Cele

မေၾကာက္ဘူး မေၾကာက္ဘူးနဲ႔ရန္ကုန္ၿမိဳ႕ႀကီးေပၚ အိမ္ထဲမွာ ဗုံးခိုက်င္းပါ တူးေနရၿပီ

မေၾကာက္ဘူးနဲ႔ ရန္ကုန္ၿမိဳ႕ႀကီးေပၚ အိမ္ထဲမွာ ဗုံ းခိုက်င္းပါ တူးေနရၿပီဆိုတဲ့ ပန္ဆယ္လို

မေၾကာက္ဘူး မေၾကာက္ဘူးနဲ႔ရန္ကုန္ၿမိဳ႕ႀကီးေပၚ အိမ္ထဲမွာ ဗုံးခိုက်င္းပါ တူးေနရၿပီ။

ႏွစ္ေပါင္း ၇၀ေက်ာ္ တည္ေဆာက္ခဲ့တဲ့ စတန္းဒတ္အာမီျခင္းက်ားတပ္ႀကီးက ၁ႏွစ္သား PDF ေတြကို ေခ်းခ်မ္းေနပုံမ်ား။

ကယ္ၾကပါဦးရယ္ေနတာ ရပ္မရေတာ့လို႔။

လုံၿခဳံေရးစိတ္မခ်ရ၍ ၀ဏၰေမာင္လြင္က သမီးအႀကီး တင္သစၥာလြင္ကို ၫႊန္ၾကားေရးမႉးရာထူးတိုးျဖင့္ ေနျပည္ေတာ္သို႔ ေခၚယူ၊ ေျမာက္ဒဂုံ ၃၁ ရပ္ကြက္၊ ေဇယ်ာဒီပ ၁ လမ္း ရွိ တင္သစၥာလြင္ ေနအိမ္ကို ဗုံးခိုက်င္းပါ ထည့္သြင္းတည္ ေဆာက္

ရန္ကုန္၊ ဇြန္ ၁၃

အၾကမ္းဖက္ စစ္ေကာင္စီတြင္ ႏိုင္ငံျခားေရးဝန္ႀကီး အျဖစ္ မင္းေအာင္လႈိင္က ခန႔္အပ္ထားသူ ၀ဏၰေမာင္လြင္က သူ ၏ သမီးအႀကီးျဖစ္သူ ေဒါက္တာတင္သစၥာလြင္ကို က်န္းမာေရးဝန္ႀကီးဌာန႐ုံးခ်ဳပ္သို႔ ၫႊန္ၾကားေရးမႉး ရာထူးတိုး ျဖင့္ ေနျပည္ေတာ္သို႔ ေခၚယူလိုက္ေၾကာင္း ေနျပည္ေတာ္သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

၀ဏၰေမာင္လြင္တြင္ ေဒါက္တာတင္သစၥာလြင္ ၊ လင္းမာလာလြင္(ႏိုင္ငံျခားေရးဝန္ႀကီးဌာန) ၊ လင္းမင္းေမာင္လြင္ သားသမီး ၃ ဦးရွိၿပီး ေဒါက္တာတင္သစၥာလြင္သည္ ရန္ကုန္တိုင္း က်န္းမာေရးဦးစီးဌာန၊ ဒုတိယတိုင္းက်န္မာေရးဦးစီးမႉး (ပက) ဒုတိယၫႊန္ၾကားေရးမႉးရာထူးတြင္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရွိရသည္။

ေဒါက္တာတင္သစၥာလြင္ႏွင့္မိသားစု၏ လုံၿခဳံေရး စိတ္မခ်ရသျဖင့္ ဖခင္၀ဏၰေမာင္လြင္က ရန္ကုန္တိုင္း က်န္းမာေရး ဦးစီးဌာန၊ ဒုတိယတိုင္းက်န္မာေရးဦးစီးမႉး (ပက) ရာထူး မွ ေနျပည္ေတာ္၊ က်န္းမာေရးဝန္ႀကီးဌာန႐ုံးခ်ဳပ္၊ တိုးခ်ဲ႕ကာကြယ္ေဆးထိုးဌာန၏ ၫႊန္ၾကားေရးမႉးအျဖစ္ ရာထူးတိုးျမႇင့္ေခၚယူျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ရန္ကုန္မွာ လုံၿခဳံေရး စိတ္မခ်ရေတာ့လို႔ ေနျပည္ေတာ္ကို ေျပာင္းေ႐ႊ႕ခြင့္ကို သူ႔အေဖ ၀ဏၰေမာင္လြင္ကိုယ္တိုင္ တင္ေပးၿပီး ေျပာင္းတယ္။ ဝဏၰေမာင္လြင္ရဲ႕သမီး ေဒါက္တာတင္သစၥာလြင္က အခု တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းရဲ႕ ၫႊန္ၾကားေရးမႉးရာထူးရသြားၿပီ” ဟု က်န္းမာေရးဝန္ႀကီးဌာနသတင္းရင္းျမစ္က ေျပာသည္။

၀ဏၰေမာင္လြင္က သားသမီး ၃ ဦးအနက္မွ သမီးအႀကီး ေဒါက္တာတင္သစၥာလြင္အတြက္ ရန္ကုန္တိုင္း၊ ေျမာက္ဒဂုံ ၃၁ ရပ္ကြက္၊ ေဇယ်ာဒီပ ၁ လမ္းတြင္ လက္ရွိ အိမ္အသစ္တစ္လုံးေဆာက္လုပ္လ်က္ရွိၿပီး အိမ္တြင္ ဗုံးခိုက်င္းမ်ား၊ အုတ္႐ိုးအျမင့္မ်ား ထည့္သြင္းေဆာက္လုပ္လ်က္ရွိေၾကာင္း သိရွိရသည္။

မကြောက်ဘူးနဲ့ ရန်ကုန်မြို့ကြီးပေါ် အိမ်ထဲမှာ ဗုံ းခိုကျင်းပါ တူးနေရပြီဆိုတဲ့ ပန်ဆယ်လို

မကြောက်ဘူး မကြောက်ဘူးနဲ့ရန်ကုန်မြို့ကြီးပေါ် အိမ်ထဲမှာ ဗုံးခိုကျင်းပါ တူးနေရပြီ။

နှစ်ပေါင်း ၇၀ကျော် တည်ဆောက်ခဲ့တဲ့ စတန်းဒတ်အာမီခြင်းကျားတပ်ကြီးက ၁နှစ်သား PDF တွေကို ချေးချမ်းနေပုံများ။

ကယ်ကြပါဦးရယ်နေတာ ရပ်မရတော့လို့။

လုံခြုံရေးစိတ်မချရ၍ ဝဏ္ဏမောင်လွင်က သမီးအကြီး တင်သစ္စာလွင်ကို ညွှန်ကြားရေးမှူးရာထူးတိုးဖြင့် နေပြည်တော်သို့ ခေါ်ယူ၊ မြောက်ဒဂုံ ၃၁ ရပ်ကွက်၊ ဇေယျာဒီပ ၁ လမ်း ရှိ တင်သစ္စာလွင် နေအိမ်ကို ဗုံးခိုကျင်းပါ ထည့်သွင်းတည် ဆောက်

ရန်ကုန်၊ ဇွန် ၁၃

အကြမ်းဖက် စစ်ကောင်စီတွင် နိုင်ငံခြားရေးဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ထားသူ ဝဏ္ဏမောင်လွင်က သူ ၏ သမီးအကြီးဖြစ်သူ ဒေါက်တာတင်သစ္စာလွင်ကို ကျန်းမာရေးဝန်ကြီးဌာနရုံးချုပ်သို့ ညွှန်ကြားရေးမှူး ရာထူးတိုး ဖြင့် နေပြည်တော်သို့ ခေါ်ယူလိုက်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဝဏ္ဏမောင်လွင်တွင် ဒေါက်တာတင်သစ္စာလွင် ၊ လင်းမာလာလွင်(နိုင်ငံခြားရေးဝန်ကြီးဌာန) ၊ လင်းမင်းမောင်လွင် သားသမီး ၃ ဦးရှိပြီး ဒေါက်တာတင်သစ္စာလွင်သည် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းကျန်မာရေးဦးစီးမှူး (ပက) ဒုတိယညွှန်ကြားရေးမှူးရာထူးတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာတင်သစ္စာလွင်နှင့်မိသားစု၏ လုံခြုံရေး စိတ်မချရသဖြင့် ဖခင်ဝဏ္ဏမောင်လွင်က ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယတိုင်းကျန်မာရေးဦးစီးမှူး (ပက) ရာထူး မှ နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာနရုံးချုပ်၊ တိုးချဲ့ကာကွယ်ဆေးထိုးဌာန၏ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခေါ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရန်ကုန်မှာ လုံခြုံရေး စိတ်မချရတော့လို့ နေပြည်တော်ကို ပြောင်းရွှေ့ခွင့်ကို သူ့အဖေ ဝဏ္ဏမောင်လွင်ကိုယ်တိုင် တင်ပေးပြီး ပြောင်းတယ်။ ဝဏ္ဏမောင်လွင်ရဲ့သမီး ဒေါက်တာတင်သစ္စာလွင်က အခု တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ ညွှန်ကြားရေးမှူးရာထူးရသွားပြီ” ဟု ကျန်းမာရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောသည်။

ဝဏ္ဏမောင်လွင်က သားသမီး ၃ ဦးအနက်မှ သမီးအကြီး ဒေါက်တာတင်သစ္စာလွင်အတွက် ရန်ကုန်တိုင်း၊ မြောက်ဒဂုံ ၃၁ ရပ်ကွက်၊ ဇေယျာဒီပ ၁ လမ်းတွင် လက်ရှိ အိမ်အသစ်တစ်လုံးဆောက်လုပ်လျက်ရှိပြီး အိမ်တွင် ဗုံးခိုကျင်းများ၊ အုတ်ရိုးအမြင့်များ ထည့်သွင်းဆောက်လုပ်လျက်ရှိကြောင်း သိရှိရသည်။