Local News

ဂနာမၿငိမ္မင္းေအာင္လႈိင္နဲ႔ KNU နဲ႔ေတာ့ေတြ႔ၿပီ

KNU အေနျဖင့္ ဂနာမၿငိမ္မင္းေအာင္လႈိင္ႏွင့္ ေဆြးေႏြးရန္ အစီအစဥ္ မရွိ၊ ႏိုင္ငံေရး ေဆြးေႏြးရန္ မထိုက္တန္ ေသာ မင္းေအာင္လႈိင္ႏွင့္ ေဆြးေႏြးလွ်င္ မိုက္လုံးႀကီးသူဟု KNU ဗဟို အလုပ္အမႈေဆာင္ ပဒိုေစာေတာနီး ေျပာဆို

By ရန္ကုန္ေခတ္သစ္

အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္သည္ ႏိုင္ငံေရး ေဆြးေႏြးရန္ ထိုက္ တန္သူမဟုတ္ဘဲ ဂနာမၿငိမ္ျဖင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးရန္ ဒုတိယ အႀကိမ္ ဖိတ္ေခၚမႈကိုလည္း ေဆြးေႏြးစရာ လုံး၀ အေၾကာင္းမရွိေၾကာင္း ကရင္ အမ်ိဳးသားအစည္းအ႐ုံး(KNU) ဗဟိုအလုပ္အမႈေဆာင္ ပဒိုေစာေတာနီးက ရန္ကုန္ ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ရန္ကုန္ေခတ္သစ္သတင္းဌာနႏွင့္ သီးသန႔္ဆက္သြယ္ေမးျမန္းမႈတြင္ ၎က အထက္ပါအတိုင္းေျပာဆိုလိုက္ျခင္းျဖစ္သည္။

အၾကမ္းဖက္ မင္းေအာင္လႈိင္က ဧၿပီလ ၂၂ ရက္ေန႔တြင္ ၿငိမ္းခ်မ္းေရး ေဆြး ေႏြးရန္ ပထမ အႀကိမ္၊ ဇြန္လ ၁၄ ရက္ေန႔တြင္ ဒုတိယအႀကိမ္အျဖစ္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕ ERO မ်ားကို ဖိတ္ေခၚမႈမ်ား လုပ္လာ ျခင္းျဖစ္သည္။

“မင္းေအာင္လႈိင္က ၿပီးခဲ့တဲ့အဖြဲ႕ေတြနဲ႔ ေတြ႕ခဲ့တဲ့အေပၚမွာ သူဘယ္လိုမွ စိတ္ ေက်နပ္ မႈမရခဲ့ဘူးဆိုတာ၊ ဘာမွ အလုပ္မျဖစ္ဘူးဆိုတာ က်ေနာ္တို႔ ေကာင္း ေကာင္း သိတယ္ေပါ့ေလ။ အဲဒါေၾကာင့္မို႔ အဲဒီအေနအထား ျဖစ္သြား တာပါ။ မင္းေအာင္လႈိင္အေနနဲ႔ ဘယ္လိုမွ ဂနာမၿငိမ္ႏိုင္တဲ့အေနအထားပါ။

က်ေနာ္တို႔ ေတြ႕လို႔မရဘူးဆိုတာ ရွင္းရွင္းလင္းလင္းေဖာ္ျပၿပီးသားေလ။ အဲဒါကို သူသိသိ ႀကီး နဲ႔ ထပ္ခါ ထပ္ခါလုပ္တယ္ဆိုကတည္းက သူ ေနမထိ ထိုင္မသာလို ျဖစ္ေန ၿပီ ဆိုတာ ေျပာလို႔ရပါတယ္။ က်ေနာ္တို႔ ရပ္တည္ခ်က္က ရွင္းရွင္းေလးပဲေလ။

သူတို႔နဲ႔ ဘယ္လိုမွ ေတြ႕စရာအေၾကာင္းမရွိေတာ့ဘူး။ တရားဝင္တဲ့ အဖြဲ႕ အစည္း နဲ႔ေတြ႕မွ တရားဝင္တဲ့ ေဆြးေႏြးပြဲက ေပၚလာမွာေလ” ဟု ပဒိုေစာေတာနီးက ဆိုသည္။

စစ္တပ္သည္ ႏိုင္ငံေရးမွ ထြက္ခြာရမည္ျဖစ္ၿပီး ထိုသို႔ ကတိျပဳမႈမရွိဘဲ မင္း ေအာင္ လႈိင္ ၏ ဖိတ္ေခၚမႈကို သြားေရာက္ ေဆြးေႏြးသူသည္ မိုက္လုံးႀကီးေသာ သူ သာျဖစ္သည္ဟု ပဒိုေစာေတာနီးက ဆက္လက္ေျပာဆိုသည္။

“စစ္တပ္က ႏိုင္ငံေရးက စြန႔္ခြာရမယ္။ ႏိုင္ငံေရးက စြန႔္ခြာၿပီးေတာ့ ဖက္ဒရယ္ ဒီမိုကေရစီကို တကယ္ကို ေရွးရႈမယ့္ တိုင္းသစ္ျပည္သစ္တစ္ခု တည္ေဆာက္ ဖို႔လိုအပ္တယ္။ ဖြဲ႕စည္းပုံ အေျခခံဥပေဒသစ္ကိုေတာ့ လုံး၀ကို လက္ခံရမယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔နဲ႔ အခုသြားစကားေျပာရင္ ၂၀၀၈ ဥပေဒမွာ တဝဲဝဲ လည္ျဖစ္ၿပီးေတာ့ သူတို႔ႏိုင္ငံေရးမွာ ဆက္ပါေနမွာဆိုတာက က်ေနာ္တို႔ ဘယ္ လို မွ လက္ခံလို႔မရတဲ့အေနအထား တစ္ခုရွိသြားၿပီ။

အဲဒါကို ရွင္းရွင္း လင္း လင္း လုပ္ရမယ္။ အသြင္ကူးေျပာင္းမႈ တရားမွ်တမႈကို သူတို႔ ရင္ဆိုင္ရမယ္။ ေနာက္ဆုံးအခ်က္ကေတာ့ ႏိုင္ငံေရးအရထြက္ၿပီးေတာ့ ေဆြးေႏြးပြဲ ေတြျဖစ္ လာသည့္တိုင္ေအာင္ ဒီေဆြးေႏြးပြဲမွာ ႏိုင္ငံတကာ ေစာင့္ၾကည့္မႈက လုံး၀ ပါဝင္ရမယ္။ မပါလို႔ကို မရဘူး။

ၿပီးခဲ့တဲ့ အေတြ႕အႀကဳံက အမ်ားႀကီး သင္ခန္း စာေပးၿပီးၿပီ။ ဒါေတြကို မယူတတ္ဘဲ နဲ႔ ဒီအတိုင္း သူတို႔ေခၚသလို သြားေန မယ္ဆိုရင္ က်ေနာ္တို႔ မိုက္လုံးႀကီးတဲ့လူ မရွိေတာ့ဘူး။ ခုဒီကာလမွ ဘယ္လိုမွ ေဆြးေႏြး လို႔မရဘူးဗ်။

ႏိုင္ငံေရးေဆြးေႏြးပြဲ၊ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒနဲ႔ ပတ္ သက္ တာေတြက သူတို႔နဲ႔ လုံး၀ မထိုက္တန္ဘူး ေဆြးေႏြးစရာမရွိဘူး ” ဟု ၎ က ဆက္လက္ ေျပာဆိုသည္။

အၾကမ္းဖက္ မင္းေအာင္လႈိင္၏ ပထမအႀကိမ္ ဖိတ္ေခၚမႈကို တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႕က လက္ခံခဲ့ၿပီး ၆ ဖြဲ႕က မင္းေအာင္လႈိင္ႏွင့္ သြားေရာက္ ေတြ႕ဆုံၿပီးၿပီျဖစ္သည္။

KNU အနေဖြင့် ဂနာမငြိမ်မင်းအောင်လှိုင်နှင့် ဆွေးနွေးရန် အစီအစဉ် မရှိ၊ နိုင်ငံရေး ဆွေးနွေးရန် မထိုက်တန် သော မင်းအောင်လှိုင်နှင့် ဆွေးနွေးလျှင် မိုက်လုံးကြီးသူဟု KNU ဗဟို အလုပ်အမှုဆောင် ပဒိုစောတောနီး ပြောဆို

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံရေး ဆွေးနွေးရန် ထိုက် တန်သူမဟုတ်ဘဲ ဂနာမငြိမ်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဒုတိယ အကြိမ် ဖိတ်ခေါ်မှုကိုလည်း ဆွေးနွေးစရာ လုံး၀ အကြောင်းမရှိကြောင်း ကရင် အမျိုးသားအစည်းအရုံး(KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်ဆက်သွယ်မေးမြန်းမှုတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေး နွေးရန် ပထမ အကြိမ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ERO များကို ဖိတ်ခေါ်မှုများ လုပ်လာ ခြင်းဖြစ်သည်။

“မင်းအောင်လှိုင်က ပြီးခဲ့တဲ့အဖွဲ့တွေနဲ့ တွေ့ခဲ့တဲ့အပေါ်မှာ သူဘယ်လိုမှ စိတ် ကျေနပ် မှုမရခဲ့ဘူးဆိုတာ၊ ဘာမှ အလုပ်မဖြစ်ဘူးဆိုတာ ကျနော်တို့ ကောင်း ကောင်း သိတယ်ပေါ့လေ။ အဲဒါကြောင့်မို့ အဲဒီအနေအထား ဖြစ်သွား တာပါ။ မင်းအောင်လှိုင်အနေနဲ့ ဘယ်လိုမှ ဂနာမငြိမ်နိုင်တဲ့အနေအထားပါ။

ကျနော်တို့ တွေ့လို့မရဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြပြီးသားလေ။ အဲဒါကို သူသိသိ ကြီး နဲ့ ထပ်ခါ ထပ်ခါလုပ်တယ်ဆိုကတည်းက သူ နေမထိ ထိုင်မသာလို ဖြစ်နေ ပြီ ဆိုတာ ပြောလို့ရပါတယ်။ ကျနော်တို့ ရပ်တည်ချက်က ရှင်းရှင်းလေးပဲလေ။

သူတို့နဲ့ ဘယ်လိုမှ တွေ့စရာအကြောင်းမရှိတော့ဘူး။ တရားဝင်တဲ့ အဖွဲ့ အစည်း နဲ့တွေ့မှ တရားဝင်တဲ့ ဆွေးနွေးပွဲက ပေါ်လာမှာလေ” ဟု ပဒိုစောတောနီးက ဆိုသည်။

စစ်တပ်သည် နိုင်ငံရေးမှ ထွက်ခွာရမည်ဖြစ်ပြီး ထိုသို့ ကတိပြုမှုမရှိဘဲ မင်း အောင် လှိုင် ၏ ဖိတ်ခေါ်မှုကို သွားရောက် ဆွေးနွေးသူသည် မိုက်လုံးကြီးသော သူ သာဖြစ်သည်ဟု ပဒိုစောတောနီးက ဆက်လက်ပြောဆိုသည်။

“စစ်တပ်က နိုင်ငံရေးက စွန့်ခွာရမယ်။ နိုင်ငံရေးက စွန့်ခွာပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီကို တကယ်ကို ရှေးရှုမယ့် တိုင်းသစ်ပြည်သစ်တစ်ခု တည်ဆောက် ဖို့လိုအပ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကိုတော့ လုံးဝကို လက်ခံရမယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့ အခုသွားစကားပြောရင် ၂၀၀၈ ဥပဒေမှာ တဝဲဝဲ လည်ဖြစ်ပြီးတော့ သူတို့နိုင်ငံရေးမှာ ဆက်ပါနေမှာဆိုတာက ကျနော်တို့ ဘယ် လို မှ လက်ခံလို့မရတဲ့အနေအထား တစ်ခုရှိသွားပြီ။

အဲဒါကို ရှင်းရှင်း လင်း လင်း လုပ်ရမယ်။ အသွင်ကူးပြောင်းမှု တရားမျှတမှုကို သူတို့ ရင်ဆိုင်ရမယ်။ နောက်ဆုံးအချက်ကတော့ နိုင်ငံရေးအရထွက်ပြီးတော့ ဆွေးနွေးပွဲ တွေဖြစ် လာသည့်တိုင်အောင် ဒီဆွေးနွေးပွဲမှာ နိုင်ငံတကာ စောင့်ကြည့်မှုက လုံး၀ ပါဝင်ရမယ်။ မပါလို့ကို မရဘူး။

ပြီးခဲ့တဲ့ အတွေ့အကြုံက အများကြီး သင်ခန်း စာပေးပြီးပြီ။ ဒါတွေကို မယူတတ်ဘဲ နဲ့ ဒီအတိုင်း သူတို့ခေါ်သလို သွားနေ မယ်ဆိုရင် ကျနော်တို့ မိုက်လုံးကြီးတဲ့လူ မရှိတော့ဘူး။ ခုဒီကာလမှ ဘယ်လိုမှ ဆွေးနွေး လို့မရဘူးဗျ။

နိုင်ငံရေးဆွေးနွေးပွဲ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ် သက် တာတွေက သူတို့နဲ့ လုံး၀ မထိုက်တန်ဘူး ဆွေးနွေးစရာမရှိဘူး ” ဟု ၎င်း က ဆက်လက် ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်၏ ပထမအကြိမ် ဖိတ်ခေါ်မှုကို တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က လက်ခံခဲ့ပြီး ၆ ဖွဲ့က မင်းအောင်လှိုင်နှင့် သွားရောက် တွေ့ဆုံပြီးပြီဖြစ်သည်။