Local News

PDF ႏွင့္အဖြဲ႕မ်ားကို လက္နက္အပ္ႏွံ ဥပေဒေဘာင္အတြင္း ဝင္ရန္ စစ္တပ္က ကမ္းလွမ္

PDF ႏွင့္အဖြဲ႕မ်ားကို လက္နက္အပ္ႏွံ ဥပေဒေဘာင္အတြင္း ဝင္ရန္ စစ္တပ္က ကမ္းလွမ္း၊ PDF ႏွင့္ ေတာ္လွန္ေရး အင္အားစုမ်ားကို စစ္တပ္က မယွဥ္ႏိုင္သည့္အျပင္ ရႈံးနိမ့္ေတာ့မည္ျဖစ္၍ ေသြးခြဲရန္ ႀကိဳးပမ္းလာမႈဟု CDM ဗိုလ္ႀကီးလင္းထက္ေအာင္ ေျပာဆို

ရန္ကုန္၊ ဇြန္ ၁၁

အၾကမ္းဖက္စစ္ေကာင္စီက PDF ႏွင့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအေနျဖင့္ လက္နက္အပ္ႏွံၿပီး ဥပေဒေဘာင္အတြင္း ဝင္ေရာက္ရန္ ကမ္းလွမ္းလိုက္ၿပီး ယင္းသို႔ ကမ္းလွမ္းမႈသည္ PDF ႏွင့္ေတာ္လွန္ေရးအင္အားစုမ်ားကို စစ္တပ္က မယွဥ္ႏိုင္သည့္အျပင္ ရႈံးနိမ့္ေတာ့မည္ျဖစ္၍ ေသြးခြဲရန္ ႀကိဳးပမ္းမႈ အျဖစ္ CDM ဗိုလ္ႀကီးလင္းထက္ေအာင္ သုံးသပ္ေျပာဆိုလိုက္သည္။

မင္းေအာင္လႈိင္ဦးေဆာင္ေသာ အၾကမ္းဖက္စစ္တပ္က ယေန႔ညပိုင္းတြင္ ေၾက ညာ ခ်က္ ထုတ္ျပန္လာၿပီး ယင္းေၾကညာခ်က္တြင္ လက္နက္ကိုင္ဆန႔္က်င္ မည္ဆိုပါက တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဒီမိုကေရစီ ထြန္းကားေရးကို ထိခိုက္ ေႏွာင့္ေႏွးေစမည္ျဖစ္ေၾကာင္း၊ ပါတီစုံဒီမိုကေရစီ စနစ္ အေကာင္အထည္ေဖာ္ရန္ PDF မ်ားအေနျဖင့္ လက္နက္အပ္ႏွံ၍ ဥပေဒေဘာင္အတြင္း ဝင္ေရာက္ ကမ္း လွမ္းသည္ဟု ေၾကညာလာျခင္းျဖစ္သည္။

အဆိုပါေၾကညာခ်က္သည္ စစ္တပ္အေနျဖင့္ အင္အားခ်ိနဲ႔ေနၿပီး ေတာ္လွန္ေရးအင္အားစုမ်ားကို ရႈံးနိမ့္ေတာ့မည္ျဖစ္၍ ေသြးခြဲေနျခင္းျဖစ္သည္ဟု CDM ဗိုလ္ႀကီး လင္းထက္ေအာင္က သုံးသပ္ေျပာဆိုသည္။

“စစ္တပ္ကေတာ့ PDF နဲ႔ ေတာ္လွန္ေရးအင္အားစုေတြကို လုံး၀ မယွဥ္ႏိုင္တဲ့ အေျခ အေနကိုေတာ့ လုံး၀ကို ေရာက္သြားၿပီ။ အေျခအေနက အဲဒီလိုကို ျဖစ္သြားၿပီ။ သူတို႔ဆီမွာ သာလြန္တဲ့ လက္နက္ႀကီးေတြ တျခားဥစၥာေတြ အဲဒါေတြကလည္း တိုးမေပါက္ေတာ့ဘူး။ ဒီလိုအေျခအေနမ်ိဳးမွာ ျပည္သူကို ေသြးခြဲမယ္။

သူတို႔ အင္အားစုကို မေလ်ာ့နည္းေအာင္ တည္ေဆာက္မယ္။ ဒီဘက္ကေန ေတာ္ လွန္ေရး အင္အားစုကို သူတို႔နဲ႔ ပူးေပါင္းေအာင္လုပ္မယ္ဆိုၿပီးေတာ့ ဒါေတြက သူတို႔ရဲ႕ မဟာဗ်ဴဟာေတြေပါ့ ။ ဒီလို မဟာဗ်ဴဟာ ေတြၾကားမွာ အလင္းဝင္ လက္နက္ခ်ပါလို႔ေျပာတာက အရင္ေတာ္လွန္ေရးေတြမွာလည္းဒီလိုပဲျဖစ္လာတာဆိုေတာ့ သူတို႔မႏိုင္ေတာ့မွာသိလို႔ ဒီဘက္အင္အားစုကို ၿဖိဳခြဲဖို႔ ႀကံလိုက္ တဲ့အရာတစ္ခုလို႔ ေျပာရမယ္။

ဒီေၾကညာခ်က္နဲ႔ပတ္သက္ၿပီးေတာ့ အလိမ္ အညာတစ္ခုသာျဖစ္တယ္။ ျပန္ေရာက္သူေတြကို ေထာင္ထဲထည့္ၿပီး စီးပြားေရး မိသားစုေရး လူမႈေရး လႈပ္လို႔မရေအာင္လုပ္မွာပဲ ” ဟု CDM ဗိုလ္ႀကီးလင္းထက္ေအာင္က ဆိုသည္။

PDF မ်ားႏွင့္ ေတာ္လွန္ေရးအင္အားစုမ်ားအေနျဖင့္ စစ္ေကာင္စီ၏ အလိမ္ အညာ ေၾကညာခ်က္ကို ယုံၾကည္စရာ မရွိသကဲ့သို႔ စစ္တပ္ကို ျမန္မာ့ေျမေပၚမွ မရွိသည္အထိ ဆက္လက္ တိုက္ပြဲဝင္ရမည္ဟု ၎က ဆက္လက္ေျပာဆိုသည္။

“က်ေနာ္တို႔ PDF ေတြအေနနဲ႔ ဒီေၾကညာခ်က္ကို လက္ခံမွာလည္းမဟုတ္ဘူး။ ေၾကညာခ်က္ေၾကာင့္ တစ္မ်ိဳး တစ္မည္ ေျပာင္းလဲမွာမဟုတ္ဘူး။ က်ေနာ္တို႔ PDF ေတြအေနနဲ႔ လုံး၀ ေဝဝါးမႈ မျဖစ္ဖို႔လည္း ဒီေနရာမွာ အရမ္းအေရးႀကီးတယ္။ က်ေနာ္တို႔ ထပ္ၿပီးေတာ့ ေျပာခ်င္တာက ျပည္သူေတြအတြက္ PDF ရွိမွ ရမယ္။ ဒီစစ္တပ္ မရွိမွ ရမယ္လို႔ ေျပာခ်င္တယ္။”ဟု CDM ဗိုလ္ႀကီးလင္းထက္ေအာင္က ေျပာဆိုသည္။

အၾကမ္းဖက္ စစ္ေကာင္စီက ယခင္က ျပစ္မႈက်ဴးလြန္ထားသူမ်ားမွအပ ဥပေဒေဘာင္အတြင္း ဝင္ေရာက္သူမ်ားကို ႀကိဳဆိုလက္ခံမည္ဟု ေၾကညာခဲ့ရာမွ ယခုအခါ လက္နက္အပ္ႏွံလွ်င္ပင္ ျပန္လည္ ႀကိဳဆိုလက္ခံမည္ဟု ေျပာင္းလဲ၍ ေၾကညာလာျခင္းျဖစ္သည္။

PDF နှင့်အဖွဲ့များကို လက်နက်အပ်နှံ ဥပဒေဘောင်အတွင်း ဝင်ရန် စစ်တပ်က ကမ်းလှမ်း၊ PDF နှင့် တော်လှန်ရေး အင်အားစုများကို စစ်တပ်က မယှဉ်နိုင်သည့်အပြင် ရှုံးနိမ့်တော့မည်ဖြစ်၍ သွေးခွဲရန် ကြိုးပမ်းလာမှုဟု CDM ဗိုလ်ကြီးလင်းထက်အောင် ပြောဆို

ရန်ကုန်၊ ဇွန် ၁၁

အကြမ်းဖက်စစ်ကောင်စီက PDF နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် ကမ်းလှမ်းလိုက်ပြီး ယင်းသို့ ကမ်းလှမ်းမှုသည် PDF နှင့်တော်လှန်ရေးအင်အားစုများကို စစ်တပ်က မယှဉ်နိုင်သည့်အပြင် ရှုံးနိမ့်တော့မည်ဖြစ်၍ သွေးခွဲရန် ကြိုးပမ်းမှု အဖြစ် CDM ဗိုလ်ကြီးလင်းထက်အောင် သုံးသပ်ပြောဆိုလိုက်သည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ယနေ့ညပိုင်းတွင် ကြေ ညာ ချက် ထုတ်ပြန်လာပြီး ယင်းကြေညာချက်တွင် လက်နက်ကိုင်ဆန့်ကျင် မည်ဆိုပါက တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးကို ထိခိုက် နှောင့်နှေးစေမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ် အကောင်အထည်ဖော်ရန် PDF များအနေဖြင့် လက်နက်အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက် ကမ်း လှမ်းသည်ဟု ကြေညာလာခြင်းဖြစ်သည်။

အဆိုပါကြေညာချက်သည် စစ်တပ်အနေဖြင့် အင်အားချိနဲ့နေပြီး တော်လှန်ရေးအင်အားစုများကို ရှုံးနိမ့်တော့မည်ဖြစ်၍ သွေးခွဲနေခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က သုံးသပ်ပြောဆိုသည်။

“စစ်တပ်ကတော့ PDF နဲ့ တော်လှန်ရေးအင်အားစုတွေကို လုံး၀ မယှဉ်နိုင်တဲ့ အခြေ အနေကိုတော့ လုံးဝကို ရောက်သွားပြီ။ အခြေအနေက အဲဒီလိုကို ဖြစ်သွားပြီ။ သူတို့ဆီမှာ သာလွန်တဲ့ လက်နက်ကြီးတွေ တခြားဥစ္စာတွေ အဲဒါတွေကလည်း တိုးမပေါက်တော့ဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူကို သွေးခွဲမယ်။

သူတို့ အင်အားစုကို မလျော့နည်းအောင် တည်ဆောက်မယ်။ ဒီဘက်ကနေ တော် လှန်ရေး အင်အားစုကို သူတို့နဲ့ ပူးပေါင်းအောင်လုပ်မယ်ဆိုပြီးတော့ ဒါတွေက သူတို့ရဲ့ မဟာဗျူဟာတွေပေါ့ ။ ဒီလို မဟာဗျူဟာ တွေကြားမှာ အလင်းဝင် လက်နက်ချပါလို့ပြောတာက အရင်တော်လှန်ရေးတွေမှာလည်းဒီလိုပဲဖြစ်လာတာဆိုတော့ သူတို့မနိုင်တော့မှာသိလို့ ဒီဘက်အင်အားစုကို ဖြိုခွဲဖို့ ကြံလိုက် တဲ့အရာတစ်ခုလို့ ပြောရမယ်။

ဒီကြေညာချက်နဲ့ပတ်သက်ပြီးတော့ အလိမ် အညာတစ်ခုသာဖြစ်တယ်။ ပြန်ရောက်သူတွေကို ထောင်ထဲထည့်ပြီး စီးပွားရေး မိသားစုရေး လူမှုရေး လှုပ်လို့မရအောင်လုပ်မှာပဲ ” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

PDF များနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီ၏ အလိမ် အညာ ကြေညာချက်ကို ယုံကြည်စရာ မရှိသကဲ့သို့ စစ်တပ်ကို မြန်မာ့မြေပေါ်မှ မရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်ရမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“ကျနော်တို့ PDF တွေအနေနဲ့ ဒီကြေညာချက်ကို လက်ခံမှာလည်းမဟုတ်ဘူး။ ကြေညာချက်ကြောင့် တစ်မျိုး တစ်မည် ပြောင်းလဲမှာမဟုတ်ဘူး။ ကျနော်တို့ PDF တွေအနေနဲ့ လုံး၀ ဝေဝါးမှု မဖြစ်ဖို့လည်း ဒီနေရာမှာ အရမ်းအရေးကြီးတယ်။ ကျနော်တို့ ထပ်ပြီးတော့ ပြောချင်တာက ပြည်သူတွေအတွက် PDF ရှိမှ ရမယ်။ ဒီစစ်တပ် မရှိမှ ရမယ်လို့ ပြောချင်တယ်။”ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ယခင်က ပြစ်မှုကျူးလွန်ထားသူများမှအပ ဥပဒေဘောင်အတွင်း ဝင်ရောက်သူများကို ကြိုဆိုလက်ခံမည်ဟု ကြေညာခဲ့ရာမှ ယခုအခါ လက်နက်အပ်နှံလျှင်ပင် ပြန်လည် ကြိုဆိုလက်ခံမည်ဟု ပြောင်းလဲ၍ ကြေညာလာခြင်းဖြစ်သည်။