Local News

ရဲတဦး လက္နက္နဲ႔ CDM ဝင္ေရာက္လာၿပီး စစ္ေကာင္စီကို တိုက္ခိုက္သြားမယ္လို႔ဆို

ရဲတဦး လက္နက္နဲ႔ CDM ဝင္ေရာက္လာၿပီး စစ္ေကာင္စီကို တိုက္ခိုက္သြားမယ္လို႔ဆို

ေရစႀကိဳ၊ ဇြန္၁၃၊ ၂၀၂၂။

မေကြးတိုင္း ေရစႀကိဳၿမိဳ႕နယ္ ပခန္းႀကီးရဲစခန္းက ရဲတပ္သားတဦး လက္နက္နဲ႔က်ည္ေတြယူလာၿပီး CDM ဝင္ေရာက္လာခဲ့တဲ့ အျပင္ လြတ္ေျမာက္နယ္ေျမကို သြားမွာ မဟုတ္ပဲ စစ္ေကာင္စီကို ေတာ္လွန္သြားမွာ ျဖစ္တယ္လို႔ ၿမိဳင္ PDF ဆီက သိရပါတယ္။

ပခန္းႀကီး ရဲစခန္းက ရဲတပ္သားတဦးက ၿမိဳင္PDF ဆီကို ဇြန္လ ၁၂ရက္မေန႔က ဆက္သြယ္လာခဲ့ၿပီး ဒီေန႔ မနက္ ေစာေစာပိုင္း တာဝန္က်ရာ ရဲကင္းကေန ဆက္သြယ္ၿပီး ထြက္လာခဲ့တာျဖစ္တယ္လို႔ ၿမိဳင္PDF ေခါင္းေဆာင္ ဗိုလ္လက္ယာက ေျပာပါတယ္။

” ရွင္မေတာင္ရဲကင္းစခန္း တာဝန္က်စဥ္က်ေနာ္တို႔အဖြဲ႕ထံဆက္သြယ္လာတာ၊ G3 တစ္လက္ က်ည္ ၁၀၀ ေတာင့္ပါတယ္၊ သူကလက္နက္အျပည္အစုံနဲ႔ CDMဝင္ေရာက္လာတာ‌ေၾကာင့္ သိန္းႏွစ္ရာေပးတယ္၊

ေ႐ႊထည္ပစၥည္းမ်ားပါေပးအပ္ခဲ့တယ္၊ သူ႔ကိုလြတ္‌ေျမာက္နယ္‌ေျမပို႔ဖို႔ ေျပာေပမဲ့လည္း သူက က်ေနာ္တို႔နဲ႔တိုက္ပြဲဝင္မယ္လို႔ေျပာပါတယ္” လို႔ ဗိုလ္လက္ယာက ေျပာပါတယ္။

ၿမိဳင္PDF ဗိုလ္လက္ယာတို႔ အဖြဲ႕ဆီကို CDM ဝင္လာတဲ့သူ စုစုေပါင္း ၇ဦးထိရွိထားၿပီး ဒီေန႔ဝင္လာတဲ့ ရဲတပ္သားတဦးမွာသာ လက္နက္ပါခဲ့တာေၾကာင့္ ဆုေငြအျပင္ ေ႐ႊထည္ေတြပါ ေပးခဲ့တာျဖစ္လို႔ ‌ေနာက္ထပ္ CDM ဝင္လာၾကဖို႔နဲ႔ ဆုေၾကးေငြေပးဖို႔ ျပည္သူေတြ လႉထားတဲ့ ေ႐ႊေငြပစၥည္း သိန္းေပါင္းမ်ားစြာက်န္ေနေသးတယ္လို႔ ေျပာပါတယ္။

#ေျမလတ္အသံ

ရဲတဦး လက်နက်နဲ့ CDM ဝင်ရောက်လာပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့ဆို

ရေစကြို၊ ဇွန်၁၃၊ ၂၀၂၂။

မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းကြီးရဲစခန်းက ရဲတပ်သားတဦး လက်နက်နဲ့ကျည်တွေယူလာပြီး CDM ဝင်ရောက်လာခဲ့တဲ့ အပြင် လွတ်မြောက်နယ်မြေကို သွားမှာ မဟုတ်ပဲ စစ်ကောင်စီကို တော်လှန်သွားမှာ ဖြစ်တယ်လို့ မြိုင် PDF ဆီက သိရပါတယ်။

ပခန်းကြီး ရဲစခန်းက ရဲတပ်သားတဦးက မြိုင်PDF ဆီကို ဇွန်လ ၁၂ရက်မနေ့က ဆက်သွယ်လာခဲ့ပြီး ဒီနေ့ မနက် စောစောပိုင်း တာဝန်ကျရာ ရဲကင်းကနေ ဆက်သွယ်ပြီး ထွက်လာခဲ့တာဖြစ်တယ်လို့ မြိုင်PDF ခေါင်းဆောင် ဗိုလ်လက်ယာက ပြောပါတယ်။

” ရှင်မတောင်ရဲကင်းစခန်း တာဝန်ကျစဉ်ကျနော်တို့အဖွဲ့ထံဆက်သွယ်လာတာ၊ G3 တစ်လက် ကျည် ၁၀၀ တောင့်ပါတယ်၊ သူကလက်နက်အပြည်အစုံနဲ့ CDMဝင်ရောက်လာတာ‌ကြောင့် သိန်းနှစ်ရာပေးတယ်၊

ရွှေထည်ပစ္စည်းများပါပေးအပ်ခဲ့တယ်၊ သူ့ကိုလွတ်‌မြောက်နယ်‌မြေပို့ဖို့ ပြောပေမဲ့လည်း သူက ကျနော်တို့နဲ့တိုက်ပွဲဝင်မယ်လို့ပြောပါတယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်PDF ဗိုလ်လက်ယာတို့ အဖွဲ့ဆီကို CDM ဝင်လာတဲ့သူ စုစုပေါင်း ၇ဦးထိရှိထားပြီး ဒီနေ့ဝင်လာတဲ့ ရဲတပ်သားတဦးမှာသာ လက်နက်ပါခဲ့တာကြောင့် ဆုငွေအပြင် ရွှေထည်တွေပါ ပေးခဲ့တာဖြစ်လို့ ‌နောက်ထပ် CDM ဝင်လာကြဖို့နဲ့ ဆုကြေးငွေပေးဖို့ ပြည်သူတွေ လှူထားတဲ့ ရွှေငွေပစ္စည်း သိန်းပေါင်းများစွာကျန်နေသေးတယ်လို့ ပြောပါတယ်။

#မြေလတ်အသံ