အမွတ္ ၄ လုံၿခဳံေရးရဲတပ္ရင္းတြင္ ရဲတပ္ၾကပ္ စိုးတင့္က ရဲတပ္သားကို ပစ္ခတ္သ-တ္ျဖတ္၊ ပစ္ခတ္သူ ရဲတပ္ၾကပ္စိုးတင့္ကို ဖမ္းဆီးထား
ရန္ကုန္၊ ဇြန္ ၁၃
မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေ႐ႊစာရံ အမွတ္ ၄ လုံၿခဳံေရးရဲတပ္ရင္းတြင္ ယမန္ေန႔ ဇြန္လ ၁၂ ရက္ေန႔ ည ၈ နာရီခြဲေက်ာ္အခ်ိန္ ရဲအခ်င္းခ်င္း ရန္ျဖစ္စကားမ်ားရာမွ ရဲတပ္ၾကပ္စိုးတင့္ ရဲတပ္သားတစ္ဦးကို ပစ္ခတ္သျဖင့္ ေသဆုံးသြားေၾကာင္း ရဲသတင္းရပ္ကြက္က ေျပာဆိုသည္။
ဇြန္လ ၁၂ ရက္ေန႔ ည ၈ နာရီခြဲေက်ာ္အခ်ိန္ ပုသိမ္ႀကီး ၿမိဳ႕နယ္၊ ေ႐ႊစာရံ အ မွတ္ ၄ရဲတပ္ရင္းတြင္ ရဲတပ္ၾကပ္စိုးတင့္ႏွင့္ ရဲတပ္သားတစ္ဦးတို႔ အခ်င္းမ်ားၾကေၾကာင္း၊ ရဲတပ္ၾကပ္စိုးတင့္က ပစ္ခတ္ရာမွ ရဲတပ္သား ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ရဲ အခ်င္းစကားမ်ားၿပီး ေသနတ္နဲ႔ပစ္တာ ရဲတပ္သား တစ္ဦးကေတာ့ ပြဲခ်င္းၿပီး ေသတယ္။ ေသသြားတဲ့ ရဲတပ္သားကို စခန္းမွာ ေမ်ာက္ႀကီးဆိုၿပီး အားလုံးက ေခၚၾကတာ။ ေသဆုံးသြားရဲတပ္သား မိန္းမက ေမြးဖြားခါနီး ကိုယ္ဝန္ႀကီးနဲ႔ က်န္ခဲ့တယ္။
ရဲတပ္ၾကပ္ စိုးတင့္ ပစ္တဲ့အခ်ိန္မွာ မူးေနတယ္။ ရဲတပ္သားလည္း မူးေနတယ္။ မူးၿပီး ရန္ထျဖစ္ၾကတာ။ ရဲတပ္သား အေလာင္းကေတာ့ရင္ခြဲ႐ုံေရာက္သြားၿပီ။ ပစ္သတ္သူကဗဟိုကင္းမွာ ဖမ္းထားတယ္။ ဘာဆက္လုပ္ မလဲေတာ့မသိေသးဘူး”ဟု ျဖစ္စဥ္ကို သိရွိထားသူ ရဲသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
အမှတ် ၄ လုံခြုံရေးရဲတပ်ရင်းတွင် ရဲတပ်ကြပ် စိုးတင့်က ရဲတပ်သားကို ပစ်ခတ်သ-တ်ဖြတ်၊ ပစ်ခတ်သူ ရဲတပ်ကြပ်စိုးတင့်ကို ဖမ်းဆီးထား
ရန်ကုန်၊ ဇွန် ၁၃
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံ အမှတ် ၄ လုံခြုံရေးရဲတပ်ရင်းတွင် ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲကျော်အချိန် ရဲအချင်းချင်း ရန်ဖြစ်စကားများရာမှ ရဲတပ်ကြပ်စိုးတင့် ရဲတပ်သားတစ်ဦးကို ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ရဲသတင်းရပ်ကွက်က ပြောဆိုသည်။
ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲကျော်အချိန် ပုသိမ်ကြီး မြို့နယ်၊ ရွှေစာရံ အ မှတ် ၄ရဲတပ်ရင်းတွင် ရဲတပ်ကြပ်စိုးတင့်နှင့် ရဲတပ်သားတစ်ဦးတို့ အချင်းများကြကြောင်း၊ ရဲတပ်ကြပ်စိုးတင့်က ပစ်ခတ်ရာမှ ရဲတပ်သား သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရဲ အချင်းစကားများပြီး သေနတ်နဲ့ပစ်တာ ရဲတပ်သား တစ်ဦးကတော့ ပွဲချင်းပြီး သေတယ်။ သေသွားတဲ့ ရဲတပ်သားကို စခန်းမှာ မျောက်ကြီးဆိုပြီး အားလုံးက ခေါ်ကြတာ။ သေဆုံးသွားရဲတပ်သား မိန်းမက မွေးဖွားခါနီး ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့တယ်။
ရဲတပ်ကြပ် စိုးတင့် ပစ်တဲ့အချိန်မှာ မူးနေတယ်။ ရဲတပ်သားလည်း မူးနေတယ်။ မူးပြီး ရန်ထဖြစ်ကြတာ။ ရဲတပ်သား အလောင်းကတော့ရင်ခွဲရုံရောက်သွားပြီ။ ပစ်သတ်သူကဗဟိုကင်းမှာ ဖမ်းထားတယ်။ ဘာဆက်လုပ် မလဲတော့မသိသေးဘူး”ဟု ဖြစ်စဉ်ကို သိရှိထားသူ ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။