Local News

PDF ေတြကို အျပတ္ႏွိမ္နင္းမယ္ ဘာညာ ႀကိမ္းဝါးေနတဲ့ လက္ပံတန္း အုပ္ႀကီး စမံုတုံုး

PDF မ်ားအား သ-တ္ပစ္မည္ဟု ႀကဳံးဝါးထားသည့္ လက္ပံတန္း အုပ္ႀကီး PDF က ေသနတ္ျဖင့္ပစ္၍ ေသဆုံး

ေမဘယ္လ္သူ

ပဲခူးတိုင္း(အေနာက္ျခမ္း)၊ သာယာဝတီခ႐ိုင္၊ လက္ပံတန္းၿမိဳ႕နယ္၊ ကြၽန္းကေလးေက်း႐ြာအုပ္စုမွ အုပ္ခ်ဳပ္ေရးမႉးသည္ ဇြန္လ ၁၁ ရက္ မနက္ ၁၀ နာရီခြဲခန႔္က ေသနတ္ျဖင့္ ပစ္ခံရ၍ ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေသနတ္ျဖင့္ ပစ္ခံရ၍ ေသဆုံးသြားသူသည္ စစ္ေကာင္စီခန္႔ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေ႐ႊဆိုသူျဖစ္ၿပီး ကြၽန္းကေလးတာဆုံအနီး ျပည္လမ္းမေပၚမွာ ေသနတ္ျဖင့္ ပစ္ခံရေၾကာင္း သိရသည္။

“ေသနတ္နဲ႔အပစ္ခံရတာေတာ့ ႏွစ္ေယာက္လုံးပဲ။ ဦးျမင့္ေ႐ႊက ႏွစ္ခ်က္ထိၿပီး ေနရာတင္ ဆုံးသြားတာ။ ဦးျမင့္ေ႐ႊက သူမေသခင္PDF ေတြကို သူ႔လက္နဲ႔သတ္ျပမယ္ဆိုၿပီး ႀကဳံးဝါးထားတာ။ ေက်ာင္းသားေခါင္းေဆာင္ေတြကို ဖမ္းခိုင္းတာေရာ။ ေနအိမ္ခ်ိပ္ပိတ္ဖို႔ လိုက္ျပတာေတြေရာ သူဦးေဆာင္တာ” ဟု ေဒသခံတစ္ဦးက မဇၩိမကိုေျပာသည္။

ဦးျမင့္ေ႐ႊႏွင့္ အတူ ဆိုင္ကယ္ျဖင့္ လိုက္ပို႔သည့္ သူ႔တပည့္ဆိုသူလည္း ပစ္ခတ္ခံခဲ့ရေပမယ့္ တပည့္ျဖစ္သူက မေသဘဲ လက္ပံတန္းေဆး႐ုံမွာ ကုသေနသည္ဟု သိရသည္။

“ဦးျမင့္ေ႐ႊက အရင္က တပ္က အရာခံဗိုလ္နဲ႔ထြက္ထားတာ။ တပ္အၿငိမ္းစားကေန အုပ္ႀကီးလုပ္ၿပီး အခုလည္း ပ်ဴေစာထီးေခါင္းေဆာင္လုပ္ေနတာ။ ရဲနဲ႔တပ္ကိုလည္း ပိုင္တယ္။ အႀကီးစားဒလန္ပါ။ ေတာ္လွန္ေရးရဲေဘာ္ေတြကို ဖမ္းဆီးတာတင္မဟုတ္ဘူး သူ႔ေၾကာင့္ ၿမိဳ႕ခံျပည္သူလည္းေကာင္းေကာင္း မေနရဘူး။ ဟိုသတင္းေပး ၊ ဒီသတင္းေပးနဲ႔” ဟု ေဒသခံတစ္ဦးက ဆိုသည္။

အဆိုပါ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေ႐ႊႏွင့္တပည့္အား သာယာဝတီခ႐ိုင္ တပ္ရင္း(၃၈၀၂)၊ တပ္ခြဲ(၄) ေ႐ႊတန္းေျမ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ပစ္ခတ္ရွင္းလင္းခဲ့တာျဖစ္သည္ဟု သိရသည္။

#mizzima

PDF များအား သ-တ်ပစ်မည်ဟု ကြုံးဝါးထားသည့် လက်ပံတန်း အုပ်ကြီး PDF က သေနတ်ဖြင့်ပစ်၍ သေဆုံး

မေဘယ်လ်သူ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးသည် ဇွန်လ ၁၁ ရက် မနက် ၁၀ နာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားသူသည် စစ်ကောင်စီခန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေဆိုသူဖြစ်ပြီး ကျွန်းကလေးတာဆုံအနီး ပြည်လမ်းမပေါ်မှာ သေနတ်ဖြင့် ပစ်ခံရကြောင်း သိရသည်။

“သေနတ်နဲ့အပစ်ခံရတာတော့ နှစ်ယောက်လုံးပဲ။ ဦးမြင့်ရွှေက နှစ်ချက်ထိပြီး နေရာတင် ဆုံးသွားတာ။ ဦးမြင့်ရွှေက သူမသေခင်PDF တွေကို သူ့လက်နဲ့သတ်ပြမယ်ဆိုပြီး ကြုံးဝါးထားတာ။ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းခိုင်းတာရော။ နေအိမ်ချိပ်ပိတ်ဖို့ လိုက်ပြတာတွေရော သူဦးဆောင်တာ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဦးမြင့်ရွှေနှင့် အတူ ဆိုင်ကယ်ဖြင့် လိုက်ပို့သည့် သူ့တပည့်ဆိုသူလည်း ပစ်ခတ်ခံခဲ့ရပေမယ့် တပည့်ဖြစ်သူက မသေဘဲ လက်ပံတန်းဆေးရုံမှာ ကုသနေသည်ဟု သိရသည်။

“ဦးမြင့်ရွှေက အရင်က တပ်က အရာခံဗိုလ်နဲ့ထွက်ထားတာ။ တပ်အငြိမ်းစားကနေ အုပ်ကြီးလုပ်ပြီး အခုလည်း ပျူစောထီးခေါင်းဆောင်လုပ်နေတာ။ ရဲနဲ့တပ်ကိုလည်း ပိုင်တယ်။ အကြီးစားဒလန်ပါ။ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးတာတင်မဟုတ်ဘူး သူ့ကြောင့် မြို့ခံပြည်သူလည်းကောင်းကောင်း မနေရဘူး။ ဟိုသတင်းပေး ၊ ဒီသတင်းပေးနဲ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေနှင့်တပည့်အား သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၄) ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်သည်ဟု သိရသည်။

#mizzima