Local News

မီတာပုံးလာျဖဳတ္တဲ့ EPC ဝန္ထမ္းသုံးဦး ေသနတ္ပစ္ခံရကာ…

မီတာပုံးလာျဖဳတ္တဲ့ EPC ဝန္ထမ္းသုံးဦး ေသနတ္ပစ္ခံရကာ..

C8 News

ရန္ကုန္၊ဇြန္ (၁၅)

မုံ႐ြာ စက္မႈဇုန္ထဲမွာ မီတာမေဆာင္လို႔ မီတာပုံးေတြလိုက္ျဖဳတ္တဲ့ EPC ႐ုံးလက္ေထာက္ႀကီးၾကပ္ေရးမႈးသုံးဦး ဒီေန႔ မနက္ပိုင္းက ေသနတ္နဲ႔ပစ္ခံရလို႔ (၂)ဦးဒဏ္ရာရၿပီး (၁)ဦးထြက္ေျပးသြားတယ္လို႔ ၿမိဳ႕ခံေတြဆီက သိရပါတယ္။

ဒီေန႔ မနက္ပိုင္းက မုံ႐ြာၿမိဳ႕နယ္ စက္မႈဇုန္ရပ္ကြက္ ဇီဇဝါလမ္းမွာ မီတာမေဆာင္တဲ့ အိမ္ေတြကို မီတာပုံးျဖဳတ္ဖို႔လာတဲ့ လက္ေထာက္ႀကီးၾကပ္ေရးမႈး သုံးဦးကို အမည္မသိေသနတ္ကိုင္ေဆာင္ထားသူေတြက ပစ္ခတ္ခဲ့လို႔ ဒဏ္ရာရရွိခဲ့တာျဖစ္တယ္လို႔ ေဒသခံတစ္ဦးက C8 News ကိုေျပာပါတယ္။

“တခ်ိဳ႕အိမ္ေတြကို မီတာလာဖတ္တယ္ တခ်ိဳ႕အိမ္ေတြကိုမီတာမေဆာင္လို႔ မီတာပုံးျဖဳတ္ဖို႔လာတာ EPC ႐ုံးကိုေတာင္မေရာက္ဘူး ေသနတ္နဲ႔ပစ္ခံရလို႔ ေဆး႐ုံေရာက္သြားတယ္လိုၾကားတယ္”လို႔ ေျပာပါတယ္။

ေသနတ္ပစ္ခတ္မႈနဲ႔ပါတ္သတ္ၿပီး မုံ႐ြာၿမိဳ႕နယ္က အုပ္ခ်ဳပ္ေရးနဲ႔နီးစပ္သူတစ္ဦးက” မီတာပုံးျဖဳတ္တာမဟုတ္ဘူး မီတာသြားဖတ္တာ အဲ့အခ်ိန္ပစ္ခံရတာ ႏွစ္ဦးဒဏ္ရာရတယ္ တစ္ဦးက ထြက္ေျပးလို႔ လြတ္တာ”လို႔ C8 News ကိုေျပာပါတယ္။

ေသနတ္နဲ႔ပစ္ခတ္ခံရၿပီး ဒဏ္ရာရရွိသူႏွစ္ဦးမွာ မုံ႐ြာလ်ပ္စစ္႐ုံးမွလက္ေထာက္ႀကီးၾကပ္ေရးမႉးဦးႏိုင္ဆန္းလင္း၊ဒုလက္ေထာက္ႀကီးၾကပ္ေရးမႉးဦးေနဝင္းထြန္းတို႔ျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ဇြန္လ(၁၂)ရက္ေန႔မွာလည္း မီတာမေဆာင္လို႔ မီးလိုက္ဖ်က္ခဲ့တဲ့ ဝန္းသိုၿမိဳ႕နယ္ EPC ႐ုံးက လွ်ပ္စစ္အင္ဂ်င္နီယာမႈး ဗိုလ္ႀကီးေဟာင္းၿဖိဳးျမတ္သူ ကိုအမည္မသိသူေတြက လွ်ပ္စစ္႐ုံးထဲဝင္ၿပီး ဓားနဲ႔ခုတ္ခဲ့ပါေသးတယ္။

မီတာပုံးလာဖြုတ်တဲ့ EPC ဝန်ထမ်းသုံးဦး သေနတ်ပစ်ခံရ၊ (၂)ဦးဒဏ်ရာရပြီး (၁)ဦးထွက်ပြေး

C8 News

ရန်ကုန်၊ဇွန် (၁၅)

မုံရွာ စက်မှုဇုန်ထဲမှာ မီတာမဆောင်လို့ မီတာပုံးတွေလိုက်ဖြုတ်တဲ့ EPC ရုံးလက်ထောက်ကြီးကြပ်ရေးမှုးသုံးဦး ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရလို့ (၂)ဦးဒဏ်ရာရပြီး (၁)ဦးထွက်ပြေးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက မုံရွာမြို့နယ် စက်မှုဇုန်ရပ်ကွက် ဇီဇဝါလမ်းမှာ မီတာမဆောင်တဲ့ အိမ်တွေကို မီတာပုံးဖြုတ်ဖို့လာတဲ့ လက်ထောက်ကြီးကြပ်ရေးမှုး သုံးဦးကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက C8 News ကိုပြောပါတယ်။

“တချို့အိမ်တွေကို မီတာလာဖတ်တယ် တချို့အိမ်တွေကိုမီတာမဆောင်လို့ မီတာပုံးဖြုတ်ဖို့လာတာ EPC ရုံးကိုတောင်မရောက်ဘူး သေနတ်နဲ့ပစ်ခံရလို့ ဆေးရုံရောက်သွားတယ်လိုကြားတယ်”လို့ ပြောပါတယ်။

သေနတ်ပစ်ခတ်မှုနဲ့ပါတ်သတ်ပြီး မုံရွာမြို့နယ်က အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက” မီတာပုံးဖြုတ်တာမဟုတ်ဘူး မီတာသွားဖတ်တာ အဲ့အချိန်ပစ်ခံရတာ နှစ်ဦးဒဏ်ရာရတယ် တစ်ဦးက ထွက်ပြေးလို့ လွတ်တာ”လို့ C8 News ကိုပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသူနှစ်ဦးမှာ မုံရွာလျပ်စစ်ရုံးမှလက်ထောက်ကြီးကြပ်ရေးမှူးဦးနိုင်ဆန်းလင်း၊ဒုလက်ထောက်ကြီးကြပ်ရေးမှူးဦးနေဝင်းထွန်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လ(၁၂)ရက်နေ့မှာလည်း မီတာမဆောင်လို့ မီးလိုက်ဖျက်ခဲ့တဲ့ ဝန်းသိုမြို့နယ် EPC ရုံးက လျှပ်စစ်အင်ဂျင်နီယာမှုး ဗိုလ်ကြီးဟောင်းဖြိုးမြတ်သူ ကိုအမည်မသိသူတွေက လျှပ်စစ်ရုံးထဲဝင်ပြီး ဓားနဲ့ခုတ်ခဲ့ပါသေးတယ်။