Local News

အမွတ္ ၄ လုံၿခဳံေရးရဲတပ္ရင္းတြင္ ရဲဒုတပ္ၾကပ္ ေဝယံၿဖိဳးကို

မႏၲေလး ေ႐ႊစာရံ အမွတ္ ၄ လုံၿခဳံေရးရဲတပ္ရင္းတြင္ ရဲဒုတပ္ၾကပ္ ေဝယံၿဖိဳးကို ပစ္သတ္သူ ရဲတပ္ၾကပ္စိုးတင့္ကို လူသတ္မႈျဖင့္ ပုသိမ္ႀကီးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္

ရန္ကုန္၊ ဇြန္ ၁၄

မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေ႐ႊစာရံ အမွတ္ ၄ လုံၿခဳံေရးရဲတပ္ရင္းတြင္ ဇြန္လ ၁၂ ရက္ေန႔ ညပိုင္း စကားမ်ားရန္ျဖစ္ရာမွ ရဲဒုတပ္ၾကပ္ ေဝယံၿဖိဳးကို ပစ္သတ္သူ ရဲတပ္ၾကပ္စိုးတင့္ကို လူသတ္မႈျဖင့္ ပုသိမ္ႀကီးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လိုက္ေၾကာင္း သိရွိရသည္။

ဇြန္လ ၁၂ ရက္ေန႔ ည ၈ နာရီခြဲေက်ာ္အခ်ိန္ ရဲအခ်င္းခ်င္း အရက္မူး ရန္ျဖစ္စကားမ်ားရာမွ ရဲတပ္ၾကပ္စိုးတင့္က ဒုတပ္ၾကပ္ ေဝယံၿဖိဳးကို ပစ္ခတ္သျဖင့္ ေသ ဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း၊ ရဲတပ္ၾကပ္စိုးတင့္ကို ပုဒ္မ ၃၀၂ လူသတ္မႈျဖင့္ အမႈဖြင့္ထားေၾကာင္း သိရွိရသည္။

“ပစ္တာက ၃ခ်က္။ ပထမတခ်က္ကမထိဘူး။ ဒုတိယတစ္ခ်က္မွာ ေျခေထာက္ကိုထိတယ္။ ေနာက္ဆုံးအခ်က္က ေက်ာကုန္းထိတာ။ အာ့မွာ တစ္ခါတည္းပြဲခ်င္းၿပီးေသတာ။ ဒုရဲတပ္ၾကပ္ေဝယံၿဖိဳးက ဂစ္တာတီးေနတာ။ ေသသူကတာဝန္ခ်ိန္မဟုတ္ဘူး။

ဂစ္တာတီးသီခ်င္းဆိုေနတာ။ဂိတ္ေပါက္မွာ။ သူ႔အိမ္ကဂိတ္ေပါက္နားမွာ။ ရဲတပ္ၾကပ္စိုးတင့္ကလည္း တာဝန္ခ်ိန္ေပမယ့္ ေသနတ္မကိုင္ရဘူး။အဲဒါကို သူမ်ား ေသနတ္လုပ္ၿပီး ပစ္တာလို႔ သိရတယ္။ ႏွစ္ဦးစလုံး အရက္မူးေနၾကတာ” ဟု ရဲသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

မန္တလေး ရွှေစာရံ အမှတ် ၄ လုံခြုံရေးရဲတပ်ရင်းတွင် ရဲဒုတပ်ကြပ် ဝေယံဖြိုးကို ပစ်သတ်သူ ရဲတပ်ကြပ်စိုးတင့်ကို လူသတ်မှုဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်

ရန်ကုန်၊ ဇွန် ၁၄

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံ အမှတ် ၄ လုံခြုံရေးရဲတပ်ရင်းတွင် ဇွန်လ ၁၂ ရက်နေ့ ညပိုင်း စကားများရန်ဖြစ်ရာမှ ရဲဒုတပ်ကြပ် ဝေယံဖြိုးကို ပစ်သတ်သူ ရဲတပ်ကြပ်စိုးတင့်ကို လူသတ်မှုဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီခွဲကျော်အချိန် ရဲအချင်းချင်း အရက်မူး ရန်ဖြစ်စကားများရာမှ ရဲတပ်ကြပ်စိုးတင့်က ဒုတပ်ကြပ် ဝေယံဖြိုးကို ပစ်ခတ်သဖြင့် သေ ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ်ကြပ်စိုးတင့်ကို ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

“ပစ်တာက ၃ချက်။ ပထမတချက်ကမထိဘူး။ ဒုတိယတစ်ချက်မှာ ခြေထောက်ကိုထိတယ်။ နောက်ဆုံးအချက်က ကျောကုန်းထိတာ။ အာ့မှာ တစ်ခါတည်းပွဲချင်းပြီးသေတာ။ ဒုရဲတပ်ကြပ်ဝေယံဖြိုးက ဂစ်တာတီးနေတာ။ သေသူကတာဝန်ချိန်မဟုတ်ဘူး။

ဂစ်တာတီးသီချင်းဆိုနေတာ။ဂိတ်ပေါက်မှာ။ သူ့အိမ်ကဂိတ်ပေါက်နားမှာ။ ရဲတပ်ကြပ်စိုးတင့်ကလည်း တာဝန်ချိန်ပေမယ့် သေနတ်မကိုင်ရဘူး။အဲဒါကို သူများ သေနတ်လုပ်ပြီး ပစ်တာလို့ သိရတယ်။ နှစ်ဦးစလုံး အရက်မူးနေကြတာ” ဟု ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။