Local News

ဇလြန္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ႏွင့္ ရဲတပ္သား ၂ ဦး လက္နက္မ်ားျဖင့္ ထြက္ေျပး

ဧရာဝတီတိုင္း၊ဟသၤာတခ႐ိုင္၊ ဇလြန္ၿမိဳ႕ ၊ၿမိဳ႕မရဲစခန္းတြင္ တာဝန္ထမ္းေဆာင္ေနသည့္ ဒုရဲအုပ္တစ္ဦးႏွင့္ ရဲတပ္သားႏွစ္ဦးတို႔ ဇြန္လ ၁၁ ရက္ေန႔ ညပိုင္းက လက္နက္မ်ားျဖင့္ ထြက္ေျပးသြားၾကသည္ဟု ေဒသခံမ်ားထံကသိရသည္။

“မိုးေတြ တအား႐ြာတဲ့ ၁၁ ရက္ေန႔ ညပိုင္းက CDM လုပ္ၿပီးထြက္ေျပးသြားၾကတာပါ။ ထြက္ေျပးသြားသူေတြရဲ႕ နာမည္ေတြကိုေတာ့ လုံၿခဳံေရးအရ ေျပာလို႔မရေသးဘူး၊ အတိုေတြေရာ အရွည္ေတြေရာ ပါသြားတယ္လို႔ေတာ့ သိရတယ္”ဟု ရဲတပ္ဖြဲ႕ႏွင့္နီးစပ္သည့္ ဇလြန္ၿမိဳ႕ေဒသခံတစ္ဦးက ေျပာသည္။

အဆိုပါ ရဲတပ္ဖြဲ႕ဝင္မ်ား ထြက္ေျပးသြားသည့္ ညမွ စတင္ကာ စစ္ေကာင္စီတပ္မ်ားႏွင့္ ရဲမ်ားက အပူတျပင္းလိုက္လံ ရွာေဖြေနၾကသည္ဟု ၎ကဆိုသည္။

လက္ရွိတြင္ ရဲတပ္ဖြဲ႕ဝင္မ်ား ထြက္ေျပးသည့္အေၾကာင္းအရာႏွင့္ပတ္သက္ၿပီး ဟသၤာတခ႐ိုင္ရဲ႐ုံးရွိ ရဲအရာရွိမ်ားက ဇလြန္ၿမိဳ႕တြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သူ၏ အဆိုအရ သိရသည္။

mizzima

ဇလွန်မြို့ မြို့မရဲစခန်းမှ ဒုရဲအုပ်နှင့် ရဲတပ်သား ၂ ဦး လက်နက်များဖြင့် ထွက်ပြေး

ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊ ဇလွန်မြို့ ၊မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားနှစ်ဦးတို့ ဇွန်လ ၁၁ ရက်နေ့ ညပိုင်းက လက်နက်များဖြင့် ထွက်ပြေးသွားကြသည်ဟု ဒေသခံများထံကသိရသည်။

“မိုးတွေ တအားရွာတဲ့ ၁၁ ရက်နေ့ ညပိုင်းက CDM လုပ်ပြီးထွက်ပြေးသွားကြတာပါ။ ထွက်ပြေးသွားသူတွေရဲ့ နာမည်တွေကိုတော့ လုံခြုံရေးအရ ပြောလို့မရသေးဘူး၊ အတိုတွေရော အရှည်တွေရော ပါသွားတယ်လို့တော့ သိရတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် ဇလွန်မြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသည့် ညမှ စတင်ကာ စစ်ကောင်စီတပ်များနှင့် ရဲများက အပူတပြင်းလိုက်လံ ရှာဖွေနေကြသည်ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသည့်အကြောင်းအရာနှင့်ပတ်သက်ပြီး ဟင်္သာတခရိုင်ရဲရုံးရှိ ရဲအရာရှိများက ဇလွန်မြို့တွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ၏ အဆိုအရ သိရသည်။