Local News


ဇွန်လ ၁၄ ရက်နေ့။





CRPH NUG တို့က ဖွဲ့စည်းထားသော PDF အဖွဲ့များနှင့်ပတ်သက်ပြီး သတင်းပေးပါလို့ စစ်ကောင်စီ ထုတ်ပြန်ကြေငြာ

ဇွန်လ ၁၄ ရက်နေ့။

CRPH NUG တို့က ဖွဲ့စည်းထားသော PDF အဖွဲ့များနှင့်ပတ်သက်ပြီး သတင်းပေးပါလို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါသည်။

ယင်းတို့သည် အုပ်ချုပ်ရေးယန္တရားများပျက်ပြားစေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများကို ခြိမ်းခြောက်ခြင်းများပြုလုပ်ခြင်း၊ ပြည်သူလူထုအတွင်း အကြောက်တရားများ ဖြစ်ပေါ်စေရန် အေးချမ်းစွာနေထိုင်လိုသော ပြည်သူများကို သတ်ဖြတ်ခြင်းတို့ကိုလုပ်ဆောင်သည်သာမက နိုင်ငံရေးနှင့် မည်သို့မျှ၊

သက်ဆိုင်းခြင်းမရှိသည့် ရဟန်းသံဃာများကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်တယ်ဆိုပြီး စစ်ကောင်စီရဲ့တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ထား တာဖြစ်ပါသည်။

ယင်းကဲ့သို့ ပြစ်မှုများကို ကျူးလွန်သူများအားဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြရန်နှင့် ယင်းတို့နှင့်ပတ်သက်၍ သတင်းပေးနိုင်သူများအား ထိုက်တန်စွာဆုချီးမြှင့်ပြီးထိရောက်သောအကာအကွယ်များ ဆောင်ရွက် ပေးမယ်ဆိုပြီး တော့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါသည်။