Local News

လက္နက္ခ်အလင္းဝင္ဖို႔ ေျပာဆိုလာတဲ့ စစ္ေကာင္စီကို တုံ႔ျပန္လိုက္တဲ့ PDF

လက္နက္ခ်အလင္းဝင္ဖို႔ ေျပာဆိုလာတဲ့ စစ္ေကာင္စီကို PDF ေတြ ဘယ္လိုတုံ႔ျပန္ထားလဲ

ေျမလတ္အသံ၊ ဇြန္၁၂၊ ၂၀၂၂။

စစ္ေကာင္စီက PDF ေတြကို လက္နက္ခ်အလင္းဝင္ရင္ လက္ခံမယ္လို႔ ေျပာဆိုလိုက္တဲ့ အ‌ေပၚမွာ ေတာ္လွန္ေရးတပ္ဖြဲ႕ ေခါင္းေဆာင္အခ်ိဳ႕က တုံ႔ျပန္မႈေတြရွိခဲ့ပါတယ္။

ေတာ္လွန္ေရးကာလ တႏွစ္ေက်ာ္ၾကာလာတဲ့ ကာလအတိုင္းအတာမွာ PDF ရဲေဘာ္ေတြရဲ႕ ပင္ပန္းဆင္းရဲမႈဒဏ္ေတြ၊ အိမ္ကိုလြမ္းေနတဲ့ဒဏ္ေတြအျပင္ ျပည္သူလူထုရဲ႕ေထာက္ပံ့မႈေတြ အရင္ကထက္ အားေလ်ာ့လာတဲ့ အခ်ိန္မွာ စစ္ေကာင္စီက ေတာ္လွန္ေရးအာေပ်ာ့သြားေအာင္ သပ္လ်ိဳေသြးခြဲေနတာျဖစ္တယ္လို႔ PRA မေကြး စစ္ဦးစီးခ်ဳပ္ ဟာက်ဴလီက ေျပာပါတယ္။

” ဒါေပမယ့္ စစ္ေကာင္စီအုပ္စုက မသိတဲ့ ကိစၥက သူတို႔က လႈပ္ရွားမႈ တခုခုျပလိုက္တိုင္း၊ ျပည္သူလူထုက စည္းလုံးသြားတယ္၊ ပိုၿပီးညီၫြတ္သြားတယ္၊ အရင္က်ဆင္းေနတဲ့ စိတ္ဓါတ္ေတြေတာင္ ျပန္ၿပီးတက္လာတယ္ေပါ့ေနာ္၊ ဒီအေနထားကို သူတို႔ေတြ မသုံးသပ္မိၾကဘူး” လို႔ ေျပာပါတယ္။

ပဲခူးတိုင္းအတြင္း လႈပ္ရွားေနတဲ့ ေတာင္ငူခ႐ိုင္ PDF တပ္ရင္း ၃၅၀၁ အေနနဲ႔ လည္း ျပည္သူလူထုကို ကိုယ္စားျပဳထားတဲ့ အဖြဲ႕တခုျဖစ္တာေၾကာင့္ စစ္ေကာင္စီရဲ႕ ကမ္းလွမ္းခ်က္ကို ဘယ္လိုမွ လက္ခံမွာမဟုတ္ဘူးလို႔ ေတာင္ငူခ႐ိုင္ PDF တပ္ရင္း ၃၅၀၁ရဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

” စစ္ေကာင္စီလိုမ်ိဳး ျပည္သူကို လက္နက္အားကိုးနဲ႔ ႐ိုင္းစိုင္းယုတ္မာေနတဲ့အဖြဲ႕အစည္းမ်ိဳးက လက္နက္ခ်အလင္းဝင္းပူးေပါင္းပါဝင္ပါဆိုတဲ့ စကားမ်ိဳးကို ဘယ္လိုအေၾကာင္းေၾကာင္းေၾကာင့္မွ လက္သင့္ခံမွာမဟုတ္ေၾကာင္း ျပတ္ျပတ္သားသားျငင္းဆိုတာပါ”လို႔ ေျပာပါတယ္။

ဒါ့အျပင္ PDF ေတြဘက္က စစ္ေကာင္စီရဲ႕တပ္သားေတြကို အရွင္ဖမ္းမိတဲ့အခါ NUG ရဲ႕ ကာကြယ္‌ေရးဝန္ႀကီးဌာန လမ္းၫႊန္ခ်က္နဲ႔ အညီ ထိန္းသိမ္းၿပီး ျပန္လႊတ္ေပးတာမ်ိဳး‌ေတြ လုပ္ခဲ့ေပမယ့္ စစ္ေကာင္စီဘက္က PDF ရဲေဘာ္ေတြကို ႏွိပ္စက္ၿပီး ‌စစ္ေဆးေမးျမန္းတာေတြလုပ္တဲ့အျပင္ ေနာက္ဆုံးသတ္ျဖတ္တဲ့အဆင့္အထိ လုပ္ခဲ့တဲ့ စစ္ေကာင္စီလက္ေအာက္ကို စစ္ကြၽန္ဘဝနဲ႔ ျပန္ဝင္ၿပီး အ႐ိုးထုတ္မွာ မဟုတ္ဘူးလို႔လည္း ထုတ္ျပန္ထားပါေသးတယ္။

မေကြးတိုင္းအတြင္းမွာ အရႈိခ်င္းလူမ်ိဳး ကိုယ္စားျပဳၿပီး စစ္ေကာင္စီကို ေတာ္လွန္ေနတဲ့ PDF တပ္ဖြဲ႕တခုျဖစ္တဲ့ ACDF အေနနဲ႔ ကလည္း စၿပီးေတာ္လွန္ကတည္းက အလင္းဝင္ဖို႔ လက္နက္ခ်ဖို႔ကို စဥ္းစားဖို႔ ေနရာမရွိခဲ့ဘူးလို႔ အရႈိခ်င္းကာကြယ္ေရးတပ္ – ACDF ရဲ႕ အေထြေထြအတြင္းေရးမႉး Salai Gueva က ေျပာပါတယ္။
အလင္းဝင္ဖို႔ ေျပာဆိုလာတဲ့ အဖြဲ႕အစည္းကိုက အလင္းေရာင္ရွိမေနပဲ ေတာ္လွန္ေရးရဲေဘာ္ေတြဘက္မွာသာ အလင္းေရာင္ရွိတဲ့ ဘက္ျဖစ္လို႔ အလင္းဝင္ဖို႔ကို စိတ္ကူးထဲမွာေတာင္ ရွိမေနဘူးလို႔ Salai Gueva က ေျပာပါတယ္။

” က်ေနာ္တို႔ ဝင္သြားရမဲ့ ေနရာကိုယ္တိုင္က အလင္းေရာင္ျဖစ္မေနတဲ့ အတြက္ေၾကာင့္ အလင္းဝင္ဖို႔ကို စိတ္ကူးထဲေတာင္ ရွိမေနဘူး ၊ က်ေနာ္တို႔တပ္မွာရွိတဲ့ တပ္သားေတြအားလုံး ရဲေဘာ္ေတြအားလုံး ပူးေပါင္းပါဝင္သူေတြ အားလုံးအေနနဲ႔က စိတ္ထဲမွာကို ဒီကိစၥနဲ႔ ပက္သတ္ၿပီးေတာ့ ထားမထားဘူးလို႔ ပထမအခ်က္အေနနဲ႔ ေျပာခ်င္ပါတယ္။” လို႔ သူက ေျပာပါတယ္။

စစ္ေကာင္စီဘက္ကလည္း ႏိုင္ငံေရးအရ သေဘာထားကြဲလြဲမႈ၊ တိုင္းရင္းသားအေရးအရသေဘာထားကြဲလြဲမႈမ်ားေၾကာင့္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားခဲ့ရၿပီး ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးကို ထိခိုက္ခဲ့ရပါသည္ လို႔ ထုတ္ျပန္ခ်က္မွာ ေတြ႕ရပါတယ္။

အဲ့ဒီလို ေျပာဆိုထားတဲ့ အခ်က္အေပၚမွာ တိုင္းရင္းသားအေရးနဲ႔ ပက္သက္ၿပီး အရႈိခ်င္းကာကြယ္ေရးတပ္ဖြဲ႕ က အေထြေထြအတြင္းေရးမႉးျဖစ္သူက ” တကယ္ေတာ့ တိုးတက္မႈေတြ ေႏွာင့္ေႏွးခဲ့တယ္ တိုင္းရင္းသား အေရးေတြ ဆိုတာထက္ လူကို လူလိုမျမင္တဲ့ အေျခအေနေတြ လူကိုလူလို အုပ္ခ်ဳပ္ျခင္း မခံရတာေတြ၊ သေဘာထားျခင္းမခံရတာေတြအတြက္ေၾကာင့္ တိုင္းရင္းသားမွ မဟုတ္ပါဘူး တႏိုင္ငံလုံး က်ေနာ္တို႔ ႏိုင္ငံနဲ႔ ဆက္ႏြယ္သူေတြ အားလုံး ဒုကၡအတိေရာက္တဲ့ အတြက္ေၾကာင့္မလို႔ လက္နက္ကိုင္ရတာပါျဖစ္လို႔ သူတို႔ေျပာတာကို လက္မခံႏိုင္ပါဘူး” လို႔ ေျပာပါတယ္။

စစ္ေကာင္စီဘက္က အခုလို PDF ေတြကို လက္နက္ခ်အလင္းဝင္ဖို႔ မေျပာဆိုခင္ အရင္လပိုင္း‌ကပဲ မေန႔တေန႔ကမွ ေပၚေပါက္လာတဲ့ PDF မပါဝင္ပဲ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ပဲ ၿငိမ္းခ်မ္းေရးေဆြးေႏြးမယ္ဆိုၿပီး စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္ကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးသြားခဲ့ေပမယ့္ သြားေရာက္ေဆြးေႏြးသူ အခ်ိဳ႕သာရွိခဲ့ပါတယ္။

အဲ့ဒီလို တိုင္းရင္းသားလက္နက္ကိုင္ေတြကို ေခၚေတြ႕ရတဲ့ အေၾကာင္းအရင္းနဲ႔ ‌ေႏြဦးေတာ္လွန္ေရးမွာ ေပၚေပါက္ခဲ့တဲ့ PDF ေတြကို လက္နက္ခ်အလင္းဝင္ဖို႔ ေျပာဆိုတာဟာ ကြာျခားမႈရွိတယ္လို႔ PRA မေကြးရဲ႕ စစ္ဦးစီးခ်ဳပ္ ဟာက်ဴလီက ေျပာပါတယ္။

” EAOs ေတြကို ေခၚေတြ႕တယ္ဆိုတာက သူတို႔ရဲ႕ အဖြဲ႕အစည္းတရပ္ကို ႏိုင္ငံေရးအရ သူတို႔အေပၚမွာ ေထာက္ခံမႈရွိေအာင္ ၊ သူတို႔အေနနဲ႔ နာမည္ဂုဏ္သတင္းတက္ဖို႔အတြက္ အေယာင္ေဆာင္ေပါ့ ဟန္ေဆာင္ ဖက္ဒရယ္ကိစၥ ဘာကိစၥ အေၾကာင္းျပဳၿပီးမွ ေတြ႕ဆုံေဆြး‌ေႏြးဖို႔အတြက္ လုပ္တယ္လို႔ ထင္ပါတယ္” လို႔ ဟာက်ဴလီက ေျပာပါတယ္။

PDF ေတြကိုေတာ့ အၾကမ္းဖက္ အဖြဲ႕အစည္းအျဖစ္နဲ႔ ပဲ သတ္မွတ္ထားၿပီး အဖြဲ႕အစည္းအတြင္းမွာရွိတဲ့ ရဲေဘာ္ေတြ တပ္ဖြဲ႕ဝင္ေတြ အခ်င္းခ်င္း ေသြးစည္းညီၫြတ္မႈ ပ်က္ျပားေအာင္ အင္အား ယုတ္ေလ်ာ့ေအာင္ေဆာင္႐ြက္တာျဖစ္တယ္လို႔ ‌သူက ဆက္ေျပာပါတယ္။

အခုလို ေသြးခြဲဖို႔ အင္အားယုတ္ေလ်ာ့ေအာင္လုပ္ဖို႔အတြက္ စစ္ေကာင္စီက ေတာ္လွန္ေရးတပ္ဖြဲ႕ေတြနဲ႔ NUG ၾကားျဖစ္ေနတဲ့ ပြတ္တိုက္မႈေတြ ၊ ေတာ္လွန္ေရးတပ္ဖြဲ႕ အခ်င္ခ်င္းၾကားမွာ ျဖစ္ေနတဲ့ ပဋိပကၡအခ်ိဳ႕ကို သိထားတာေၾကာင့္အခ်ိန္ေကာင္းကို ေစာင့္ၿပီး အခုလိုေျပာဆိုလာတာျဖစ္ႏိုင္တယ္လို႔ ACDF က မွတ္ခ်က္ျပဳထားပါတယ္။

” သေဘာထားကြဲလြဲၾကတာေတာ့ ရွိပါတယ္ နယ္ပယ္တိုင္း၊ အဲ့လိုမ်ိဳးေတြ ရွိတယ္ဆိုေတာ့ ဒီအေပၚေတြမွာ ေတာ္လွန္ေရးတပ္ဖြဲ႕ေတြ အခ်င္းခ်င္း အနည္းငယ္ေသြးကြဲလာၿပီဆိုတဲ့ အခ်ိန္မွာ သူတို႔ဘက္ကေနၿပီးေတာ့ လာေရာက္အလင္းဝင္လို႔ရွိရင္၊ ခိုလုံရင္ တပ္သားေတြအေနနဲ႔ စိတ္ညစ္ရတဲ့ သူေတြရွိမယ္ ေတာ္လွန္ေရးကို စိတ္ကုန္ေနတဲ့ သူေတြ စိတ္နာေနတဲ့ သူေတြ အေနနဲ႔ အလင္းဝင္လာလို႔ရွိရင္ေတာ့ သူတို႔ရဲ႕ စိတ္နာက်ည္းမႈေတြ သက္သာမယ္ တကယ္လည္း လြတ္ေျမာက္ေအးခ်မ္းသြားမယ္လို႔ ယူဆေစခ်င္တဲ့ အတြက္ ဒီအကြက္ကို သုံးၿပီးေတာ့ ဒီဘက္ကေန အနည္းငယ္ ေသြးကြဲမႈေတြ သေဘာထားကြဲလြဲမႈေတြ အနည္းငယ္ေလးပဲ ရွိတယ္ဆိုတဲ့ အခ်က္ကို ၾကည့္ၿပီးေတာ့မွ ဒီဗ်ဴဟာကို သုံးလိုက္တယ္ လို႔ ထင္ပါတယ္” လို႔ ACDF အေထြေထြအတြင္းေရး မႉး Salai Gueva က ေျပာပါတယ္။

ပဲခူးတိုင္း PDF ေတာင္ငူခ႐ိုင္တပ္ရင္း ၃၅၀၁ က တာဝန္ရွိသူကေတာ့ အခုလို စစ္ေကာင္စီက ေျပာဆိုလာတာဟာ စစ္ေကာင္စီရဲ႕ ယိမ္းယိုင္လာတဲ့ ျပယုဒ္ တခုလို႔ပဲ ျမင္မိတယ္လို႔ မွတ္ခ်က္ျပဳထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလကတည္းက စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း အၾကမ္းမဖက္အာဏာဖီဆန္ေရးလႈပ္ရွားမႈေတြကစၿပီး ေတာ္လွန္လာခဲ့ရင္းက လက္နက္ကိုင္တိုက္ပြဲဝင္ခဲ့တဲ့ အခုအခ်ိန္အထိ တိုးတက္လာခဲ့တဲ့

ေတာ္လွန္ေရးရဲ႕ ေရခ်ိန္ဟာ အခုလို စစ္ေကာင္စီက အလင္းဝင္ဖို႔ ဖိတ္ေခၚလာရတဲ့ အေျခအေနအထိ ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။တ‌ေ႐ြ႕ေ႐ြ႕နဲ႔ ေလွ်ာက္လာခဲ့တဲ့ ေတာ္လွန္ေရးကို ေနာက္ျပန္လွည့္ၾကည့္ရင္ ေလွ်ာက္လာခဲ့တဲ့ ေျခရာေတြ မနည္းမေနာ ေတြ႕ရမွာျခင္းအားျဖင့္ ခရီးေရာက္ေနၿပီျဖစ္သလို ေအာင္ျမင္မႈအခ်ိဳ႕ကိုလည္း ရသင့္သေလာက္ရေနခဲ့ၿပီးျဖစ္လို႔ ေတာ္လွန္ေရးရဲ႕ အလားအလာကိုလည္း အားလုံးသိေနၿပီးျဖစ္တယ္လို႔ စစ္ဦးစီးခ်ဳပ္ ဟာက်ဴလီက ဆိုပါတယ္။

” အဲ့ေတာ့ လက္တေလာဒုကၡေတြ လက္တေလာ စိတ္ပ်က္မႈေတြ အားငယ္မႈေတြကို က်ေနာတို႔က ၿမိဳသိပ္ၿပီးေတာ့မွ ေျဖသိမ့္ၿပီးေတာ့မွ က်ေနာတို႔ ေရွ႕ဆက္ခ်ီတက္ႏိုင္ဖို႔ အဆုံးထိ ပန္းတိုင္ထိသြားႏိုင္ဖို႔ ဖက္ဒရယ္ဒီမိုကေရစီ တည္ေဆာက္တဲ့ အေနအထားထိ သြားႏိုင္ဖို႔ အတြက္ အင္တိုက္အားတိုက္နဲ႔ က်ေနာ္တို႔ သြားဖို႔လိုတယ္၊ ေရပက္မဝင္တဲ့ စည္းလုံးညီၫြတ္မႈမ်ိဳး က်ေနာတတို႔ ျဖစ္ဖို႔လိုတယ္”

#ေျမလတ္အသံ

လက်နက်ချအလင်းဝင်ဖို့ ပြောဆိုလာတဲ့ စစ်ကောင်စီကို PDF တွေ ဘယ်လိုတုံ့ပြန်ထားလဲ

မြေလတ်အသံ၊ ဇွန်၁၂၊ ၂၀၂၂။

စစ်ကောင်စီက PDF တွေကို လက်နက်ချအလင်းဝင်ရင် လက်ခံမယ်လို့ ပြောဆိုလိုက်တဲ့ အ‌ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်အချို့က တုံ့ပြန်မှုတွေရှိခဲ့ပါတယ်။

တော်လှန်ရေးကာလ တနှစ်ကျော်ကြာလာတဲ့ ကာလအတိုင်းအတာမှာ PDF ရဲဘော်တွေရဲ့ ပင်ပန်းဆင်းရဲမှုဒဏ်တွေ၊ အိမ်ကိုလွမ်းနေတဲ့ဒဏ်တွေအပြင် ပြည်သူလူထုရဲ့ထောက်ပံ့မှုတွေ အရင်ကထက် အားလျော့လာတဲ့ အချိန်မှာ စစ်ကောင်စီက တော်လှန်ရေးအာပျော့သွားအောင် သပ်လျိုသွေးခွဲနေတာဖြစ်တယ်လို့ PRA မကွေး စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

” ဒါပေမယ့် စစ်ကောင်စီအုပ်စုက မသိတဲ့ ကိစ္စက သူတို့က လှုပ်ရှားမှု တခုခုပြလိုက်တိုင်း၊ ပြည်သူလူထုက စည်းလုံးသွားတယ်၊ ပိုပြီးညီညွတ်သွားတယ်၊ အရင်ကျဆင်းနေတဲ့ စိတ်ဓါတ်တွေတောင် ပြန်ပြီးတက်လာတယ်ပေါ့နော်၊ ဒီအနေထားကို သူတို့တွေ မသုံးသပ်မိကြဘူး” လို့ ပြောပါတယ်။

ပဲခူးတိုင်းအတွင်း လှုပ်ရှားနေတဲ့ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ အနေနဲ့ လည်း ပြည်သူလူထုကို ကိုယ်စားပြုထားတဲ့ အဖွဲ့တခုဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးလို့ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

” စစ်ကောင်စီလိုမျိုး ပြည်သူကို လက်နက်အားကိုးနဲ့ ရိုင်းစိုင်းယုတ်မာနေတဲ့အဖွဲ့အစည်းမျိုးက လက်နက်ချအလင်းဝင်းပူးပေါင်းပါဝင်ပါဆိုတဲ့ စကားမျိုးကို ဘယ်လိုအကြောင်းကြောင်းကြောင့်မှ လက်သင့်ခံမှာမဟုတ်ကြောင်း ပြတ်ပြတ်သားသားငြင်းဆိုတာပါ”လို့ ပြောပါတယ်။

ဒါ့အပြင် PDF တွေဘက်က စစ်ကောင်စီရဲ့တပ်သားတွေကို အရှင်ဖမ်းမိတဲ့အခါ NUG ရဲ့ ကာကွယ်‌ရေးဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့ အညီ ထိန်းသိမ်းပြီး ပြန်လွှတ်ပေးတာမျိုး‌တွေ လုပ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က PDF ရဲဘော်တွေကို နှိပ်စက်ပြီး ‌စစ်ဆေးမေးမြန်းတာတွေလုပ်တဲ့အပြင် နောက်ဆုံးသတ်ဖြတ်တဲ့အဆင့်အထိ လုပ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ကို စစ်ကျွန်ဘဝနဲ့ ပြန်ဝင်ပြီး အရိုးထုတ်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါသေးတယ်။

မကွေးတိုင်းအတွင်းမှာ အရှိုချင်းလူမျိုး ကိုယ်စားပြုပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ PDF တပ်ဖွဲ့တခုဖြစ်တဲ့ ACDF အနေနဲ့ ကလည်း စပြီးတော်လှန်ကတည်းက အလင်းဝင်ဖို့ လက်နက်ချဖို့ကို စဉ်းစားဖို့ နေရာမရှိခဲ့ဘူးလို့ အရှိုချင်းကာကွယ်ရေးတပ် – ACDF ရဲ့ အထွေထွေအတွင်းရေးမှူး Salai Gueva က ပြောပါတယ်။
အလင်းဝင်ဖို့ ပြောဆိုလာတဲ့ အဖွဲ့အစည်းကိုက အလင်းရောင်ရှိမနေပဲ တော်လှန်ရေးရဲဘော်တွေဘက်မှာသာ အလင်းရောင်ရှိတဲ့ ဘက်ဖြစ်လို့ အလင်းဝင်ဖို့ကို စိတ်ကူးထဲမှာတောင် ရှိမနေဘူးလို့ Salai Gueva က ပြောပါတယ်။

” ကျနော်တို့ ဝင်သွားရမဲ့ နေရာကိုယ်တိုင်က အလင်းရောင်ဖြစ်မနေတဲ့ အတွက်ကြောင့် အလင်းဝင်ဖို့ကို စိတ်ကူးထဲတောင် ရှိမနေဘူး ၊ ကျနော်တို့တပ်မှာရှိတဲ့ တပ်သားတွေအားလုံး ရဲဘော်တွေအားလုံး ပူးပေါင်းပါဝင်သူတွေ အားလုံးအနေနဲ့က စိတ်ထဲမှာကို ဒီကိစ္စနဲ့ ပက်သတ်ပြီးတော့ ထားမထားဘူးလို့ ပထမအချက်အနေနဲ့ ပြောချင်ပါတယ်။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရသဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည် လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

အဲ့ဒီလို ပြောဆိုထားတဲ့ အချက်အပေါ်မှာ တိုင်းရင်းသားအရေးနဲ့ ပက်သက်ပြီး အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ က အထွေထွေအတွင်းရေးမှူးဖြစ်သူက ” တကယ်တော့ တိုးတက်မှုတွေ နှောင့်နှေးခဲ့တယ် တိုင်းရင်းသား အရေးတွေ ဆိုတာထက် လူကို လူလိုမမြင်တဲ့ အခြေအနေတွေ လူကိုလူလို အုပ်ချုပ်ခြင်း မခံရတာတွေ၊ သဘောထားခြင်းမခံရတာတွေအတွက်ကြောင့် တိုင်းရင်းသားမှ မဟုတ်ပါဘူး တနိုင်ငံလုံး ကျနော်တို့ နိုင်ငံနဲ့ ဆက်နွယ်သူတွေ အားလုံး ဒုက္ခအတိရောက်တဲ့ အတွက်ကြောင့်မလို့ လက်နက်ကိုင်ရတာပါဖြစ်လို့ သူတို့ပြောတာကို လက်မခံနိုင်ပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က အခုလို PDF တွေကို လက်နက်ချအလင်းဝင်ဖို့ မပြောဆိုခင် အရင်လပိုင်း‌ကပဲ မနေ့တနေ့ကမှ ပေါ်ပေါက်လာတဲ့ PDF မပါဝင်ပဲ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပဲ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်တွေ့ဆုံဆွေးနွေးသွားခဲ့ပေမယ့် သွားရောက်ဆွေးနွေးသူ အချို့သာရှိခဲ့ပါတယ်။

အဲ့ဒီလို တိုင်းရင်းသားလက်နက်ကိုင်တွေကို ခေါ်တွေ့ရတဲ့ အကြောင်းအရင်းနဲ့ ‌နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်ခဲ့တဲ့ PDF တွေကို လက်နက်ချအလင်းဝင်ဖို့ ပြောဆိုတာဟာ ကွာခြားမှုရှိတယ်လို့ PRA မကွေးရဲ့ စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

” EAOs တွေကို ခေါ်တွေ့တယ်ဆိုတာက သူတို့ရဲ့ အဖွဲ့အစည်းတရပ်ကို နိုင်ငံရေးအရ သူတို့အပေါ်မှာ ထောက်ခံမှုရှိအောင် ၊ သူတို့အနေနဲ့ နာမည်ဂုဏ်သတင်းတက်ဖို့အတွက် အယောင်ဆောင်ပေါ့ ဟန်ဆောင် ဖက်ဒရယ်ကိစ္စ ဘာကိစ္စ အကြောင်းပြုပြီးမှ တွေ့ဆုံဆွေး‌နွေးဖို့အတွက် လုပ်တယ်လို့ ထင်ပါတယ်” လို့ ဟာကျူလီက ပြောပါတယ်။

PDF တွေကိုတော့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်နဲ့ ပဲ သတ်မှတ်ထားပြီး အဖွဲ့အစည်းအတွင်းမှာရှိတဲ့ ရဲဘော်တွေ တပ်ဖွဲ့ဝင်တွေ အချင်းချင်း သွေးစည်းညီညွတ်မှု ပျက်ပြားအောင် အင်အား ယုတ်လျော့အောင်ဆောင်ရွက်တာဖြစ်တယ်လို့ ‌သူက ဆက်ပြောပါတယ်။

အခုလို သွေးခွဲဖို့ အင်အားယုတ်လျော့အောင်လုပ်ဖို့အတွက် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ NUG ကြားဖြစ်နေတဲ့ ပွတ်တိုက်မှုတွေ ၊ တော်လှန်ရေးတပ်ဖွဲ့ အချင်ချင်းကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခအချို့ကို သိထားတာကြောင့်အချိန်ကောင်းကို စောင့်ပြီး အခုလိုပြောဆိုလာတာဖြစ်နိုင်တယ်လို့ ACDF က မှတ်ချက်ပြုထားပါတယ်။

” သဘောထားကွဲလွဲကြတာတော့ ရှိပါတယ် နယ်ပယ်တိုင်း၊ အဲ့လိုမျိုးတွေ ရှိတယ်ဆိုတော့ ဒီအပေါ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်း အနည်းငယ်သွေးကွဲလာပြီဆိုတဲ့ အချိန်မှာ သူတို့ဘက်ကနေပြီးတော့ လာရောက်အလင်းဝင်လို့ရှိရင်၊ ခိုလုံရင် တပ်သားတွေအနေနဲ့ စိတ်ညစ်ရတဲ့ သူတွေရှိမယ် တော်လှန်ရေးကို စိတ်ကုန်နေတဲ့ သူတွေ စိတ်နာနေတဲ့ သူတွေ အနေနဲ့ အလင်းဝင်လာလို့ရှိရင်တော့ သူတို့ရဲ့ စိတ်နာကျည်းမှုတွေ သက်သာမယ် တကယ်လည်း လွတ်မြောက်အေးချမ်းသွားမယ်လို့ ယူဆစေချင်တဲ့ အတွက် ဒီအကွက်ကို သုံးပြီးတော့ ဒီဘက်ကနေ အနည်းငယ် သွေးကွဲမှုတွေ သဘောထားကွဲလွဲမှုတွေ အနည်းငယ်လေးပဲ ရှိတယ်ဆိုတဲ့ အချက်ကို ကြည့်ပြီးတော့မှ ဒီဗျူဟာကို သုံးလိုက်တယ် လို့ ထင်ပါတယ်” လို့ ACDF အထွေထွေအတွင်းရေး မှူး Salai Gueva က ပြောပါတယ်။

ပဲခူးတိုင်း PDF တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ က တာဝန်ရှိသူကတော့ အခုလို စစ်ကောင်စီက ပြောဆိုလာတာဟာ စစ်ကောင်စီရဲ့ ယိမ်းယိုင်လာတဲ့ ပြယုဒ် တခုလို့ပဲ မြင်မိတယ်လို့ မှတ်ချက်ပြုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကစပြီး တော်လှန်လာခဲ့ရင်းက လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ အခုအချိန်အထိ တိုးတက်လာခဲ့တဲ့

တော်လှန်ရေးရဲ့ ရေချိန်ဟာ အခုလို စစ်ကောင်စီက အလင်းဝင်ဖို့ ဖိတ်ခေါ်လာရတဲ့ အခြေအနေအထိ ရောက်လာခဲ့ပြီဖြစ်ပါတယ်။တ‌ရွေ့ရွေ့နဲ့ လျှောက်လာခဲ့တဲ့ တော်လှန်ရေးကို နောက်ပြန်လှည့်ကြည့်ရင် လျှောက်လာခဲ့တဲ့ ခြေရာတွေ မနည်းမနော တွေ့ရမှာခြင်းအားဖြင့် ခရီးရောက်နေပြီဖြစ်သလို အောင်မြင်မှုအချို့ကိုလည်း ရသင့်သလောက်ရနေခဲ့ပြီးဖြစ်လို့ တော်လှန်ရေးရဲ့ အလားအလာကိုလည်း အားလုံးသိနေပြီးဖြစ်တယ်လို့ စစ်ဦးစီးချုပ် ဟာကျူလီက ဆိုပါတယ်။

” အဲ့တော့ လက်တလောဒုက္ခတွေ လက်တလော စိတ်ပျက်မှုတွေ အားငယ်မှုတွေကို ကျနောတို့က မြိုသိပ်ပြီးတော့မှ ဖြေသိမ့်ပြီးတော့မှ ကျနောတို့ ရှေ့ဆက်ချီတက်နိုင်ဖို့ အဆုံးထိ ပန်းတိုင်ထိသွားနိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်တဲ့ အနေအထားထိ သွားနိုင်ဖို့ အတွက် အင်တိုက်အားတိုက်နဲ့ ကျနော်တို့ သွားဖို့လိုတယ်၊ ရေပက်မဝင်တဲ့ စည်းလုံးညီညွတ်မှုမျိုး ကျနောတတို့ ဖြစ်ဖို့လိုတယ်”

#မြေလတ်အသံ