Local News



C8News

ရန်ကုန်၊ဇွန်(၁၁)





ဧရာဝတီမြစ်အတွင်း ရေဆင်းကူးတဲ့ စစ်ကောင်စီတပ်သား(၃) ဦး ရေနစ်သေဆုံး

C8News

ရန်ကုန်၊ဇွန်(၁၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပန်းညိုရွာ မှာရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သား(၃) ဦး ဒီနေ့နေ့လည်ပိုင်းမှာ ဧရာဝတီမြစ်အတွင်း ရေနစ်သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM) ဆီကသိရပါတယ်။

” မနေ့ကရွာထဲမှာတပ်စွဲထားတာ၊ ဒီနေ့နေ့လည်ပိုင်းမှာ ရေဆင်းကူးနေတဲ့ စစ်သားရေနစ်နေလို့ နှစ်ယောက်ဆင်းဆယ်တာ သုံးယောက်လုံးပြန်ပေါ်မလာတော့ဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့ကဇွန်(၁၀)ရက်နေ့မှာ ပန်းညိုရွာထဲမှာစစ်ကောင်စီအဖွဲ့ကတပ်စွဲထားပြီး ဒီနေ့မှာ စစ်သားတစ်ဦး ဧရာဝတီမြစ်အတွင်းရေဆင်းကူးနေချိန် ရေနစ်နေတဲ့အတွက် အနီးမှာရှိတဲ့ စစ်သားနှစ်ဦးက ဆယ်ယူဖို့ကြိုးစားချိန် သုံးဦးလုံးရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ CDSOM ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအဖွဲ့အနေနဲ့ ရဲဘော်(၃)ဦးရေနစ်သေဆုံးခဲ့တဲ့အတွက် ပန်းညိုရွာမှာ ဆက်လက်တပ်စွဲထားနိုင်ပြီး ရေနစ်သေဆုံးခဲ့တဲ့ စစ်သား(၃)ဦးရဲ့ ရုပ်အလောင်းကိုတော့ ရှာဖွေတွေ့ရှိတာရှိမရှိကိုတော့ မသိရသေးပါဘူး။