Local News

လာကုန္ပီေနာ္ ဒ့ါေတာင္ လက္လုပ္ေတြမို႔ အစစ္‌ေတြသာဆို

ယင္းမာပင္ၿမိဳ႕နယ္ ဘန႔္ေဘြး႐ြာမတြင္ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ကို ေဒသကာကြယ္ေရး ပူးေပါင္းတပ္မ်ား ၆၀မမ ျဖင့္ ပစ္ခတ္တိုက္ခိုက္

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္ ဘန႔္ေဘြး႐ြာမေက်း႐ြာတြင္ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ကို ေဒသကာကြယ္ေရး ပူးေပါင္းတပ္မ်ားက ၆၀မမ ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။

ေဒသခံကာကြယ္ေရး ပူးေပါင္းအဖြဲ႕ ၄၀ ခန႔္သည္ ပ်ဴေစာထီး အပါအဝင္ စစ္ေကာင္စီ အင္အား ၁၀၀ နီးပါး ပါဝင္သည့္ စစ္ေကာင္စီတပ္ကို ယမန႔္ေန႔ ဇြန္လ ၁၁ ရက္ေန႔ ညေန ၇ နာရီခန႔္က ၆၀ မမ လက္နက္ႀကီး အလက္ ၄၀ နီးပါးျဖင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

“ ၆၀ မမ နဲ႔ပစ္တာပါ။ လက္နက္က ၃၈ လက္ေလာက္ရွိမယ္။ အဖြဲ႕က ယင္းမာပင္ ေျမာက္ျခမ္း ေတာင္ျခမ္း စုစုေပါင္း အဖြဲ႕ ၄၀ ပါ။ တိုက္ပြဲက ၂၅ မိနစ္ပဲၾကာပါတယ္။ ႐ြာေတာင္ပိုင္း ၊ အေနာက္ဘက္ ၊ ႐ြာေျမာက္ပိုင္းတို႔ကေန႔ ဝန္းရံတိုက္ခိုက္ခဲ့တာပါ။

အျပန္အလွန္ပစ္ခတ္မႈေတြလည္းရွိပါတယ္” ဟု ယင္းမာပင္ၿမိဳ႕နယ္အေျခစိုက္ ျပည္သူ႔ ကာကြယ္ေရးတပ္ (TTPDF) ဗိုလ္ထြန္းေတာက္၏ ညာလက္႐ုံးက ေျပာသည္။

ဘန႔္ေဘြး႐ြာမေက်း႐ြာတြင္ သုံးလေက်ာ္ၾကာ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ကို တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး စစ္ေကာင္စီ ထိခိုက္ေသဆုံးမႈ အေျခအေနႏွင့္ ပတ္သက္၍ အေသးစိတ္အေျခအေနကိုမူ သိရွိရျခင္းမရွိေပ။

“ဘန႔္ေဘြး႐ြာမ က ပ်ဴေစာထီး ၁၀ေယာက္ ပဲရွိတာပါ။ သူတို႔ေၾကာင့္ ဘန႔္ေဘြး႐ြာမ က ပ်ဴေစာထီး႐ြာဆိုၿပီး အထင္မွားေနၾကတယ္။ တစ္႐ြာလုံးလည္း ဒုကၡေရာက္ၿပီး ထြက္ေျပး ေနရတယ္။

ဘန႔္ေဘြး႐ြာမက ႐ြာခံေတြလည္းအတူတူ ပါဝင္တိုက္ခိုက္ခဲ့ပါတယ္။ ထြက္ေျပးေနရတဲ့ ေက်း႐ြာေတြက ေဒသခံေတြကိုလည္း ကြၽန္ေတာ္တို႔ တတ္ႏိုင္တဲ့ ဘက္က စားေသာက္ကုန္ေတြေထာက္ပံ့ေပးထားပါတယ္” ဟု ဗိုလ္ထြန္းေတာက္၏ ညာလက္႐ုံးက ဆိုသည္။

Mizzima

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ ၆၀မမ ဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ၆၀မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့ ၄၀ ခန့်သည် ပျူစောထီး အပါအဝင် စစ်ကောင်စီ အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်ကောင်စီတပ်ကို ယမန့်နေ့ ဇွန်လ ၁၁ ရက်နေ့ ညနေ ၇ နာရီခန့်က ၆၀ မမ လက်နက်ကြီး အလက် ၄၀ နီးပါးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ၆၀ မမ နဲ့ပစ်တာပါ။ လက်နက်က ၃၈ လက်လောက်ရှိမယ်။ အဖွဲ့က ယင်းမာပင် မြောက်ခြမ်း တောင်ခြမ်း စုစုပေါင်း အဖွဲ့ ၄၀ ပါ။ တိုက်ပွဲက ၂၅ မိနစ်ပဲကြာပါတယ်။ ရွာတောင်ပိုင်း ၊ အနောက်ဘက် ၊ ရွာမြောက်ပိုင်းတို့ကနေ့ ဝန်းရံတိုက်ခိုက်ခဲ့တာပါ။

အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိပါတယ်” ဟု ယင်းမာပင်မြို့နယ်အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ် (TTPDF) ဗိုလ်ထွန်းတောက်၏ ညာလက်ရုံးက ပြောသည်။

ဘန့်ဘွေးရွာမကျေးရွာတွင် သုံးလကျော်ကြာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကိုမူ သိရှိရခြင်းမရှိပေ။

“ဘန့်ဘွေးရွာမ က ပျူစောထီး ၁၀ယောက် ပဲရှိတာပါ။ သူတို့ကြောင့် ဘန့်ဘွေးရွာမ က ပျူစောထီးရွာဆိုပြီး အထင်မှားနေကြတယ်။ တစ်ရွာလုံးလည်း ဒုက္ခရောက်ပြီး ထွက်ပြေး နေရတယ်။

ဘန့်ဘွေးရွာမက ရွာခံတွေလည်းအတူတူ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ထွက်ပြေးနေရတဲ့ ကျေးရွာတွေက ဒေသခံတွေကိုလည်း ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်က စားသောက်ကုန်တွေထောက်ပံ့ပေးထားပါတယ်” ဟု ဗိုလ်ထွန်းတောက်၏ ညာလက်ရုံးက ဆိုသည်။

Mizzima