ယနေ့နံနက်ပိုင်းက အထက်တန်းကျောင်းမီးရို့ဖျက်ဆီးခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် မန်ခိန်ရပ်ကွက်ရှိ အထက်တန်း ကျောင်းဆောင်တစ်ခု ယနေ့နံနက်ပိုင်း ၂နာရီဝန်းကျင်ခန့်တွင် မီးရို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
မန်ခိန်အထက်တန်းကျောင်း မီးရို့ခံရမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားသည်ကို အသေးစိတ်မသိရသေးသော်လည်း ကချင်ပြည်နယ် မီးသတ်ဦးစီးဌာအဖွဲ့မှ မသမာသူအဖွဲ့အစည်းတစ်ခု၏ လက်ချက်သာဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။
ယနေ့နံနက်ပိုင်းက အထက်တန်းကျောင်းမီးရိူ့ဖျက်ဆီးခံရ
Jun 15 ,2022/Kachin News Group
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် မန်ခိန်ရပ်ကွက်ရှိ အထက်တန်း ကျောင်းဆောင်တစ်ခု ယနေ့နံနက်ပိုင်း ၂နာရီဝန်းကျင်ခန့်တွင် မီးရိူ့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
“မီးစလောင်တာက ညသန်ခေါင် ၂နာရီခွဲလောက်မှာစလောင်တာ။ ၃နာရီလောက်မှာမီးသတ်အဖွဲ့တွေရောက်လာတော့ ပြန်ငြိမ်းသွားတယ်။
အခုမီးလောင်သွားတဲ့ကျောင်းဆောင်က အပေါ်တစ်ထပ်လုံးက ဘာမှမတွေ့ရတော့ဘူး။ အောက်ပိုင်းနည်းနည်းဘဲကျန်တယ်”ဟုမျက်မြင်သက်သေ မန်ခိန် ပြည်သူတစ်ဦးက KNG ကိုပြောဆိုသည်။
မန်ခိန်အထက်တန်းကျောင်း မီးရိူ့ခံရမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားသည်ကို အသေးစိတ်မသိရသေးသော်လည်း ကချင်ပြည်နယ် မီးသတ်ဦးစီးဌာအဖွဲ့မှ မသမာသူအဖွဲ့အစည်းတစ်ခု၏ လက်ချက်သာဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။
လက်ရှိ မြစ်ကြီးနားမြို့ပေါ်ရှိ အထက်တန်းကျောင်းများအနက် မန်ခိန်အထက်တန်းကျောင်းတွင်လည်း ယခုနှစ်တွင် ကျောင်းသူ/သားအများဆုံးတက်ရောက်နေသော ကျောင်းတစ်ခုလည်းဖြစ်ကြောင်းသိရသည်။