Local News

စခန္းသိမ္းဖို႔ ပုစဥ္းကူ လာလို႔သာပါ့

စစ္အုပ္စု အထိနာလို႔ ရဟတ္ယာဥ္နဲ႔ စစ္ကူလာခဲ့ရတဲ့ ဝက္လက္ ရွိမၼကားရဲစခန္း တိုက္ပြဲ၊

ဇြန္ – ၁၃

စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္ ရွိမၼကားရဲစခန္းကို ေဒသကာကြယ္ေရး မဟာမိတ္တပ္ဖြဲ႕ေတြက မေန႔က ဇြန္(၁၂)ရက္ ညေနပိုင္းအခ်ိန္ စီးနင္းတိုက္ခိုက္ခဲ့ရာမွာ စစ္အုပ္စု အထိနာခဲ့ၿပီး လာေရာက္ ပစ္ကူေပးခဲ့တာေၾကာင့္ စခန္းမသိမ္းႏိုင္ခဲ့ဘဲ ျပန္လည္ဆုတ္ခြာ ခဲ့ရတယ္လို႔ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက သတင္း ထုတ္ျပန္ပါတယ္။

“ရွိန္းမကား နယ္ေျမရဲစခန္းအား ဝင္ေရာက္တိုက္ခိုက္ရာ တစ္နာရီခန႔္ Battle (ရင္ဆိုင္တိုက္ပြဲ) ယွဥ္ပစ္ရာ စခေတြ ဘက္မွ အထိနာ၍ ညေန (၆) နာရီခန႔္တြင္ နမခမွ Mi-35 ျဖင့္ လာေရာက္ ပစ္ခတ္ေသာေၾကာင့္ စခန္းမသိမ္းႏိုင္ဘဲ ျပန္လည္ ဆုတ္ခြာခဲ့ရပါသည္။

စခန္းသိမ္းစဥ္ မိမိတို႔ဘက္မွ ရဲေဘာ္ သုံးဦး မစိုးရိမ္ရ ဒဏ္ရာရရွိခဲ့ၿပီး စခမ်ား အထိအခိုက္ကို မသိရွိရေသးပါေၾကာင္း သတင္းထုတ္ျပန္ေၾကညာအပ္ပါသည္” လို႔ တိုက္ပြဲမွာ ပါဝင္ခဲ့တဲ့ ဝက္လက္ Gz Special Task Fore အဖြဲ႕က ေဖာ္ျပပါတယ္။

ဇြန္(၁၂)ရက္ မနက္(၁၀)နာရီက ဝက္လက္ၿမိဳ႕နယ္ ရွိန္းမကား႐ြာ ေတာင္ဘက္ ေဘးမဲ့ေတာအနီး သဲကုန္းမွာရွိတဲ့ စိုက္ခင္းတဲေတြကို ရွိန္းမကားစခန္းထဲက ထြက္လာတဲ့ အၾကမ္းဖက္စစ္အုပ္စုက မီးရႈိ႕ ဖ်က္ဆီးေနတဲ့အတြက္ ေဒသကာကြယ္ေရး မဟာမိတ္တပ္ေပါင္းစုေတြက သြားေရာက္ တိုက္ခိုက္ခဲ့ၿပီး စကစ သုံးေယာက္ကို သုတ္သင္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ အဲ့ဒီေနာက္ ညေနပိုင္းမွာ ရွိမၼကားရဲစခန္းကို ဆက္လက္ၿပီး စီးနင္းတိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

အဲ့ဒီ တိုက္ခိုက္မႈေတြကို ဝက္လက္ေဒသ ကာကြယ္ေရး မဟာမိတ္ တပ္ဖြဲ႕ေတြျဖစ္တဲ့ ေတာႀကီးေႁမြေပြး၊ လွ်ပ္စီး‌ေပ်ာက္က်ား-ဝက္လက္၊ GZ Special Task Force၊ နယ္စည္းမျခား ေတာ္လွန္ေရး အင္အားစု၊ Adventure၊ Tiger King၊ မတၱရာ ပကဖ၊ စဥ့္ကူးပကဖ ႏွင့္ LDF ေတြ ပူးေပါင္းတိုက္ခိုက္ခဲ့တာလို႔ ေဖာ္ျပပါတယ္။

လက္ရွိမွာ အၾကမ္းဖက္ စစ္အုပ္စုက ေဒသတြင္း ေသာင္းက်န္းေနၿပီး တိုက္ပြဲေတြ ျဖစ္ပြားႏိုင္တာေၾကာင့္ အမ်ားျပည္သူ အေနနဲ႔ ဗ်ဴဟာလမ္း(ခ႐ိုင္ခ်င္းဆက္လမ္း)ကို ကာကြယ္ေရး တပ္ဖြဲ႕မ်ားမွ တစုံတရာ ထပ္မံ မထုတ္ျပန္မခ်င္း အသုံးမျပဳၾကဖို႔လည္း ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက သတိေပး တိုက္တြန္းထားပါတယ္။

အၾကမ္းဖက္စစ္အုပ္စုဟာ ဝက္လက္နယ္ထဲ ႐ြာစဥ္ပတ္ေမႊ ေသာင္းက်န္းေနၿပီး လူသတ္၊ လုယက္၊ ေနအိမ္မီးရႈိ႕၊ ဖမ္းဆီးေငြညႇစ္တာေတြ ထင္တိုင္းက်ဲ က်ဴးလြန္ေနပါတယ္။ စစ္အုပ္စုဟာ ဝက္လက္နယ္ထဲ တိုက္ပြဲျဖစ္ၿပီး အထိနာတိုင္း အခုလို ရဟတ္ယာဥ္သုံးၿပီး ပစ္ခတ္တိုက္ခိုက္တာ သုံးႀကိမ္ထက္မနည္း ရွိၿပီလို႔ ေဒသကာကြယ္ေရး ရဲေဘာ္ေတြက ေျပာပါတယ္။

MFP

စစ်အုပ်စု အထိနာလို့ ရဟတ်ယာဉ်နဲ့ စစ်ကူလာခဲ့ရတဲ့ ဝက်လက် ရှိမ္မကားရဲစခန်း တိုက်ပွဲ၊

ဇွန် – ၁၃

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှိမ္မကားရဲစခန်းကို ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တွေက မနေ့က ဇွန်(၁၂)ရက် ညနေပိုင်းအချိန် စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စု အထိနာခဲ့ပြီး လာရောက် ပစ်ကူပေးခဲ့တာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာ ခဲ့ရတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

“ရှိန်းမကား နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ တစ်နာရီခန့် Battle (ရင်ဆိုင်တိုက်ပွဲ) ယှဉ်ပစ်ရာ စခတွေ ဘက်မှ အထိနာ၍ ညနေ (၆) နာရီခန့်တွင် နမခမှ Mi-35 ဖြင့် လာရောက် ပစ်ခတ်သောကြောင့် စခန်းမသိမ်းနိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရပါသည်။

စခန်းသိမ်းစဉ် မိမိတို့ဘက်မှ ရဲဘော် သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စခများ အထိအခိုက်ကို မသိရှိရသေးပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်” လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဝက်လက် Gz Special Task Fore အဖွဲ့က ဖော်ပြပါတယ်။

ဇွန်(၁၂)ရက် မနက်(၁၀)နာရီက ဝက်လက်မြို့နယ် ရှိန်းမကားရွာ တောင်ဘက် ဘေးမဲ့တောအနီး သဲကုန်းမှာရှိတဲ့ စိုက်ခင်းတဲတွေကို ရှိန်းမကားစခန်းထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက မီးရှို့ ဖျက်ဆီးနေတဲ့အတွက် ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက သွားရောက် တိုက်ခိုက်ခဲ့ပြီး စကစ သုံးယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ညနေပိုင်းမှာ ရှိမ္မကားရဲစခန်းကို ဆက်လက်ပြီး စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို ဝက်လက်ဒေသ ကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ တောကြီးမြွေပွေး၊ လျှပ်စီး‌ပျောက်ကျား-ဝက်လက်၊ GZ Special Task Force၊ နယ်စည်းမခြား တော်လှန်ရေး အင်အားစု၊ Adventure၊ Tiger King၊ မတ္တရာ ပကဖ၊ စဉ့်ကူးပကဖ နှင့် LDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုက ဒေသတွင်း သောင်းကျန်းနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် အများပြည်သူ အနေနဲ့ ဗျူဟာလမ်း(ခရိုင်ချင်းဆက်လမ်း)ကို ကာကွယ်ရေး တပ်ဖွဲ့များမှ တစုံတရာ ထပ်မံ မထုတ်ပြန်မချင်း အသုံးမပြုကြဖို့လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေး တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပါတယ်။ စစ်အုပ်စုဟာ ဝက်လက်နယ်ထဲ တိုက်ပွဲဖြစ်ပြီး အထိနာတိုင်း အခုလို ရဟတ်ယာဉ်သုံးပြီး ပစ်ခတ်တိုက်ခိုက်တာ သုံးကြိမ်ထက်မနည်း ရှိပြီလို့ ဒေသကာကွယ်ရေး ရဲဘော်တွေက ပြောပါတယ်။

MFP