Local News



MFP ၊ ဇွန် – ၁၃





စစ်ကောင်စီခန့်အုပ်ကြီး သေနတ်ကို မောင်းတင်ပြီး ခါးကြားထိုးထားတာ မောင်းပြုတ်ကာ…

တောင်သာနယ်က စစ်ကောင်စီခန့်အုပ်ကြီး သေနတ်ကို မောင်းတင်ပြီး ခါးကြားထိုးထားတာ မောင်းပြုတ်လို့ ပေါင်ကို ကျည်ထိ

MFP ၊ ဇွန် – ၁၃

မန္တလေးတိုင်း တောင်သာမြို့နယ် တမိုက်သာကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ စစ်အုပ်စုက ပေးထားတဲ့ သေနတ်ကို မောင်းတင်ပြီး ခါးကြားထိုးထားချိန် မောင်းပြုတ်ကာ ပေါင်ကို ကျည်ထိမှန်ပြီး ဆေးရုံတက်နေရတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မနေ့ ဇွန်လ (၁၂)ရက်က ဖြစ်ခဲ့တာဖြစ်ပြီး ညပိုင်းမှာ တမိုက်သာကျေးရွာထဲကို စစ်ကား(၃)စီး ဝင်လာပြီး ရွာလယ် ဘုန်းကြီးကျောင်းမှာတစ်စီး၊

အထကကျောင်းထဲ တစ်စီးနဲ့ ဗောဓိကုန်းရပ်ကွက်ထဲ တစ်စီး ထားပြီး အစောင့်တွေလည်း ချထားတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။

စစ်အုပ်စုဟာ သူတို့ဩဇာခံ အုပ်ချုပ်ရေးမှူးတွေကို လက်နက်တွေ ထုတ်ပေးထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။