Local News

ဘယ္ႏွစ္ခါမွန္းမသိ အႀကိမ္ႀကိမ္ ၾကည့္မိတဲ့ video

ဘယ္ႏွစ္ခါမွန္းမသိ အႀကိမ္ႀကိမ္ ၾကည့္မိတဲ့ video

ေျမာင္တြင္ စက္သုံးဆီတင္သေဘၤာကို လုံၿခဳံေရးယူေပးသည့္ စစ္သေဘၤာကို ဒ႐ုန္းျဖင့္ ဗုံးက်ဲခ်ရာ သေဘၤာတည့္တည့္ထိမွန္၊ စစ္သား ၈ ဦးေသဆုံးႏိုင္ဟုဆို (႐ုပ္/သံ)

ရန္ကုန္၊ ဇြန္ ၁၃

စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္၊ ဆီမီးခုံဆိပ္ကမ္းမွ ဧရာဝတီျမစ္ေၾကာင္းအတိုင္း ခုတ္ေမာင္းလာေသာ စစ္ေကာင္စီ၏ ဆီတင္သေဘၤာအတြက္ လုံၿခဳံေရး ယူလိုက္ပါလာသည့္ စစ္သေဘၤာ ကို ယေန႔ ညေနပိုင္းတြင္ ေျမာင္ၿမိဳ႕နယ္မွ မဟာ မိတ္ LDF မ်ားက ဒ႐ုန္းျဖင့္ အီနာဂါ ဗုံးက်ဲခ်ေၾကာင္း ၊ တည့္တည့္မတ္မတ္ထိမွန္သြားေၾကာင္း ေျမာင္ၿမိဳ႕နယ္ LDF မ်ားထံမွ သိရွိရသည္။

စစ္သေဘၤာ ကလည္း လက္နက္ႀကီးႏွစ္ခ်က္၊ လက္နက္ငယ္ အခ်က္ေပါင္းမ်ားစြာျဖင့္ ေျမာင္နယ္ဘက္ျခမ္း ႐ြာမ်ားဆီသို႔ ပစ္ခတ္ခဲ့ေၾကာင္း၊ Speed Boat ေပၚတြင္ စစ္သား ၁၅ ဦးခန္႔၊ ပ်ဴေစာထီး ၁၅ ဦးခန္႔ ပါဝင္ေၾကာင္း သတင္းရရွိသည္။

ေျမာင္CDSOM မွ ကိုေႏြဦး၏ လူမႈကြန္ရက္တြင္ သတင္းထုတ္ျပန္ခ်က္အရ ေျမာင္ၿမိဳ႕နယ္တြင္ ယေန႔ ဇြန္လ ၁၃ ရက္ေန႔ စစ္သား ၈ ဦးေသဆုံးခဲ့ေစေသာ စစ္သေဘၤာမ်ားကို တိုက္ခိုက္မႈ မဟာမိတ္တပ္ဖြဲ႕မ်ားက လုပ္ေဆာင္ခဲ့ေၾကာင္း သိရွိရသည္။

ယေန႔ နံနက္ ၁၀ နာရီ ၉ မိနစ္အခ်ိန္ ဆီမီးခုံေရနက္ဆိပ္ကမ္းမွ စစ္သားမ်ား သည္ ဆီသေဘၤာႏွင့္ လုံၿခဳံေရးလိုက္ပါလာေသာ စစ္သေဘၤာ ၈ စီးကို ႀကိဳဆိုရန္ စုန္ဆင္းရာ လမ္းတစ္ေလွ်ာက္ လက္နက္ႀကီးမ်ားျဖင့္ လမ္းေၾကာင္းရွင္းလင္းရန္ ပစ္ခတ္သြားရာ လက္နက္ႀကီးထိမွန္၍ နဂါးေပါက္႐ြာမွ လွ်ပ္စစ္မီး ႀကိဳး ႏွစ္ေခ်ာင္းပ်က္စီးသြားခဲ့ေၾကာင္း၊ ထို႔ေနာက္ ဆီသေဘၤာမ်ားႏွင့္ဆုံကာ အထက္သို႔ျပန္တက္လာၾကေၾကာင္း ၊ မဟာမိတ္တပ္ဖြဲ႕မ်ား၏ တိုက္ခိုက္မႈေၾကာင့္ စစ္သား ၂ ဦး ေသဆုံးသြားေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ယင္းေနာက္ မဟာမိတ္တပ္ဖြဲ႕မ်ားက ဒ႐ုန္းျဖင့္ ေထာက္ပို႔ဆီသေဘၤာမ်ားကို ဖ်က္ ဆီးရန္စီစဥ္ခဲ့ေသာ္လည္း သေဘၤာမီးေလာင္၍ ျမစ္ေၾကာင္းအတြင္းေမ်ာကုန္လွ်င္ ျမစ္ေဘး႐ြာမ်ား မီးေလာင္ကုန္မည္စိုးရိမ္သျဖင့္ ၆၀မမ လက္ နက္ႀကီးတပ္ဆင္၍ လုံၿခဳံေရးလိုက္လာေသာ စစ္သေဘၤာကိုညေန ၄ နာရီတြင္ ဒ႐ုန္းျဖင့္ ဗုံးက်ဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

ဒ႐ုန္းျဖင့္ ဗုံးက်ဲရာတြင္ စစ္သေဘၤာ အလည္တည့္တည့္သို႔က်ေရာက္ေပါက္ကြဲရ သေဘၤာကုန္းပတ္ေပၚရပ္ေနေသာ စစ္သား ၂ ဦးသာ သာထြက္ေျပးႏိုင္ေတာ့သျဖင့္ အနည္းဆုံးစစ္သား ၈ ဦးေသဆုံးႏိုင္ေၾကာင္း သိရွိရသည္။

ယေန႔ စစ္တပ္သေဘၤာကို တိုက္ခိုက္မႈတြင္

၁၊ေျမာင္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးႏွင့္လုံၿခဳံေရးအဖြဲ႕ CDSOM

၂၊ PDF TALOKE

၃၊ စစ္ကိုင္းခ႐ိုင္တပ္ရင္း ၁၊၂မွ တပ္ခြဲ ၃

၄၊ MGN RANGER

၅၊ MGN TIGER

၆၊ CRF ျမင္းမူၿမိဳ႕ျပေတာ္လွန္ေရးအဖြဲ႕

၇၊ M2W အမ်ိဳးသမီးစစ္သည္ေတာ္တပ္( ေထာက္ပို႔အားျဖည့္ေပးမႈ)

၈၊ YFPDF

၉၊ CRA ေခ်ာင္းဦး တို႔ပါဝင္ေၾကာင္း သိရွိရသည္။

ဘယ်နှစ်ခါမှန်းမသိ အကြိမ်ကြိမ် ကြည့်မိတဲ့ video

မြောင်တွင် စက်သုံးဆီတင်သင်္ဘောကို လုံခြုံရေးယူပေးသည့် စစ်သင်္ဘောကို ဒရုန်းဖြင့် ဗုံးကျဲချရာ သင်္ဘောတည့်တည့်ထိမှန်၊ စစ်သား ၈ ဦးသေဆုံးနိုင်ဟုဆို (ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၁၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆီမီးခုံဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ခုတ်မောင်းလာသော စစ်ကောင်စီ၏ ဆီတင်သင်္ဘောအတွက် လုံခြုံရေး ယူလိုက်ပါလာသည့် စစ်သင်္ဘော ကို ယနေ့ ညနေပိုင်းတွင် မြောင်မြို့နယ်မှ မဟာ မိတ် LDF များက ဒရုန်းဖြင့် အီနာဂါ ဗုံးကျဲချကြောင်း ၊ တည့်တည့်မတ်မတ်ထိမှန်သွားကြောင်း မြောင်မြို့နယ် LDF များထံမှ သိရှိရသည်။

စစ်သင်္ဘော ကလည်း လက်နက်ကြီးနှစ်ချက်၊ လက်နက်ငယ် အချက်ပေါင်းများစွာဖြင့် မြောင်နယ်ဘက်ခြမ်း ရွာများဆီသို့ ပစ်ခတ်ခဲ့ကြောင်း၊ Speed Boat ပေါ်တွင် စစ်သား ၁၅ ဦးခန့်၊ ပျူစောထီး ၁၅ ဦးခန့် ပါဝင်ကြောင်း သတင်းရရှိသည်။

မြောင်CDSOM မှ ကိုနွေဦး၏ လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ချက်အရ မြောင်မြို့နယ်တွင် ယနေ့ ဇွန်လ ၁၃ ရက်နေ့ စစ်သား ၈ ဦးသေဆုံးခဲ့စေသော စစ်သင်္ဘောများကို တိုက်ခိုက်မှု မဟာမိတ်တပ်ဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၉ မိနစ်အချိန် ဆီမီးခုံရေနက်ဆိပ်ကမ်းမှ စစ်သားများ သည် ဆီသင်္ဘောနှင့် လုံခြုံရေးလိုက်ပါလာသော စစ်သင်္ဘော ၈ စီးကို ကြိုဆိုရန် စုန်ဆင်းရာ လမ်းတစ်လျှောက် လက်နက်ကြီးများဖြင့် လမ်းကြောင်းရှင်းလင်းရန် ပစ်ခတ်သွားရာ လက်နက်ကြီးထိမှန်၍ နဂါးပေါက်ရွာမှ လျှပ်စစ်မီး ကြိုး နှစ်ချောင်းပျက်စီးသွားခဲ့ကြောင်း၊ ထို့နောက် ဆီသင်္ဘောများနှင့်ဆုံကာ အထက်သို့ပြန်တက်လာကြကြောင်း ၊ မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းနောက် မဟာမိတ်တပ်ဖွဲ့များက ဒရုန်းဖြင့် ထောက်ပို့ဆီသင်္ဘောများကို ဖျက် ဆီးရန်စီစဉ်ခဲ့သော်လည်း သင်္ဘောမီးလောင်၍ မြစ်ကြောင်းအတွင်းမျောကုန်လျှင် မြစ်ဘေးရွာများ မီးလောင်ကုန်မည်စိုးရိမ်သဖြင့် ၆၀မမ လက် နက်ကြီးတပ်ဆင်၍ လုံခြုံရေးလိုက်လာသော စစ်သင်္ဘောကိုညနေ ၄ နာရီတွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဒရုန်းဖြင့် ဗုံးကျဲရာတွင် စစ်သင်္ဘော အလည်တည့်တည့်သို့ကျရောက်ပေါက်ကွဲရ သင်္ဘောကုန်းပတ်ပေါ်ရပ်နေသော စစ်သား ၂ ဦးသာ သာထွက်ပြေးနိုင်တော့သဖြင့် အနည်းဆုံးစစ်သား ၈ ဦးသေဆုံးနိုင်ကြောင်း သိရှိရသည်။

ယနေ့ စစ်တပ်သင်္ဘောကို တိုက်ခိုက်မှုတွင်

၁၊မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM

၂၊ PDF TALOKE

၃၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁၊၂မှ တပ်ခွဲ ၃

၄၊ MGN RANGER

၅၊ MGN TIGER

၆၊ CRF မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့

၇၊ M2W အမျိုးသမီးစစ်သည်တော်တပ်( ထောက်ပို့အားဖြည့်ပေးမှု)

၈၊ YFPDF

၉၊ CRA ချောင်းဦး တို့ပါဝင်ကြောင်း သိရှိရသည်။