Local News



MFP ၊ ဇွန် – ၁၃






မန္တလေး – ဗန်းမော်လမ်း၊ ထီးချိုင့်နယ်မှာ စကစ ဒု-ရဲအုပ်တစ်ဦး ဖမ်းမိ၊

MFP ၊ ဇွန် – ၁၃

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မန္တလေး – ဗန်းမော် ကားလမ်းမှာ ဇွန်(၁၁)ရက်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပုလိပ်ရဲတပ်ရင်း (၁၄)မှ ဒု-ရဲအုပ်တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထီးချိုင့်နယ် Eagles Army-HPDF က သတင်းထုတ်ပြန်ပါတယ်။

“ဇွန်(၁၁)ရက်တွင် ပုလိပ်ရဲတပ်ရင်း (၁၄) ကိုယ်ပိုင်နံပါတ် လ/၁၉—- ဒုရဲအုပ်သန်းဝင်းအောင်အား မန်းလေး-ဗန်းမော် မဟာဗျူဟာလမ်း တနေရာတွင် မိမိတို့ Eagles Army-HPDF မှ သတင်းအရ စောင့်ကြို ဖမ်းဆီးရမိခဲ့သည်” လို့ Eagles Army – HPDF က ဖော်ပြပါတယ်။

ပုလိပ်ရဲတပ်ရင်း(၁၄)ဟာ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပုလိပ်မြို့အနီးမှာ တည်ရှိတာ ဖြစ်ပါတယ်။

ဇွန်(၁၀)ရက်ကလည်း ထီးချိုင့်နှင့်ကသာနယ် စစ်မြေပြင်ကနေ ထွက်ပြေးလာတဲ့ တပ်မ (၈၈)၊ တပ်ရင်း ခလရ (၈၃) က တပ်သား သက်ကိုကိုထွေး နှင့် တပ်သား ရှိုင်းဝနအောင် တို့ကို မန္တလေး – ဗန်းမော် ကားလမ်းပေါ်မှာ ဖမ်းမိခဲ့ပြီး

သူတို့နှစ်ဦးကိုတော့ CDM ဝန်ထမ်းတွေကို လက်ခံတဲ့ ပြည်သူ့ရင်ခွင် အဖွဲ့ဆီ ပို့ဆောင်ပေးခဲ့တယ်လို့ Eagles Army – HPDF က ဆိုပါတယ်။