစ်လက်၊ အရှည်တစ်လက်နဲ့ လွတ်မြောက်သွားတယ်” ဟု အဆိုပါဖြစ် စဉ်ကို သိရှိထားသော စစ်တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောဆိုသည်။
ပစ်သတ်ခံရသည့် စစ်သား ၈ ဦး၏ အလောင်းများကို စစ်တပ်က သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။