ကိုယ့္အိမ္မွာေနရင္း လက္နက္ႀကီးေၾကာင့္ သားအဖ သုံးဦး ဆုံးပါးခဲ့တဲ့ ၿမိဳင္နယ္က မိသားစု
MFP ၊ ဇြန္ – ၁၁
မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္က ပိေတာက္ကန္ ေခၚ ႐ြာရွည္ေက်း႐ြာမွာ ေမလ(၁၅)ရက္က ေနအိမ္ေပၚ လက္နက္ႀကီးက်ည္ က်ေရာက္ ေပါက္ကြဲတာေၾကာင့္ အိမ္တစ္အိမ္ထဲမွာ ရွိေနတဲ့ မိသားစုဝင္ သုံးဦး ေသဆုံး ခဲ့ပါတယ္။
ပိေတာက္ကန္ တစ္႐ြာလုံး ေအးခ်မ္းတိတ္ဆိတ္ေနခ်ိန္၊ ေက်း႐ြာအနီးတဝိုက္ တိုက္ပြဲျဖစ္ပြားတာ မရွိ၊ အၾကမ္းဖက္စစ္အုပ္စု ႐ြာထဲဝင္ေမႊတာ မရွိဘဲ အေၾကာင္းမဲ့ ပစ္ခတ္ခံရတာေၾကာင့္ ေနအိမ္ေပၚ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲၿပီး အသက္ (၇၀) ေက်ာ္အ႐ြယ္ ဖခင္ျဖစ္သူ ဦးဝက္၊
အသက္(၇၀)ေက်ာ္အ႐ြယ္ မိခင္ ေဒၚခင္ေထြးႏွင့္ သားျဖစ္သူ အသက္ (၃၅) ႏွစ္အ႐ြယ္ ကိုရဲျမင့္တို႔ ေနရာမွာတင္ ဆုံးပါးခဲ့ၾကတာ ျဖစ္ပါတယ္။
ဦးဝက္က တန္းလွ်ားေပၚမွာ၊ ေဒၚခင္ေထြးက ကုတင္ေပၚမွာႏွင့္ ကိုရဲျမင့္က အိမ္ေခါင္းရင္းမွာ ရွိေနခ်ိန္ ႐ုတ္တရက္ က်ေရာက္လာတဲ့ လက္နက္ႀကီးေၾကာင့္ ေနရာမွာတင္ပဲ က်ည္သင့္ ဆုံးပါးခဲ့ၾကတာလို႔ က်န္ရစ္သူ မိသားစုဝင္ေတြက ေျပာပါတယ္။
အဲ့ဒီအိမ္မွာ မိသားစုဝင္ ခုႏွစ္ဦး ေနထိုင္တာ ျဖစ္ၿပီး သမီးႏွစ္ဦး၊ သားမက္ႏွင့္ ေျမးငယ္ေလးတစ္ဦး က်န္ရစ္ပါတယ္။ လက္ရွိမွာေတာ့ အိမ္ကလည္း ေနထိုင္လို႔ မရေတာ့ေလာက္ေအာင္ ပ်က္စီးသြားၿပီမို႔ က်န္ရစ္သူေတြမွာ ခိုကိုးရာမဲ့ဘဝနဲ႔ အခက္အခဲေတြ ႀကဳံေနရတယ္လို႔ ဆိုပါတယ္။
စစ္အုပ္စုက အေဝးကေန ရမ္းကား ပစ္ခတ္တာေၾကာင့္ မိသားစုဝင္ေတြ ဆုံးပါးရတာလို႔ က်န္ရစ္သူေတြက ေျပာပါတယ္၊
စစ္အုပ္စုဟာ ပိေတာက္ကန္႐ြာရဲ႕ ခပ္လွမ္းလွမ္းမွာ ရွိတဲ့ တျခား ေက်း႐ြာတစ္႐ြာကေန ပိေတာက္ကန္႐ြာထဲကို လက္နက္ႀကီး ေလးလုံး ပစ္ခတ္ခဲ့တာ ျဖစ္ၿပီး တစ္လုံးက ဦးဝက္ တို႔ အိမ္ေပၚ က်ေရာက္ကာ သုံးဦး ေသဆုံးသလို က်န္တဲ့ လက္နက္ႀကီးက်ည္ သုံးလုံးေၾကာင့္ ပိေတာက္ကန္႐ြာက ေနအိမ္ (၄၆)လုံးလည္း မီးေလာင္ ျပာက်ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ကိုယ့္အိမ္မွာ ကိုယ္ေနရင္း အိမ္ေပၚက်လာတဲ့ လက္နက္ႀကီးေၾကာင့္ ႐ြာမီးေလာင္၊ အိမ္ပ်က္စီးၿပီး မိသားစုဝင္ သုံးဦး ဆုံးရႈံးလိုက္ရတဲ့ မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ ပိေတာက္ကန္႐ြာက မိသားစုေတြ အေၾကာင္း MFP က တင္ဆက္ထားပါတယ္။
ကိုယ့်အိမ်မှာနေရင်း လက်နက်ကြီးကြောင့် သားအဖ သုံးဦး ဆုံးပါးခဲ့တဲ့ မြိုင်နယ်က မိသားစု
MFP ၊ ဇွန် – ၁၁
မကွေးတိုင်း၊ မြိုင်မြို့နယ်က ပိတောက်ကန် ခေါ် ရွာရှည်ကျေးရွာမှာ မေလ(၁၅)ရက်က နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အိမ်တစ်အိမ်ထဲမှာ ရှိနေတဲ့ မိသားစုဝင် သုံးဦး သေဆုံး ခဲ့ပါတယ်။
ပိတောက်ကန် တစ်ရွာလုံး အေးချမ်းတိတ်ဆိတ်နေချိန်၊ ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်ပွားတာ မရှိ၊ အကြမ်းဖက်စစ်အုပ်စု ရွာထဲဝင်မွှေတာ မရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခံရတာကြောင့် နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် (၇၀) ကျော်အရွယ် ဖခင်ဖြစ်သူ ဦးဝက်၊
အသက်(၇၀)ကျော်အရွယ် မိခင် ဒေါ်ခင်ထွေးနှင့် သားဖြစ်သူ အသက် (၃၅) နှစ်အရွယ် ကိုရဲမြင့်တို့ နေရာမှာတင် ဆုံးပါးခဲ့ကြတာ ဖြစ်ပါတယ်။
ဦးဝက်က တန်းလျှားပေါ်မှာ၊ ဒေါ်ခင်ထွေးက ကုတင်ပေါ်မှာနှင့် ကိုရဲမြင့်က အိမ်ခေါင်းရင်းမှာ ရှိနေချိန် ရုတ်တရက် ကျရောက်လာတဲ့ လက်နက်ကြီးကြောင့် နေရာမှာတင်ပဲ ကျည်သင့် ဆုံးပါးခဲ့ကြတာလို့ ကျန်ရစ်သူ မိသားစုဝင်တွေက ပြောပါတယ်။
အဲ့ဒီအိမ်မှာ မိသားစုဝင် ခုနှစ်ဦး နေထိုင်တာ ဖြစ်ပြီး သမီးနှစ်ဦး၊ သားမက်နှင့် မြေးငယ်လေးတစ်ဦး ကျန်ရစ်ပါတယ်။ လက်ရှိမှာတော့ အိမ်ကလည်း နေထိုင်လို့ မရတော့လောက်အောင် ပျက်စီးသွားပြီမို့ ကျန်ရစ်သူတွေမှာ ခိုကိုးရာမဲ့ဘဝနဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက အဝေးကနေ ရမ်းကား ပစ်ခတ်တာကြောင့် မိသားစုဝင်တွေ ဆုံးပါးရတာလို့ ကျန်ရစ်သူတွေက ပြောပါတယ်၊
စစ်အုပ်စုဟာ ပိတောက်ကန်ရွာရဲ့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ တခြား ကျေးရွာတစ်ရွာကနေ ပိတောက်ကန်ရွာထဲကို လက်နက်ကြီး လေးလုံး ပစ်ခတ်ခဲ့တာ ဖြစ်ပြီး တစ်လုံးက ဦးဝက် တို့ အိမ်ပေါ် ကျရောက်ကာ သုံးဦး သေဆုံးသလို ကျန်တဲ့ လက်နက်ကြီးကျည် သုံးလုံးကြောင့် ပိတောက်ကန်ရွာက နေအိမ် (၄၆)လုံးလည်း မီးလောင် ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုယ့်အိမ်မှာ ကိုယ်နေရင်း အိမ်ပေါ်ကျလာတဲ့ လက်နက်ကြီးကြောင့် ရွာမီးလောင်၊ အိမ်ပျက်စီးပြီး မိသားစုဝင် သုံးဦး ဆုံးရှုံးလိုက်ရတဲ့ မကွေးတိုင်း မြိုင်မြို့နယ် ပိတောက်ကန်ရွာက မိသားစုတွေ အကြောင်း MFP က တင်ဆက်ထားပါတယ်။