Local News

အလွျပင္ဆိုင္ရွင္နဲ႔ ဆိုင္အကူေတြကို ေသနတ္ပစ္ေဖာက္ၿပီး ဖမ္းဆီးသြား

အလွျပင္ဆိုင္ရွင္နဲ႔ ဆိုင္အကူေတြကို ေသနတ္ပစ္ေဖာက္ၿပီး ဖမ္းဆီးသြား

ဇြန္ ၊ ၁၂-၂၀၂၂

SP (VOM)

စစ္ကိုင္းတိုင္း ၊ ေ႐ႊဘိုၿမိဳ႕ ၊ အမွတ္ ၃ ရပ္ကြက္၊ အိႏၵာရပ္က အလွျပင္ဆိုင္ကို မေန႔ ဇြန္ ၁၁ ရက္ ည၁၁ နာရီ ဝန္းက်င္အခ်ိန္က ေသနတ္ပစ္ေဖာက္ၿပီး အလွျပင္ဆိုင္ရွင္နဲ႔ ဆိုင္အကူ ၂ ေယာက္ကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ အဲ့ဒီရပ္ကြက္ေနထိုင္သူေတြဆီက သိရပါတယ္။

” ညက ေသနတ္ပစ္ေဖာက္သံေတာ့ၾကားလိုက္ရတယ္ ၊ ဒီမနက္က်မွ သိရတာက ေအးမြန္သူ အလွျပင္ဆိုင္မွာျဖစ္တာတဲ့ ၊ အဲ့ဒီဆိုင္က ဆိုင္ရွင္ေရာ ဆိုင္အကူလူေတြပါ ဖမ္းသြားတာ “လို႔ အမွတ္ ၃ ရပ္ကြက္ေန ေဒသခံတဦးက ေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ ေအးမြန္သူ အလွျပင္ဆိုင္ရဲ႕ ေဆြမ်ိဳးသားခ်င္းတေယာက္ က ” ညက ဖမ္းသြားတာ ဒီကေန႔ ညေနပိုင္းအထိေတာ့ အဆက္အသြယ္မရဘူး ၊ ဘယ္မွာ ခ်ဳပ္ေႏွာင္ စစ္ေဆးေနတယ္ဆိုတာ မသိရေတာ့ စိတ္ပူတယ္ “လို႔ ေျပာပါတယ္။

အဲ့ဒီ အေၾကာင္းနဲ႔ပတ္သက္ၿပီး ေ႐ႊဘိုၿမိဳ႕နယ္ ရဲတပ္ဖြဲ႕႐ုံးနဲ႔ နီးစပ္သူတဦးက ” အဲ့ဒီ အလွျပင္ဆိုင္ေနရာက ရဲစခန္းနဲ႔နီးတယ္ ၊ စခန္း အဝင္အထြက္ အေျခအေနေတြကို ေစာင့္ၾကည့္ၿပီး သတင္းျဖန္႔ေနတာေၾကာင့္ ျဖစ္တယ္ ” လို႔ ေျပာပါတယ္။

အဲ့ဒီအလွျပင္ဆိုင္ကို လာဖမ္းတဲ့အခါ တံခါးဖြင့္မေပးတာေၾကာင့္ ေသနတ္နဲ႔ ပစ္ေဖာက္တယ္ ၊အိမ္ျပတင္းတံခါးက မွန္ေတြကြဲသြားတယ္ ၊ ေနာက္ၿပီး အဲ့ဒီက မေဆြေဆြဦး ၊ မေအးေအးခိုင္ အပါအဝင္ ဆိုင္အကူ အမ်ိဳးသမီး ဝန္ထမ္း ၂ ေယာက္ပါ ဖမ္းေခၚသြားတာလို႔ ေ႐ႊဘိုၿမိဳ႕ေဒသခံေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

ရွှေဘိုမြို့ပေါ်က အလှပြင်ဆိုင်ရှင်နဲ့ ဆိုင်အကူတွေကို သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးသွား

ဇွန် ၊ ၁၂-၂၀၂၂

SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ အမှတ် ၃ ရပ်ကွက်၊ အိန္ဒာရပ်က အလှပြင်ဆိုင်ကို မနေ့ ဇွန် ၁၁ ရက် ည၁၁ နာရီ ဝန်းကျင်အချိန်က သေနတ်ပစ်ဖောက်ပြီး အလှပြင်ဆိုင်ရှင်နဲ့ ဆိုင်အကူ ၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲ့ဒီရပ်ကွက်နေထိုင်သူတွေဆီက သိရပါတယ်။

” ညက သေနတ်ပစ်ဖောက်သံတော့ကြားလိုက်ရတယ် ၊ ဒီမနက်ကျမှ သိရတာက အေးမွန်သူ အလှပြင်ဆိုင်မှာဖြစ်တာတဲ့ ၊ အဲ့ဒီဆိုင်က ဆိုင်ရှင်ရော ဆိုင်အကူလူတွေပါ ဖမ်းသွားတာ “လို့ အမှတ် ၃ ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အေးမွန်သူ အလှပြင်ဆိုင်ရဲ့ ဆွေမျိုးသားချင်းတယောက် က ” ညက ဖမ်းသွားတာ ဒီကနေ့ ညနေပိုင်းအထိတော့ အဆက်အသွယ်မရဘူး ၊ ဘယ်မှာ ချုပ်နှောင် စစ်ဆေးနေတယ်ဆိုတာ မသိရတော့ စိတ်ပူတယ် “လို့ ပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ပတ်သက်ပြီး ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ” အဲ့ဒီ အလှပြင်ဆိုင်နေရာက ရဲစခန်းနဲ့နီးတယ် ၊ စခန်း အဝင်အထွက် အခြေအနေတွေကို စောင့်ကြည့်ပြီး သတင်းဖြန့်နေတာကြောင့် ဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီအလှပြင်ဆိုင်ကို လာဖမ်းတဲ့အခါ တံခါးဖွင့်မပေးတာကြောင့် သေနတ်နဲ့ ပစ်ဖောက်တယ် ၊အိမ်ပြတင်းတံခါးက မှန်တွေကွဲသွားတယ် ၊ နောက်ပြီး အဲ့ဒီက မဆွေဆွေဦး ၊ မအေးအေးခိုင် အပါအဝင် ဆိုင်အကူ အမျိုးသမီး ဝန်ထမ်း ၂ ယောက်ပါ ဖမ်းခေါ်သွားတာလို့ ရွှေဘိုမြို့ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။