ဆီအလုံအေလာက္ မေပးႏိုင္သည့္ စက္သုံးဆီအသင္းက ဆိုင္မ်ားတြင္ဆီျပတ္လွ်င္ အေရးယူမည္ဟုဆို
ရန္ကုန္၊ဇြန္-၁၃
လူငယ့္ေခတ္
ျပည္တြင္းသုံးစြဲရန္ စက္သုံးဆီ လုံေလာက္မွ်တေအာင္ပင္ စီစဥ္မေပးႏိုင္သည့္ ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ်ျဖန္႔ျဖဴးေရးအသင္း(MPTA)က စက္သုံးဆီဆိုင္မ်ား၌ ဆီျပတ္လပ္မႈ ျဖစ္ေပၚပါက အေရးယူခံရမည္ဟု စက္သုံးကုမၸဏီမ်ားအား သတိေပးထားေၾကာင္း သိရသည္။
စက္သုံးဆီမျပတ္လပ္ေရးဆိုကာ ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ်ျဖန္႔ျဖဴးေရးအသင္း၊ အတြင္းေရးမႉး လက္မွတ္ထိုးထားသည့္စာျဖင့္ စက္သုံးဆီတင္သြင္းေရာင္းခ်သည့္ကုမၸဏီမ်ားထံ အေၾကာင္းၾကားထားျခင္းျဖစ္သည္။
တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ စက္သုံးဆီမျပတ္လပ္ေစရန္ သြင္းကုန္ကုမၸဏီမ်ား၊ Terminal ကုမၸဏီမ်ား၊ စက္သုံးဆီဆိုင္မ်ား၊ SME စက္သုံးဆီဆိုင္မ်ားမွ စက္သုံးဆီမျပတ္လပ္ေစေရးစီမံေဆာင္႐ြက္ထားရန္လိုေၾကာင္း အေၾကာင္းၾကားစာတြင္ေဖာ္ျပထားသည္။
မိမိစက္သုံးဆီဆိုင္တြင္ ဆီျပတ္လပ္မည့္အေျခအေန ျဖစ္ေပၚပါက အခ်ိန္ႏွင့္ တေျပးညီတာဝန္ရွိသူမ်ားထံ ဆက္သြယ္ တင္ျပေဆာင္႐ြက္ရမည္ဟုဆိုသည္။
ၫြန္ၾကားခ်က္အတိုင္း စီမံေဆာင္႐ြက္ျခင္းမရွိဘဲ ဆီျပတ္လပ္မႈျဖစ္ပါက ေရနံထြက္ပစၥည္း ႀကီးၾကပ္စစ္ ေဆးေရးဌာန၏ ထိုက္သင့္သည့္ အေရးယူျခင္းေဆာင္႐ြက္မည္ဟု သတိေပးထားသည္။
အဆိုပါသတိေပးခ်က္မွာ လက္ရွိဆီတင္သြင္းေရာင္းခ်မႈ အခက္အခဲကို မေျပလည္ႏိုင္ေစဘဲ ပို၍ အက်ပ္အတည္း ျဖစ္ေစသည္ဟု စက္သုံးဆီအေရာင္းဆိုင္တာဝန္ရွိသူအခ်ိဳ႕က မွတ္ခ်က္ျပဳသည္။
“လက္ရွိမွာအကုန္လုံးကခရ ခ်ိန္ဆေရာင္းေနၾကရတာ။ သူတို႔ကို အေၾကာင္းၾကာေေတာ့ေရာ ဘာအကူအညီေပးႏိုင္ မွာမို႔လို႔လဲ။ အားအားရွိ အေရးယူမယ္ဆိုတာနဲ႔ပဲ ၿခိမ္းေျခာက္ေနတာ။ ေျဖေလွ်ာ့ကူညီေဆာင္႐ြက္ေပးတာ ေတာ့မရွိဘူး”ဟု စက္သုံးလုပ္ငန္းရွင္တစ္ဦးကေျပာသည္။
ယင္းသတိေပးခ်က္ႏွင့္ပတ္သက္၍ MPTAသို႔ဆက္သြယ္ေမးျမန္းေသာ္လည္းဆက္သြယ္မရပါ။လက္ရွိတြင္ ေမလလယ္ပိုင္းကစ၍ စက္သုံးဆီအေရာင္းဆိုင္မ်ား ၌ဆီျပတ္လပ္မႈမ်ား မၾကာခဏျဖစ္ေပၚေနကာ စက္သုံးဆီေစ်းမွာလည္း တရွိန္ထိုးျမင့္တက္ေနေၾကာင္း ေစ်းကြက္အတြင္းမွသိရသည္။
ဆီအလုံအလောက် မပေးနိုင်သည့် စက်သုံးဆီအသင်းက ဆိုင်များတွင်ဆီပြတ်လျှင် အရေးယူမည်ဟုဆို
ရန်ကုန်၊ဇွန်-၁၃
လူငယ့်ခေတ်
ပြည်တွင်းသုံးစွဲရန် စက်သုံးဆီ လုံလောက်မျှတအောင်ပင် စီစဉ်မပေးနိုင်သည့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA)က စက်သုံးဆီဆိုင်များ၌ ဆီပြတ်လပ်မှု ဖြစ်ပေါ်ပါက အရေးယူခံရမည်ဟု စက်သုံးကုမ္ပဏီများအား သတိပေးထားကြောင်း သိရသည်။
စက်သုံးဆီမပြတ်လပ်ရေးဆိုကာ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၊ အတွင်းရေးမှူး လက်မှတ်ထိုးထားသည့်စာဖြင့် စက်သုံးဆီတင်သွင်းရောင်းချသည့်ကုမ္ပဏီများထံ အကြောင်းကြားထားခြင်းဖြစ်သည်။
တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စက်သုံးဆီမပြတ်လပ်စေရန် သွင်းကုန်ကုမ္ပဏီများ၊ Terminal ကုမ္ပဏီများ၊ စက်သုံးဆီဆိုင်များ၊ SME စက်သုံးဆီဆိုင်များမှ စက်သုံးဆီမပြတ်လပ်စေရေးစီမံဆောင်ရွက်ထားရန်လိုကြောင်း အကြောင်းကြားစာတွင်ဖော်ပြထားသည်။
မိမိစက်သုံးဆီဆိုင်တွင် ဆီပြတ်လပ်မည့်အခြေအနေ ဖြစ်ပေါ်ပါက အချိန်နှင့် တပြေးညီတာဝန်ရှိသူများထံ ဆက်သွယ် တင်ပြဆောင်ရွက်ရမည်ဟုဆိုသည်။
ညွန်ကြားချက်အတိုင်း စီမံဆောင်ရွက်ခြင်းမရှိဘဲ ဆီပြတ်လပ်မှုဖြစ်ပါက ရေနံထွက်ပစ္စည်း ကြီးကြပ်စစ် ဆေးရေးဌာန၏ ထိုက်သင့်သည့် အရေးယူခြင်းဆောင်ရွက်မည်ဟု သတိပေးထားသည်။
အဆိုပါသတိပေးချက်မှာ လက်ရှိဆီတင်သွင်းရောင်းချမှု အခက်အခဲကို မပြေလည်နိုင်စေဘဲ ပို၍ အကျပ်အတည်း ဖြစ်စေသည်ဟု စက်သုံးဆီအရောင်းဆိုင်တာဝန်ရှိသူအချို့က မှတ်ချက်ပြုသည်။
“လက်ရှိမှာအကုန်လုံးကခရ ချိန်ဆရောင်းနေကြရတာ။ သူတို့ကို အကြောင်းကြာေတော့ရော ဘာအကူအညီပေးနိုင် မှာမို့လို့လဲ။ အားအားရှိ အရေးယူမယ်ဆိုတာနဲ့ပဲ ခြိမ်းခြောက်နေတာ။ ဖြေလျှော့ကူညီဆောင်ရွက်ပေးတာ တော့မရှိဘူး”ဟု စက်သုံးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ယင်းသတိပေးချက်နှင့်ပတ်သက်၍ MPTAသို့ဆက်သွယ်မေးမြန်းသော်လည်းဆက်သွယ်မရပါ။လက်ရှိတွင် မေလလယ်ပိုင်းကစ၍ စက်သုံးဆီအရောင်းဆိုင်များ ၌ဆီပြတ်လပ်မှုများ မကြာခဏဖြစ်ပေါ်နေကာ စက်သုံးဆီဈေးမှာလည်း တရှိန်ထိုးမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။