Local News

မိန်းမယူပြီး လေးနှစ်အကြာမှာ ယောက်ျားထပ်ယူတဲ့ ဆရာဝန်အတု ဖမ်းဆီးခံရ

မိန်းမယူပြီး လေးနှစ်အကြာမှာ ယောက်ျားထပ်ယူတဲ့ ဆရာဝန်အတု ဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၁၃

၂၀၁၈ ခုနှစ်မှာ မိန်းမတစ်ယောက်နဲ့ လက်ထပ်ပြီးတဲ့နောက် ၂၀၂၂ ခုနှစ်မှာ ယောက်ျားတစ်ယောက် ထပ်ယူခဲ့တဲ့ ဆရာဝန်ဆိုသူရဲ့ အဖြစ်အပျက်ဟာ အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ လူပြောများတဲ့ အကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။

အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့တဲ့ ဒေါက်တာမင်းသစ်နိုင်ဟာ ဆရာဝန်အတုသာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိပြီးတဲ့နောက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီကနေ့မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ သိရပါတယ်။

ဒေါက်တာမင်းသစ်နိုင် ဆိုသူဟာ ဆရာဝန်တစ်ယောက်မဟုတ်ဘဲ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့အဆင့်သာရှိတဲ့သူဖြစ်ပြီးတော့ ဆရာဝန်လို့ လိမ်ညာထားသူသာဖြစ်တယ်လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီ ဒေါက်တာမင်းသစ်နိုင်ဆိုသူဟာ အမျိုးသားတစ်ဦးနဲ့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက လက်ထပ်မင်္ဂလာပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာပွဲဟာ လူမှုကွန်ရက်မှာ လူပြောများတဲ့ အကြောင်းအရာဖြစ်ခဲ့ပါတယ်။

မင်္ဂလာဖိတ်စာမှာ ထည့်သွင်းရေးသားထားတဲ့ဖော်ပြချက်အရ ဒေါက်တာ မင်းသစ်နိုင်ရဲ့မော်လမြိုင်မြို့က နေအိမ်ဟာ မြိုင်သာယာတိုးချဲ့ရပ်ကွက်ထဲမှာ တည်ရှိတယ်လို့ သိရပါတယ်။

မိန္းမယူၿပီး ေလးႏွစ္အၾကာမွာ ေယာက္်ားထပ္ယူတဲ့ ဆရာဝန္အတု ဖမ္းဆီးခံရ

ရန္ကုန္၊ ဇြန္ ၁၃

၂၀၁၈ ခုႏွစ္မွာ မိန္းမတစ္ေယာက္နဲ႔ လက္ထပ္ၿပီးတဲ့ေနာက္ ၂၀၂၂ ခုႏွစ္မွာ ေယာက္်ားတစ္ေယာက္ ထပ္ယူခဲ့တဲ့ ဆရာဝန္ဆိုသူရဲ့ အျဖစ္အပ်က္ဟာ အခုရက္ပိုင္းအတြင္း လူမႈကြန္ရက္မွာ လူေျပာမ်ားတဲ့ အေၾကာင္းအရာတစ္ခုျဖစ္ခဲ့ပါတယ္။

အမ်ိဳးသားတစ္ေယာက္နဲ႔ လက္ထပ္ခဲ့တဲ့ ေဒါက္တာမင္းသစ္နိုင္ဟာ ဆရာဝန္အတုသာျဖစ္တယ္လို႔ စစ္ေဆးေတြ႕ရွိၿပီးတဲ့ေနာက္ သက္ဆိုင္ရာတာဝန္ရွိသူေတြက ဒီကေန႔မွာ ဖမ္းဆီးထိန္းသိမ္းလိုက္တာလို႔ သိရပါတယ္။

ေဒါက္တာမင္းသစ္နိုင္ ဆိုသူဟာ ဆရာဝန္တစ္ေယာက္မဟုတ္ဘဲ တကၠသိုလ္ဝင္တန္းေအာင္ျမင္ထားတဲ့အဆင့္သာရွိတဲ့သူျဖစ္ၿပီးေတာ့ ဆရာဝန္လို႔ လိမ္ညာထားသူသာျဖစ္တယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕ခံတစ္ဦးက ေျပာျပပါတယ္။

အဲ့ဒီ ေဒါက္တာမင္းသစ္နိုင္ဆိုသူဟာ အမ်ိဳးသားတစ္ဦးနဲ႔ ၿပီးခဲ့တဲ့ ဇြန္လဆန္းပိုင္းက လက္ထပ္မဂၤလာပြဲ ျပဳလုပ္ခဲ့တာျဖစ္ၿပီး သူတို႔ရဲ့ မဂၤလာပြဲဟာ လူမႈကြန္ရက္မွာ လူေျပာမ်ားတဲ့ အေၾကာင္းအရာျဖစ္ခဲ့ပါတယ္။

မဂၤလာဖိတ္စာမွာ ထည့္သြင္းေရးသားထားတဲ့ေဖာ္ျပခ်က္အရ ေဒါက္တာ မင္းသစ္နိုင္ရဲ့ေမာ္လၿမိဳင္ၿမိဳ႕က ေနအိမ္ဟာ ၿမိဳင္သာယာတိုးခ်ဲ႕ရပ္ကြက္ထဲမွာ တည္ရွိတယ္လို႔ သိရပါတယ္။