PDF ေတြ အလင္းဝင္ဖို႔ ကားအျမန္ေမာင္းၿပီး လိုက္ေၾကျငာေန
ေပါင္းတည္၊ ဇြန္လ ၁၅၊ ၂၀၂၂။
ပဲခူးတိုင္း၊ ေပါင္းတည္ၿမိဳ႕မွာ လက္နက္ကိုင္ခုခံေနတဲ့ ျပည့္သူ႔ကာကြယ္ေရးတပ္သား PDF ေတြ လက္နက္ခ်အလင္းဝင္ဖို႔အတြက္ စစ္ေကာင္စီက ဇြန္လ ၁၄ ရက္ မေန႔ညက ကားကိုအျမန္ေမာင္းကာ လိုက္လံေၾကညာခဲ့ပါတယ္။
စစ္ေကာင္စိီရဲ႕လုံၿခဳံေရးနဲ႔ ကားအျမန္ေမာင္းကာ လိုက္လံေၾကညာေနတဲ့အတြက္ ၿမိဳ႕ခံအမ်ားစုက ဘာေတြေၾကညာမွန္းကို သဲကြဲစြာမသိရဘူးလို႔ ဆိုပါတယ္။
“PDF ေတြကို အလင္းဝင္ဖို႔ ညကလိုက္ေအာ္တာ ကားကိုအျမန္ေမာင္းသြားၿပီး ေအာ္ေနတယ္။ ေအာ္သံကလည္း အမ်ိဳးသမီးတဦးရဲ႕အသံ ျခင္ေထာင္သံနဲ႔ ေအာ္ေျပးေျပးသြားတာ မနည္းနားေထာင္လိုက္ရတယ္။ ရပ္ၿပီးေအာ္တာလည္း မဟုတ္ဘူးေလ”လို႔ ၿမိဳ႕မေတာင္ပိုင္းမွာ ေနသူတဦးက ေျပာပါတယ္။
ၿမိဳ႕ခံတဦးကလည္း “မင္းေအာင္လိူင္က ႐ူံးေနၿပီ ကမာၻကလည္း ေနရာမေပးဘူး အာစီယံမွာလည္း အရံလူပဲသြားရတယ္။ စစ္မ်က္နာကလည္း မ်ားမ်ားဖြင့္ေနရေတာ့ သူ႔ရဲ႕ခိုင္းဘက္ေတြလည္း နားခြင့္မရဘူး နားခြင့္လည္း မေပးဘူး။ ေသတာနဲ႔တပ္ေျပးကလည္း ေန႔စဥ္ျဖစ္ေနတယ္။ အဲဒါကို သူတြက္မိမယ္ ဒါေၾကာင့္ သူမႏိုင္ေတာ့မွန္းသိလို႔ PDF လူငယ္ေတြကို အခ်ိဳသပ္ ေသြးခြဲေခၚေနတာ”လို႔ ဆိုပါတယ္။
စစ္ေကာင္စီက လက္နက္စြန႔္ျပန္လာၾကဖို႔ ကမ္းလွမ္းေနေပမယ့္ ႏိုင္ငံတဝွမ္းက ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF ေတြက ေလွာင္ေျပာင္ေနၾကသလို စစ္ေကာင္စီရဲ႕ ဝါဒျဖန႔္မီဒီယာေတြကေနလည္း PDF လူငယ္ေတြ အလင္းဝင္တဲ့ဓာတ္ပုံေတြနဲ႔ ဝါဒျဖန႔္တာေတြ ျပဳလုပ္ေနပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းက မေကြးတိုင္း ငဖဲၿမိဳ႕နယ္မွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလနဲ႔မတ္လေလာက္က ဆႏၵျပရာမွာပါဝင္ခဲ့လို႔ ဖမ္းဆီးခံရမွာ ေၾကာက္ၿပီး အျခားၿမိဳ႕႐ြာေတြမွာ သြားေရွာင္ေနတဲ့သူေတြက စစ္ေကာင္စီဆီမွာ ခံဝန္ထိုးၿပီး သူတို႔အိမ္ေတြမွာ ျပန္ေနထိုင္ၾကတာကို PDF လူငယ္ေတြ အလင္းဝင္တဲ့ပုံစံမ်ိဳးနဲ႔ ဝါဒျဖန႔္တာေတြျပဳလုပ္ခဲ့ပါတယ္။
ေပါင္းတည္မွာ PDF ေတြ အလင္းဝင္လက္နက္ခ်ဖို႔ လိုက္လံေၾကညာေနတာဟာ ၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕သာျဖစ္ၿပီး ၿမိဳ႕အစြန္ဘက္ ရပ္ကြက္အခ်ိဳ႕မွာေတာ့ လိုက္လံေၾကညာတာကို မၾကားမိဘူးလို႔ သိရပါတယ္။
#ေျမလတ္အသံ
PDF တွေ အလင်းဝင်ဖို့ ကားအမြန်မောင်းပြီး လိုက်ကြေငြာနေ
ပေါင်းတည်၊ ဇွန်လ ၁၅၊ ၂၀၂၂။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ လက်နက်ကိုင်ခုခံနေတဲ့ ပြည့်သူ့ကာကွယ်ရေးတပ်သား PDF တွေ လက်နက်ချအလင်းဝင်ဖို့အတွက် စစ်ကောင်စီက ဇွန်လ ၁၄ ရက် မနေ့ညက ကားကိုအမြန်မောင်းကာ လိုက်လံကြေညာခဲ့ပါတယ်။
စစ်ကောင်စီရဲ့လုံခြုံရေးနဲ့ ကားအမြန်မောင်းကာ လိုက်လံကြေညာနေတဲ့အတွက် မြို့ခံအများစုက ဘာတွေကြေညာမှန်းကို သဲကွဲစွာမသိရဘူးလို့ ဆိုပါတယ်။
“PDF တွေကို အလင်းဝင်ဖို့ ညကလိုက်အော်တာ ကားကိုအမြန်မောင်းသွားပြီး အော်နေတယ်။ အော်သံကလည်း အမျိုးသမီးတဦးရဲ့အသံ ခြင်ထောင်သံနဲ့ အော်ပြေးပြေးသွားတာ မနည်းနားထောင်လိုက်ရတယ်။ ရပ်ပြီးအော်တာလည်း မဟုတ်ဘူးလေ”လို့ မြို့မတောင်ပိုင်းမှာ နေသူတဦးက ပြောပါတယ်။
မြို့ခံတဦးကလည်း “မင်းအောင်လိူင်က ရူံးနေပြီ ကမ္ဘာကလည်း နေရာမပေးဘူး အာစီယံမှာလည်း အရံလူပဲသွားရတယ်။ စစ်မျက်နာကလည်း များများဖွင့်နေရတော့ သူ့ရဲ့ခိုင်းဘက်တွေလည်း နားခွင့်မရဘူး နားခွင့်လည်း မပေးဘူး။ သေတာနဲ့တပ်ပြေးကလည်း နေ့စဉ်ဖြစ်နေတယ်။ အဲဒါကို သူတွက်မိမယ် ဒါကြောင့် သူမနိုင်တော့မှန်းသိလို့ PDF လူငယ်တွေကို အချိုသပ် သွေးခွဲခေါ်နေတာ”လို့ ဆိုပါတယ်။
စစ်ကောင်စီက လက်နက်စွန့်ပြန်လာကြဖို့ ကမ်းလှမ်းနေပေမယ့် နိုင်ငံတဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လှောင်ပြောင်နေကြသလို စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေကနေလည်း PDF လူငယ်တွေ အလင်းဝင်တဲ့ဓာတ်ပုံတွေနဲ့ ဝါဒဖြန့်တာတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မကွေးတိုင်း ငဖဲမြို့နယ်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနဲ့မတ်လလောက်က ဆန္ဒပြရာမှာပါဝင်ခဲ့လို့ ဖမ်းဆီးခံရမှာ ကြောက်ပြီး အခြားမြို့ရွာတွေမှာ သွားရှောင်နေတဲ့သူတွေက စစ်ကောင်စီဆီမှာ ခံဝန်ထိုးပြီး သူတို့အိမ်တွေမှာ ပြန်နေထိုင်ကြတာကို PDF လူငယ်တွေ အလင်းဝင်တဲ့ပုံစံမျိုးနဲ့ ဝါဒဖြန့်တာတွေပြုလုပ်ခဲ့ပါတယ်။
ပေါင်းတည်မှာ PDF တွေ အလင်းဝင်လက်နက်ချဖို့ လိုက်လံကြေညာနေတာဟာ မြို့ပေါ်ရပ်ကွက်အချို့သာဖြစ်ပြီး မြို့အစွန်ဘက် ရပ်ကွက်အချို့မှာတော့ လိုက်လံကြေညာတာကို မကြားမိဘူးလို့ သိရပါတယ်။
#မြေလတ်အသံ