Local News

တပ္ထဲမွာ မေက်နပ္သမွ် အျပင္မွာ ခ်င္းခ်င္းရွင္းေနၾကသလိုဖဲ

တပ္ထဲမွာ မေက်နပ္သမွ် အျပင္မွာ ခ်င္းခ်င္းရွင္းေနၾကသလိုဖဲ

အၾကမ္းဖက္စစ္ေကာင္စီတပ္ရင္းမွ လက္နက္ႀကီးျဖင့္ ပစ္ခတ္စဥ္ ကိုယ့္လူကိုယ္ထိၿပီး ၁၀ ဦးေက်ာ္ ေသဆုံး

13 Jun 2022 By MPA

တနသၤာရီတိုင္း၊ ပုေလာၿမိဳ႕နယ္ အေျခစိုက္ အၾကမ္းဖက္စစ္ေကာင္စီ ၂၈၅ တပ္ရင္းမွ လက္နက္ႀကီးျဖင့္ ပစ္ခတ္စဥ္ ခ်ိဳ႕ယြင္းမႈျဖစ္ပြားၿပီး ကိုယ့္လူကိုယ္ထိကာ ၁၀ ဦးေက်ာ္ ေသဆုံးခဲ့ေၾကာင္း ၂၈၅ တပ္ရင္းအတြင္းေန အမည္မေဖာ္လိုသူ သတင္းအရင္းအျမစ္က MPA သို႔ သတင္းေပးသည္။

ယင္း လက္နက္ႀကီးပစ္ခတ္ရာတြင္ ခ်ိဳ႕ယြင္းမႈျဖစ္ေပၚမႈေၾကာင့္ လက္နက္ႀကီးအနီးရွိ အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၁၀ ဦးေက်ာ္ ေသဆုံးကာ ၄ ဦး ေဆး႐ုံတင္ထားရေၾကာင္း ၂၈၅ တပ္ရင္းအတြင္းေန အမည္မေဖာ္လိုသူ သတင္းအရင္းအျမစ္က MPA သို႔ ဆက္လက္ေျပာၾကားသည္။

“ေန႔လယ္ ၂ နာရီေလာက္က ျဖစ္တာ။ တာေဝးပစ္လက္နက္နဲ႔ ေက်ာင္းနိမ့္ကိုထုတာ။ စစ္ဘက္အေခၚေတာ့ လြယ္လြယ္ေျပာရရင္လက္နက္ႀကီးေပါ့။ ပစ္တဲ့အနားပဲ ျပန္က်ေတာ့ တပ္ရင္းထဲမွာပဲ ၁၀ ေက်ာ္ေသသြားတယ္”ဟု ၂၈၅ တပ္ရင္းအတြင္းေန အမည္မေဖာ္လိုသူ သတင္းအရင္းအျမစ္က ရွင္းျပသည္။

ယေန႔ နံနက္ ၆ နာရီ ၃၀ မိနစ္က စတင္ခဲ့သည့္ အၾကမ္းဖက္စစ္ေကာင္စီ တပ္သားမ်ားႏွင့္ ပုေလာအေျခစိုက္ မဟာမိတ္တပ္ေပါင္းစုတပ္မ်ား ထိေတြ႕မႈျဖစ္ပြားသည့္ ေက်ာင္းနိမ့္တိုက္ပြဲသည္ ယေန႔ ညေန ၃ နာရီ ၄ ၅မိနစ္ခန႔္က ယာယီရပ္နားခဲ့ေၾကာင္း ပုေလာျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PPDF) ရဲေဘာ္တစ္ဦးက ေျပာသည္။

ယင္းတိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ၆ ဦးေသဆုံးကာ ၁၂ ဦး ဒဏ္ရာရရွိခဲ့ၿပီး ပုေလာျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PPDF) မွ ၁ ဦး က်ဆုံးကာ ၂ ဦး ဒဏ္ရာရရွိခဲ့သည္ဟု သိရွိရသည္။

ယင္းစာရင္းသည္ ယေန႔တိုက္ပြဲ ယာယီရပ္နားစဥ္အထိ သိရွိရေသာ စာရင္းျဖစ္ေၾကာင္း ပုေလာျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PPDF) ရဲေဘာ္တစ္ဦးက ေျပာသည္။
“ပြဲက ခုနကေလးတင္ ခဏရပ္သြားတယ္။ သူတို႔ အေလာင္းျပန္ေကာက္ၿပီး သယ္ေနၾကတယ္။ ဒဏ္ရာရထားတဲ့သူေတြကို ေနာက္ေရာက္လာတဲ့ အင္အား ၈၀ ေက်ာ္နဲ႔ ျပန္အင္အားျဖည့္ေနတယ္။ တကယ့္တိုက္ပြဲႀကီးပဲ”ဟု ပုေလာျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PPDF) ရဲေဘာ္တစ္ဦးက ေျပာသည္။

တိုက္ပြဲေၾကာင့္ ပုေလာၿမိဳ႕နယ္၊ ေက်ာင္းနိမ့္႐ြာေန ေဒသခံျပည္သူမ်ား ထြက္ေျပးပုန္းေရွာင္ေနရၿပီး အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ယင္း႐ြာရွိ ေနအိမ္ ၇ လုံးကို မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ေဝဟင္ေထာက္လွမ္းေရးျဖစ္သည့္ Drone ဓာတ္ပုံမ်ားအရ သိရေၾကာင္း ပုေလာျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PPDF) ရဲေဘာ္တစ္ဦးက ေျပာသည္။

လက္ရွိ တိုက္ပြဲအေျခအေနမ်ားမွာ MPA သို႔ ေနာက္ဆုံးေပးပို႔သည့္ သတင္းအခ်က္အလက္မ်ားျဖစ္ၿပီး အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕သည္ ေက်ာင္းနိမ့္႐ြာကို သိမ္းပိုက္ႏိုင္ျခင္းမရွိဘဲ အၿပီးသတ္စြန႔္ခြာေနၿပီျဖစ္ေၾကာင္းႏွင့္ အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ေသဆုံးရဲေဘာ္ ၁၆ ဦးေက်ာ္ႏွင့္ ဒဏ္ရာရရွိသူဦးေရ ၃၀ ဦးထက္ မနည္းရွိေၾကာင္း သတင္းရရွိသည္။

MPA

တပ်ထဲမှာ မကျေနပ်သမျှ အပြင်မှာ ချင်းချင်းရှင်းနေကြသလိုဖဲ

အကြမ်းဖက်စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် ကိုယ့်လူကိုယ်ထိပြီး ၁၀ ဦးကျော် သေဆုံး

13 Jun 2022 By MPA

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ၂၈၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် ချို့ယွင်းမှုဖြစ်ပွားပြီး ကိုယ့်လူကိုယ်ထိကာ ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း ၂၈၅ တပ်ရင်းအတွင်းနေ အမည်မဖော်လိုသူ သတင်းအရင်းအမြစ်က MPA သို့ သတင်းပေးသည်။

ယင်း လက်နက်ကြီးပစ်ခတ်ရာတွင် ချို့ယွင်းမှုဖြစ်ပေါ်မှုကြောင့် လက်နက်ကြီးအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သေဆုံးကာ ၄ ဦး ဆေးရုံတင်ထားရကြောင်း ၂၈၅ တပ်ရင်းအတွင်းနေ အမည်မဖော်လိုသူ သတင်းအရင်းအမြစ်က MPA သို့ ဆက်လက်ပြောကြားသည်။

“နေ့လယ် ၂ နာရီလောက်က ဖြစ်တာ။ တာဝေးပစ်လက်နက်နဲ့ ကျောင်းနိမ့်ကိုထုတာ။ စစ်ဘက်အခေါ်တော့ လွယ်လွယ်ပြောရရင်လက်နက်ကြီးပေါ့။ ပစ်တဲ့အနားပဲ ပြန်ကျတော့ တပ်ရင်းထဲမှာပဲ ၁၀ ကျော်သေသွားတယ်”ဟု ၂၈၅ တပ်ရင်းအတွင်းနေ အမည်မဖော်လိုသူ သတင်းအရင်းအမြစ်က ရှင်းပြသည်။

ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်က စတင်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ပုလောအခြေစိုက် မဟာမိတ်တပ်ပေါင်းစုတပ်များ ထိတွေ့မှုဖြစ်ပွားသည့် ကျောင်းနိမ့်တိုက်ပွဲသည် ယနေ့ ညနေ ၃ နာရီ ၄ ၅မိနစ်ခန့်က ယာယီရပ်နားခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) ရဲဘော်တစ်ဦးက ပြောသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) မှ ၁ ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

ယင်းစာရင်းသည် ယနေ့တိုက်ပွဲ ယာယီရပ်နားစဉ်အထိ သိရှိရသော စာရင်းဖြစ်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) ရဲဘော်တစ်ဦးက ပြောသည်။
“ပွဲက ခုနကလေးတင် ခဏရပ်သွားတယ်။ သူတို့ အလောင်းပြန်ကောက်ပြီး သယ်နေကြတယ်။ ဒဏ်ရာရထားတဲ့သူတွေကို နောက်ရောက်လာတဲ့ အင်အား ၈၀ ကျော်နဲ့ ပြန်အင်အားဖြည့်နေတယ်။ တကယ့်တိုက်ပွဲကြီးပဲ”ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာနေ ဒေသခံပြည်သူများ ထွက်ပြေးပုန်းရှောင်နေရပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ယင်းရွာရှိ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝေဟင်ထောက်လှမ်းရေးဖြစ်သည့် Drone ဓာတ်ပုံများအရ သိရကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ရဲဘော်တစ်ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲအခြေအနေများမှာ MPA သို့ နောက်ဆုံးပေးပို့သည့် သတင်းအချက်အလက်များဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ကျောင်းနိမ့်ရွာကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အပြီးသတ်စွန့်ခွာနေပြီဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးရဲဘော် ၁၆ ဦးကျော်နှင့် ဒဏ်ရာရရှိသူဦးရေ ၃၀ ဦးထက် မနည်းရှိကြောင်း သတင်းရရှိသည်။

MPA