Local News

စစ္ေကာင္စီတပ္ပစ္ခတ္သည့္၁၂၀မမ ကင္းပုန္းဝပ္ေနသည့္စစ္ေကာင္စီတပ္သားမ်ားအနီးက်၍

စစ္ေကာင္စီတပ္ပစ္ခတ္သည့္၁၂၀မမ ကင္းပုန္းဝပ္ေနသည့္စစ္ေကာင္စီတပ္သားမ်ားအနီးက်၍၇ဦးေသ

သန္းဆင့္/People’s Spring

သထုံၿမိဳ႕နယ္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ ရမ္းသန္းပစ္ခတ္သည့္ လက္နက္ႀကီးက်ည္ စစ္ေကာင္စီတပ္သားမ်ား ကင္းပုန္းဝပ္ရာေနရာသို႔ က်ေရာက္ေပါက္ကြဲၿပီး စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၇ဦး ေသဆုံးခဲ့ေၾကာင္း သထုံျပည္သူ႔ေျပာက္က်ားမ်ားအဖြဲ႕(TPG)က ထုတ္ျပန္သည္။

သထုံၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္စခန္းမ်ားသည္ေမလ ၂၈ရက္မွ ဇြန္လ ၁၄ရက္ အတြင္း ေဒသတြင္းသို႔လက္နက္ႀကီးမ်ား ရမ္းသန္း ပစ္ခတ္ခဲ့ရာ ဝင္းပေက်း႐ြာရွိ စစ္ေကာင္စီ၏ ခမရ(၉) ဝင္းပ တပ္စခန္းမွ ပစ္ခတ္လိုက္ေသာ ၁၂၀ မမ လက္နက္ႀကီးတစ္လုံးသည္ ေဒတြင္းရွိ စစ္ေကာင္စီ၏ ဝီေယာ္ေရွ႕တန္းစခန္းနယ္ေျမမွ ကင္းပုန္းဝပ္ေနေသာ စစ္ေကာင္စီတပ္သား ၇ဦးထံ က်ေရာက္ၿပီး ၇ဦးလုံး က်ည္ထိမွန္ေသဆုံးသြားေၾကာင္း ေဖာ္ျပထားသည္။

“ ေမ ၂၈ ကေန ဇြန္ ၁၄ရက္ အတြင္း ၾကားရက္ တစ္ရက္ရက္မွာ ထိသြားတာပါ။ တိုက္ပြဲကို အာ႐ုံစိုက္ေနရလို႔ အဲဒီ က်တဲ့ေန႔က ရက္အတိအက်ကို ကြၽန္ေတာ္တို႔ ေမ့သြားတာပါ” ဟုလည္း TPGက ၎၏ ထုတ္ျပန္ခ်က္အေပၚ ရွင္းလင္းထားသည္။

စစ္ေကာင္စီတပ္ကပစ္ခတ္သည့္လက္နက္ႀကီးက်ည္ေၾကာင့္ စစ္ေကာင္စီတပ္သားမ်ားေသဆုံးရသည့္သတင္းသိသိျခင္း တင္ရန္အင္တာနက္လိုင္းအေျခအေနႏွင့္တိုက္ပြဲမ်ားဆက္တိုက္ျဖစ္ပြား​ေန​ေသာေၾကာင့္ ယေန႔တြင္ ထုတ္ျပန္ရျခင္းျဖစ္သည္ဟု ေဖာ္ျပထားၿပီး ရက္စြဲအတိအက်ကို ျပန္စုံစမ္းၿပီး ျပန္လည္ ထုတ္ျပန္ေပးသြားမည္ဟုTPGကအသိ​ေပးသည္။စစ္​ေကာင္စီတပ္​ဖြဲ႕ဝင္မ်ားေသဆုံးမႈႏွင့္ပတ္သပ္၍ People’s Spring ကသီးျခားအတည္မျပဳႏိုင္ပါ။

စစ္​ေကာင္စီတပ္ကို KNLA ႏွင့္ PDF ပူး​ေပါင္းအဖြဲ႕မ်ားက ​ေမလ ၂၈ ရက္မွစ၍မၾကာခဏတိုက္ခိုက္​ေနသည္။သထုံၿမိဳ႕နယ္ ဝီေယာ္ေက်း႐ြာႏွင့္ထုံးဘိုေလးေက်း႐ြာအၾကားတြင္ ​ေမလ ၂၈ ရက္ေန႔မွစတင္၍ဇြန္လလယ္အထိ့ KNU/KNLA တပ္မဟာ(၁) တပ္ရင္း(၂) နယ္ေျမရွိ ျပည္သူ႔ခုခံကာကြယ္ေရးအင္အားစုမ်ားႏွင့္ စစ္ေကာင္စီတို႔အၾကား တိုက္ပြဲမ်ားဆက္တိုက္ျဖစ္ပြား​ေနရာစစ္ေကာင္စီတပ္မွ အထိနာေနေသာေၾကာင့္ ေက်း႐ြာမ်ားဘက္သို႔ပါ လက္နက္ႀကီးမ်ားျဖင့္ေန႔စဥ္ရမ္းသမ္း ပစ္ခတ္လ်က္ရွိသည္။

ထို​ေၾကာင့္အနီးရွိေက်း႐ြာမ်ားမွလမ္းမ်ား ၊ တံတားမ်ားႏွင့္ေနအိမ္မ်ား ပ်က္စီးခဲ့သလိုတိုက္ပြဲအရွိန္အဟုန္ျမင့္လာေသာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ၾကေသာ ေဒသခံစစ္ေဘးေရွာင္မ်ားလည္း တစ္ေန႔ တစ္ျခားမ်ားျပားလာလ်က္ရွိ​ေၾကာင္း TPGက ထုတ္ျပန္သည္။

သထုံၿမိဳ႕နယ္သည္ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၊ တပ္မဟာ(၁)နယ္ေျမ၌ တည္ရွိၿပီးေဒသတြင္းရွိKNU လက္ေအာက္ခံတပ္မ်ား၊ ျပည္သူ႔ကာကြ္ေရးတပ္မ်ား ပူးေပါင္းၿပီး စစ္ေကာင္စီတပ္ကို တိုက္ခိုက္လ်က္ရွိသည္။

စစ်ကောင်စီတပ်ပစ်ခတ်သည့်၁၂၀မမ ကင်းပုန်းဝပ်နေသည့်စစ်ကောင်စီတပ်သားများအနီးကျ၍၇ဦးသေ

သန်းဆင့်/People’s Spring

သထုံမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ် ရမ်းသန်းပစ်ခတ်သည့် လက်နက်ကြီးကျည် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်ရာနေရာသို့ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ဦး သေဆုံးခဲ့ကြောင်း သထုံပြည်သူ့ပြောက်ကျားများအဖွဲ့(TPG)က ထုတ်ပြန်သည်။

သထုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများသည်မေလ ၂၈ရက်မှ ဇွန်လ ၁၄ရက် အတွင်း ဒေသတွင်းသို့လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ဝင်းပကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၉) ဝင်းပ တပ်စခန်းမှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးတစ်လုံးသည် ဒေတွင်းရှိ စစ်ကောင်စီ၏ ဝီယော်ရှေ့တန်းစခန်းနယ်မြေမှ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား ၇ဦးထံ ကျရောက်ပြီး ၇ဦးလုံး ကျည်ထိမှန်သေဆုံးသွားကြောင်း ဖော်ပြထားသည်။

“ မေ ၂၈ ကနေ ဇွန် ၁၄ရက် အတွင်း ကြားရက် တစ်ရက်ရက်မှာ ထိသွားတာပါ။ တိုက်ပွဲကို အာရုံစိုက်နေရလို့ အဲဒီ ကျတဲ့နေ့က ရက်အတိအကျကို ကျွန်တော်တို့ မေ့သွားတာပါ” ဟုလည်း TPGက ၎င်း၏ ထုတ်ပြန်ချက်အပေါ် ရှင်းလင်းထားသည်။

စစ်ကောင်စီတပ်ကပစ်ခတ်သည့်လက်နက်ကြီးကျည်ကြောင့် စစ်ကောင်စီတပ်သားများသေဆုံးရသည့်သတင်းသိသိခြင်း တင်ရန်အင်တာနက်လိုင်းအခြေအနေနှင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသောကြောင့် ယနေ့တွင် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး ရက်စွဲအတိအကျကို ပြန်စုံစမ်းပြီး ပြန်လည် ထုတ်ပြန်ပေးသွားမည်ဟုTPGကအသိပေးသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

စစ်ကောင်စီတပ်ကို KNLA နှင့် PDF ပူးပေါင်းအဖွဲ့များက မေလ ၂၈ ရက်မှစ၍မကြာခဏတိုက်ခိုက်နေသည်။သထုံမြို့နယ် ဝီယော်ကျေးရွာနှင့်ထုံးဘိုလေးကျေးရွာအကြားတွင် မေလ ၂၈ ရက်နေ့မှစတင်၍ဇွန်လလယ်အထိ့ KNU/KNLA တပ်မဟာ(၁) တပ်ရင်း(၂) နယ်မြေရှိ ပြည်သူ့ခုခံကာကွယ်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေရာစစ်ကောင်စီတပ်မှ အထိနာနေသောကြောင့် ကျေးရွာများဘက်သို့ပါ လက်နက်ကြီးများဖြင့်နေ့စဉ်ရမ်းသမ်း ပစ်ခတ်လျက်ရှိသည်။

ထိုကြောင့်အနီးရှိကျေးရွာများမှလမ်းများ ၊ တံတားများနှင့်နေအိမ်များ ပျက်စီးခဲ့သလိုတိုက်ပွဲအရှိန်အဟုန်မြင့်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်ကြသော ဒေသခံစစ်ဘေးရှောင်များလည်း တစ်နေ့ တစ်ခြားများပြားလာလျက်ရှိကြောင်း TPGက ထုတ်ပြန်သည်။

သထုံမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၁)နယ်မြေ၌ တည်ရှိပြီးဒေသတွင်းရှိKNU လက်အောက်ခံတပ်များ၊ ပြည်သူ့ကာကွ်ရေးတပ်များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။