Local News

နယ္ေျမရဲစခန္းကို PDF ပူးေပါင္းတပ္မ်ားက ဝင္တိုက္ခိုက္ရာ စစ္တပ္ အထိနာေနသျဖင့္ စစ္ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္

ဝက္လက္ၿမိဳ႕နယ္၊ ရွိန္းမကား နယ္ေျမရဲစခန္းကို PDF ပူးေပါင္းတပ္မ်ားက ဝင္တိုက္ခိုက္ရာ စစ္တပ္ အထိနာေနသျဖင့္ စစ္ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္

ရန္ကုန္၊ ဇြန္ ၁၂

စစ္ကိုင္းတိုင္း၊ဝက္လက္ၿမိဳ႕ ဝက္လက္ၿမိဳ႕နယ္၊ ရွိန္းမကား နယ္ေျမရဲစခန္းကို PDF ပူးေပါင္းတပ္မ်ားက ယေန႔ ညေနပိုင္း ဝင္တိုက္ခိုက္ရာ စစ္တပ္ အထိနာေနသျဖင့္ စစ္ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္ ခဲ့ေၾကာင္း ေဒသခံျပည္သူမ်ားက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။

ရွိန္းမကားနယ္ေျမရဲစခန္းကို ဝင္ေရာက္တိုက္ခိုက္သျဖင့္ အၾကမ္းဖက္ စစ္တပ္ႏွင့္ ကာကြယ္ေရး တပ္ဖြဲ႕မ်ားအၾကား စတင္တိုက္ပြဲျဖစ္ခဲ့ၿပီးေနာက္ ညေန ၄ နာရီေက်ာ္အခ်ိန္တြင္ တိုက္ပြဲ ပိုမိုျပင္းထန္ခဲ့ေၾကာင္း၊ ညေန ၆ နာရီခန႔္တြင္ စစ္သုံး ရဟတ္ယာဥ္ ၁ စီးျဖင့္ လာ ေရာက္ ပစ္ခတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

” စခေတြ ဒီေန႔ ညေန ၆ နာရီ ေလာက္ကစၿပီး ရဟတ္ယာဥ္ေတြနဲ႔ တိုက္ေနပါတယ္။ အခုဆို တိုက္ပြဲျပင္းထန္ေနပါတယ္။ ႐ြာကိုဝိုင္းၿပီး အေပၚကေနပစ္ေနတာပါ။ လွေတာ႐ြာဘက္မွာလည္း စစ္ကားေတြနဲ႔ အင္အားတိုးလာေနပါတယ္။ ရွိန္းမကား႐ြာအေရွ႕ဘက္မွာျဖစ္တာ ကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္တာမွာ စစ္တပ္က ေတာ္ေတာ္ အထိနာေနတယ္။ စစ္ကူေတြပါ ထပ္ေခၚေနတာ ေတြ႕ရတယ္” ဟု ေဒသခံ ျပည္သူတစ္ဦးကေျပာဆိုသည္။

အၾကမ္းဖက္ စစ္တပ္က ရွိန္းမကား႐ြာတြင္ တပ္စြဲထားသည္မွာ ၂ လ ေက်ာ္ခန႔္ရွိၿပီျဖစ္ၿပီး ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားကလည္း မၾကာခဏ လာေရာက္ တိုက္ခိုက္မႈမ်ား ျပဳလုပ္ေလ့ရွိေၾကာင္း သိရသည္။

ယေန႔ နံနက္ပိုင္း ဝက္လက္ၿမိဳ႕နယ္ ရွိန္းမကားေတာင္ဘက္ရွိ ေဘးမဲ့ေတာ အနီး သဲကုန္းတြင္ရွိေသာ တဲမ်ားကို ရွိန္းမကားစခန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက နံနက္ (၁၀) နာရီခန႔္တြင္ မီးရႈိ႕ေနသျဖင့္ PDF ပူးေပါင္းတပ္မ်ားက သြားေရာက္ တိုက္ခိုက္ရာ စစ္သား ၃ ဦးေသဆုံးခဲ့ေၾကာင္း PDF တပ္ေပါင္းစုမ်ားက သတင္းထုတ္ျပန္သည္။

ယေန႔ ညေန ၃ နာရီ အခ်ိန္ခန႔္တြင္ PDF ပူးေပါင္း အဖြဲ႕ ရွိန္းမကား နယ္ေျမရဲစခန္းကို ဝင္ေရာက္တိုက္ခိုက္ခ်ိန္ စစ္ေကာင္စီက ရဟတ္ယာဥ္ျဖင့္ တရစပ္ လာေရာက္ ပစ္ခတ္ေသာေၾကာင့္ စခန္းမသိမ္းႏိုင္ဘဲ ျပန္လည္ဆုတ္ခြာခဲ့ရေၾကာင္း၊ စစ္တပ္ဘက္မွ အထိအခိုက္ မသိရေသးေၾကာင္း သိရွိရသည္။

ရွိန္းမကား နယ္ေျမရဲစခန္းကို ဝင္တိုက္ခိုက္ခဲ့ေသာ PDF မဟာမိတ္အဖြဲ႕မ်ားတြင္ ေတာႀကီးေႁမြေပြး၊ လွ်ပ္စီး‌ေပ်ာက္က်ား-ဝက္လက္၊GZ Special Task Force၊ နယ္စည္းမျခားေတာ္လွန္ေရးအင္အားစု၊Adventure၊Tiger King ႏွင့္ LDF မ်ားပါဝင္ေၾကာင္း သိရွိရသည္။

ဝက်လက်မြို့နယ်၊ ရှိန်းမကား နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်များက ဝင်တိုက်ခိုက်ရာ စစ်တပ် အထိနာနေသဖြင့် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

ရန်ကုန်၊ ဇွန် ၁၂

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့ ဝက်လက်မြို့နယ်၊ ရှိန်းမကား နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်များက ယနေ့ ညနေပိုင်း ဝင်တိုက်ခိုက်ရာ စစ်တပ် အထိနာနေသဖြင့် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ် ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရှိန်းမကားနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သဖြင့် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များအကြား စတင်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ညနေ ၄ နာရီကျော်အချိန်တွင် တိုက်ပွဲ ပိုမိုပြင်းထန်ခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် စစ်သုံး ရဟတ်ယာဉ် ၁ စီးဖြင့် လာ ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” စခတွေ ဒီနေ့ ညနေ ၆ နာရီ လောက်ကစပြီး ရဟတ်ယာဉ်တွေနဲ့ တိုက်နေပါတယ်။ အခုဆို တိုက်ပွဲပြင်းထန်နေပါတယ်။ ရွာကိုဝိုင်းပြီး အပေါ်ကနေပစ်နေတာပါ။ လှတောရွာဘက်မှာလည်း စစ်ကားတွေနဲ့ အင်အားတိုးလာနေပါတယ်။ ရှိန်းမကားရွာအရှေ့ဘက်မှာဖြစ်တာ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာမှာ စစ်တပ်က တော်တော် အထိနာနေတယ်။ စစ်ကူတွေပါ ထပ်ခေါ်နေတာ တွေ့ရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ရှိန်းမကားရွာတွင် တပ်စွဲထားသည်မှာ ၂ လ ကျော်ခန့်ရှိပြီဖြစ်ပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များကလည်း မကြာခဏ လာရောက် တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ဝက်လက်မြို့နယ် ရှိန်းမကားတောင်ဘက်ရှိ ဘေးမဲ့တော အနီး သဲကုန်းတွင်ရှိသော တဲများကို ရှိန်းမကားစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် (၁၀) နာရီခန့်တွင် မီးရှို့နေသဖြင့် PDF ပူးပေါင်းတပ်များက သွားရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း PDF တပ်ပေါင်းစုများက သတင်းထုတ်ပြန်သည်။

ယနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် PDF ပူးပေါင်း အဖွဲ့ ရှိန်းမကား နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တရစပ် လာရောက် ပစ်ခတ်သောကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ စစ်တပ်ဘက်မှ အထိအခိုက် မသိရသေးကြောင်း သိရှိရသည်။

ရှိန်းမကား နယ်မြေရဲစခန်းကို ဝင်တိုက်ခိုက်ခဲ့သော PDF မဟာမိတ်အဖွဲ့များတွင် တောကြီးမြွေပွေး၊ လျှပ်စီး‌ပျောက်ကျား-ဝက်လက်၊GZ Special Task Force၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊Adventure၊Tiger King နှင့် LDF များပါဝင်ကြောင်း သိရှိရသည်။