Mytel တာဝါတိုင္ကုန္ရင္ တယ္လီေနာအမည္ေျပာင္း Atom တာဝါတိုင္ေတြသုံးၿပီးလက္နက္ထုတ္မည္ဟုဆို
ဧရာဝတီတိုင္းမ္
စစ္အုပ္စုပိုင္ Mytel တာဝါတိုင္မ်ားၿဖိဳလွဲ၍ကုန္သြားပါက စစ္အုပ္စုေထာက္တိုင္ ခ႐ိုနီပိုင္ဆိုင္သည့္ တယ္လီေနာအမည္ေျပာင္း Atom တာဝါတိုင္မ်ားကိုၿဖိဳလွဲအသုံးမည္ဟု မေကြးတိုင္း၊ေရစႀကိဳၿမိဳ႕နယ္အေျချပဳ ေရလယ္ကြၽန္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ယေန႔တြင္ထုတ္ျပန္ သည္။
လက္ရွိတြင္ မေကြးတိုင္းႏွင့္စစ္ကိုင္းတိုင္းအတြင္းရွိ ေဒသတြင္း PDF မ်ားက Mytel တာဝါတိုင္မ်ားကို လက္ နက္ကုန္ၾကမ္းမ်ားအျဖစ္အသုံးျပဳေနၿပီး Mytel ကုန္ ၾကမ္းျပတ္လပ္သြားပါက Atom ကုန္ ၾကမ္းကို ေျပာင္းလဲအသုံးျပဳမည္ဟုဆိုသည္။
လွ်ပ္စစ္မီးျဖတ္ေတာက္ခံထားရသည့္ေဒသမ်ားတြင္လည္း Mytel တာဝါတိုင္မွ မီးစက္မ်ားက အသုံးတည့္ေၾကာင္း ေရလယ္ကြၽန္းPDF က ေဒသတြင္းအျခား PDF မ်ားအား အႀကံေပးေဖာ္ျပထားသည္။
စစ္အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံအႏွံ႔ရွိ စစ္အုပ္စုပိုင္ Mytel တာဝါတိုင္မ်ားကို ေဒသကာကြယ္ေရးတပ္မ်ားက ၿဖိဳလွဲဖ်က္ဆီးခဲ့ရာ ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ကုန္ပိုင္းအထိ စစ္ကိုင္းႏွင့္မေကြးတိုင္းအတြင္းမွာပင္ တာဝါတိုင္ ၄၀၀ ဝန္းက်င္ ၿဖိဳခ်ခံထားရသည္ဟု စစ္ေကာင္စီဘက္ကထုတ္ျပန္ထားသည္။
ေဒသကာကြယ္ေရးတပ္မ်ားအေနျဖင့္ Mytel တာဝါတိုင္ကုန္ၾကမ္းမ်ားျဖင့္ လက္နက္ႀကီးမ်ားထုတ္လုပ္လ်က္ရွိရာ Mytel မမ လက္နက္ႀကီး ၅၀၀ မမ ထိ ထုတ္လုပ္ထားႏိုင္ေၾကာင္း သိရသည္။
#Ayeyarwaddy_Times
Mytel တာဝါတိုင်ကုန်ရင် တယ်လီနောအမည်ပြောင်း Atom တာဝါတိုင်တွေသုံးပြီးလက်နက်ထုတ်မည်ဟုဆို
ဧရာဝတီတိုင်းမ်
စစ်အုပ်စုပိုင် Mytel တာဝါတိုင်များဖြိုလှဲ၍ကုန်သွားပါက စစ်အုပ်စုထောက်တိုင် ခရိုနီပိုင်ဆိုင်သည့် တယ်လီနောအမည်ပြောင်း Atom တာဝါတိုင်များကိုဖြိုလှဲအသုံးမည်ဟု မကွေးတိုင်း၊ရေစကြိုမြို့နယ်အခြေပြု ရေလယ်ကျွန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင်ထုတ်ပြန် သည်။
လက်ရှိတွင် မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသတွင်း PDF များက Mytel တာဝါတိုင်များကို လက် နက်ကုန်ကြမ်းများအဖြစ်အသုံးပြုနေပြီး Mytel ကုန် ကြမ်းပြတ်လပ်သွားပါက Atom ကုန် ကြမ်းကို ပြောင်းလဲအသုံးပြုမည်ဟုဆိုသည်။
လျှပ်စစ်မီးဖြတ်တောက်ခံထားရသည့်ဒေသများတွင်လည်း Mytel တာဝါတိုင်မှ မီးစက်များက အသုံးတည့်ကြောင်း ရေလယ်ကျွန်းPDF က ဒေသတွင်းအခြား PDF များအား အကြံပေးဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့ရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်များကို ဒေသကာကွယ်ရေးတပ်များက ဖြိုလှဲဖျက်ဆီးခဲ့ရာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကုန်ပိုင်းအထိ စစ်ကိုင်းနှင့်မကွေးတိုင်းအတွင်းမှာပင် တာဝါတိုင် ၄၀၀ ဝန်းကျင် ဖြိုချခံထားရသည်ဟု စစ်ကောင်စီဘက်ကထုတ်ပြန်ထားသည်။
ဒေသကာကွယ်ရေးတပ်များအနေဖြင့် Mytel တာဝါတိုင်ကုန်ကြမ်းများဖြင့် လက်နက်ကြီးများထုတ်လုပ်လျက်ရှိရာ Mytel မမ လက်နက်ကြီး ၅၀၀ မမ ထိ ထုတ်လုပ်ထားနိုင်ကြောင်း သိရသည်။
#Ayeyarwaddy_Times