ေဝၚေလ ရဲစခန္းကို KNDO ပူးေပါင္းတပ္ ဝင္တိုက္၊ ရဲ ၂ ဦးေသဆုံးၿပီး စခန္းမႉးႏွင့္ ရဲတပ္သား ၂ ဦး အရွင္ဖမ္းမိ၊ ၆၀ မမ လက္နက္ႀကီးႏွင့္ လက္နက္ငယ္ အခ်ိဳ႕ရရွိ
ရန္ကုန္၊ ဇြန္ ၁၃
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ေဝၚေလၿမိဳင္ၿမိဳ႕နယ္ခြဲရွိ စစ္ေကာင္စီလက္ေအာက္ခံ ရဲစခန္းကို ကရင္အမ်ိဳးသား ကာကြယ္ေရးတပ္ KNDO ႏွင့္ ပူးေပါင္းတပ္ဖြဲ႕က ယေန႔ ဇြန္လ ၁၃ ရက္ နံနက္အေစာပိုင္းတြင္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ရဲ ၂ ဦးေသဆုံးကာ
စခန္းမႉးႏွင့္ ရဲတပ္သား ၂ ဦးကို အရွင္ဖမ္းမိေၾကာင္း၊ ၆၀ မမ လက္နက္ႀကီး ၁ လက္ႏွင့္ လက္နက္ငယ္ ၃ လက္ကို KNDO ပူးေပါင္းအဖြဲ႕က သိမ္းပိုက္ရရွိေၾကာင္း သတင္းရရွိသည္။
” ၄ နာရီ ၂၉ မိနစ္မွာ တိုက္ပြဲစျဖစ္တယ္၊ စခန္းမႉးနဲ႔ တပ္သား ၂ ေယာက္ အရွင္မိတယ္။ အျခားရဲေတြ ထြက္ေျပးသြားတယ္၊ ဘယ္ဘက္ကို ေျပးလဲဆိုတာေတာ့ မသိရဘူး၊ ေဝၚေလ ဗ်ဴဟာကုန္းကလည္း လက္နက္ႀကီး ပစ္ကူတယ္၊ ဒါေပမယ့္ ရဲစခန္း က်သြားတယ္” ဟု ေဝၚေလေဒသသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။
အဆိုပါ ရဲစခန္းသည္ ေဝၚေလၿမိဳ႕ျပင္တြင္ တည္ရွိၿပီး ေဝၚေလ စစ္ေကာင္စီ ဗ်ဴဟာကုန္းႏွင့္ မလွမ္းမကမ္းတြင္ တည္ရွိသည္။
ေဝၚေလရဲစခန္းကို ဗိုလ္စလုံး ဦးေဆာင္သည့္ KNDO အထူးကြန္မန္ဒို တပ္ရင္းႏွင့္ PDF ပူးေပါင္းတပ္ဖြဲ႕က တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး တရားဝင္သတင္းထုတ္ျပန္မည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။
ဝေါ်လေ ရဲစခန်းကို KNDO ပူးပေါင်းတပ် ဝင်တိုက်၊ ရဲ ၂ ဦးသေဆုံးပြီး စခန်းမှူးနှင့် ရဲတပ်သား ၂ ဦး အရှင်ဖမ်းမိ၊ ၆၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ် အချို့ရရှိ
ရန်ကုန်၊ ဇွန် ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးကာ
စခန်းမှူးနှင့် ရဲတပ်သား ၂ ဦးကို အရှင်ဖမ်းမိကြောင်း၊ ၆၀ မမ လက်နက်ကြီး ၁ လက်နှင့် လက်နက်ငယ် ၃ လက်ကို KNDO ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိကြောင်း သတင်းရရှိသည်။
” ၄ နာရီ ၂၉ မိနစ်မှာ တိုက်ပွဲစဖြစ်တယ်၊ စခန်းမှူးနဲ့ တပ်သား ၂ ယောက် အရှင်မိတယ်။ အခြားရဲတွေ ထွက်ပြေးသွားတယ်၊ ဘယ်ဘက်ကို ပြေးလဲဆိုတာတော့ မသိရဘူး၊ ဝေါ်လေ ဗျူဟာကုန်းကလည်း လက်နက်ကြီး ပစ်ကူတယ်၊ ဒါပေမယ့် ရဲစခန်း ကျသွားတယ်” ဟု ဝေါ်လေဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ ရဲစခန်းသည် ဝေါ်လေမြို့ပြင်တွင် တည်ရှိပြီး ဝေါ်လေ စစ်ကောင်စီ ဗျူဟာကုန်းနှင့် မလှမ်းမကမ်းတွင် တည်ရှိသည်။
ဝေါ်လေရဲစခန်းကို ဗိုလ်စလုံး ဦးဆောင်သည့် KNDO အထူးကွန်မန်ဒို တပ်ရင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရားဝင်သတင်းထုတ်ပြန်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။