ရွမ္းတဲေလတပ္စခန္းဌာနခ်ဳပ္မႉး ဗိုလ္ခ်ဳပ္ စိုးေအာင္၏ ကိုယ္ေရးအရာရွိႏွင့္ မဂၤလာဒုံေလတပ္မွ အုပ္ခြဲတပ္ၾကပ္ႀကီး တင္ေက်ာ္ဦးတို႔ကို PDF ေထာက္ ပံ့သည္၊
ဖရဲသီးလုပ္သည္ဆိုေသာ စြပ္စြဲခ်က္မ်ားျဖင့္ စစ္ဖက္ေရးရာ ေထာက္ လွမ္းေရးတပ္ဖြဲ႕က ဖမ္းဆီး
ရန္ကုန္၊ ဇြန္ ၁၄
မႏၲေလးတိုင္း၊ မိတၱီလာရွိ ရွမ္းတဲေလတပ္စခန္းမွ ဌာနခ်ဳပ္မႉး ဗိုလ္ခ်ဳပ္စိုးေအာင္၏ PSO ေလတပ္အရာရွိတစ္ဦး၊ မဂၤလာဒုံေလတပ္စခန္းမွ အုပ္ခြဲတပ္ၾကပ္ႀကီး တင္ေက်ာ္ဦးတို႔ကို PDF ေထာက္ပံ့သည္၊ ဖရဲသီးလုပ္၍ သတင္းမ်ား ျဖန႔္ခ်ိသည္ဆိုေသာ စြပ္စြဲခ်က္မ်ားျဖင့္ ယခုရက္ပိုင္းအတြင္း ဖမ္းဆီးလိုက္ေၾကာင္း ေလတပ္ သတင္းရင္းျမစ္က ေျပာသည္။
ဇြန္လ ၉ ရက္ေန႔တြင္ အုပ္ခြဲတပ္ၾကပ္ႀကီး တင္ေက်ာ္ဦးကိုလည္းေကာင္း၊ ရွမ္းတဲေလတပ္စခန္း ဌာနခ်ဳပ္မႉး PSO ေလတပ္အရာရွိကိုလည္းေကာင္း စစ္ဖက္ေရးရာ လုံၿခဳံေရးတပ္ဖြဲ႕က ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ရွမ္းတဲေလတပ္ ဗိုလ္ခ်ဳပ္ စိုးေအာင္ရဲ႕ PSO ကိုလည္း စရဖက ဝင္ဖမ္းတယ္။ မဂၤလာဒုံေလတပ္ Y8 ေလယာဥ္ အုပ္ခြဲတပ္ၾကပ္ႀကီး တင္ေက်ာ္ဦးကိုလည္း စစ္တပ္က ဖမ္းသြားတယ္။ ဇြန္လ ၉ ရက္ေန႔က ။ စြပ္စြဲခ်က္ေတြက PDF ကို ေထာက္ပံ့လို႔ ၊ ဖရဲသီးလုပ္လို႔ဆိုတဲ့ စြပ္စြဲခ်က္ေတြေပါ့” ဟု ေလတပ္သတင္းရင္းျမစ္က ေျပာသည္။
အၾကမ္းဖက္ေခါင္းေဆာင္ မင္းေအာင္လႈိင္က စစ္တပ္အတြင္းႏွင့္ ဝန္ႀကီးဌာနမ်ားအတြင္းတြင္ တပ္သတင္းမ်ား၊ ဌာနဆိုင္ရာသတင္းမ်ားကို အျပင္သို႔ ေပါက္ၾကားေစရန္ လုပ္ေဆာင္ေနေသာ ဖရဲသီးမ်ားကို ေဖာ္ထုတ္အေရးယူရန္ ၎ကိုယ္တိုင္ ၫႊန္ၾကားထားေၾကာင္း သိရွိရသည္။
ရှမ်းတဲလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင်၏ ကိုယ်ရေးအရာရှိနှင့် မင်္ဂလာဒုံလေတပ်မှ အုပ်ခွဲတပ်ကြပ်ကြီး တင်ကျော်ဦးတို့ကို PDF ထောက် ပံ့သည်၊
ဖရဲသီးလုပ်သည်ဆိုသော စွပ်စွဲချက်များဖြင့် စစ်ဖက်ရေးရာ ထောက် လှမ်းရေးတပ်ဖွဲ့က ဖမ်းဆီး
ရန်ကုန်၊ ဇွန် ၁၄
မန္တလေးတိုင်း၊ မိတ္တီလာရှိ ရှမ်းတဲလေတပ်စခန်းမှ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၏ PSO လေတပ်အရာရှိတစ်ဦး၊ မင်္ဂလာဒုံလေတပ်စခန်းမှ အုပ်ခွဲတပ်ကြပ်ကြီး တင်ကျော်ဦးတို့ကို PDF ထောက်ပံ့သည်၊ ဖရဲသီးလုပ်၍ သတင်းများ ဖြန့်ချိသည်ဆိုသော စွပ်စွဲချက်များဖြင့် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးလိုက်ကြောင်း လေတပ် သတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၉ ရက်နေ့တွင် အုပ်ခွဲတပ်ကြပ်ကြီး တင်ကျော်ဦးကိုလည်းကောင်း၊ ရှမ်းတဲလေတပ်စခန်း ဌာနချုပ်မှူး PSO လေတပ်အရာရှိကိုလည်းကောင်း စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရှမ်းတဲလေတပ် ဗိုလ်ချုပ် စိုးအောင်ရဲ့ PSO ကိုလည်း စရဖက ဝင်ဖမ်းတယ်။ မင်္ဂလာဒုံလေတပ် Y8 လေယာဉ် အုပ်ခွဲတပ်ကြပ်ကြီး တင်ကျော်ဦးကိုလည်း စစ်တပ်က ဖမ်းသွားတယ်။ ဇွန်လ ၉ ရက်နေ့က ။ စွပ်စွဲချက်တွေက PDF ကို ထောက်ပံ့လို့ ၊ ဖရဲသီးလုပ်လို့ဆိုတဲ့ စွပ်စွဲချက်တွေပေါ့” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်အတွင်းနှင့် ဝန်ကြီးဌာနများအတွင်းတွင် တပ်သတင်းများ၊ ဌာနဆိုင်ရာသတင်းများကို အပြင်သို့ ပေါက်ကြားစေရန် လုပ်ဆောင်နေသော ဖရဲသီးများကို ဖော်ထုတ်အရေးယူရန် ၎င်းကိုယ်တိုင် ညွှန်ကြားထားကြောင်း သိရှိရသည်။