Local News

ပြည်ခိုင်ဖြိုးရုံး ယနေ့ည ပေါက်ကွဲမှုဖြစ်








ကြံ့ခိုင်ရေးရုံး‌ရှေ့တွင် ယခုည ဗုံးပေါက်ကွဲ

ကရင်ပြည်နယ် ၊ မြဝတီမြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးရှေ့တွင် ယခုညပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ (၁၁) ရက်ည ၁၀ နာရီခွဲ ဝန်းကျင်က မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့်ပြည်ခိုင်ဖြိုးလမ်းထောင့်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် အင်အားပြင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

” အခုလေးတင် ဖြစ်သွားတာ ၊ အသံက တော်တော် ကျယ်တယ်။ တော်တော်လေးလည်း ပြင်းတယ်။ ညီမတို့ အိမ်ပေါ်ကို ခဲလုံးတွေတောင် လာကျတယ်” ဟု အနီးတွင်နေ ထိုင်သည့် ဒေသခံ တစ်ဦးက ပြောသည်။

ယခု ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသည် ရဲစခန်းအနီးတွင်ရှိပြီး လုံခြုံရေး တင်းကြပ်ထားသည့် နေရာလည်း ဖြစ်သည်။

လက်ရှိတွင် ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရသို့ သက်ဆိုင် ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိ စစ်ဆေးနေပြီး ထိ ခိုက်သေဆုံးမှုအခြေအနေကို မသိရသေးကြောင်းလည်း ဒေသခံများ ထံမှ သိရသည်။

ယခု ပေါက်ကွဲမှု ဖြစ်ပွားသည့် ကြံ့ခိုင်ရေးရုံးနှင့် မလှမ်း မကမ်းတွင် တည်ရှိသည့် ထိုင်း – မြန်မာ ချစ်ကြည်ရေးတံ တား အမှတ်(၁) တွင်လည်း ပြီးခဲ့သည့် လပိုင်းအတွင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိ ခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးသည်။