Local News

မိဘေတြကလည္း အေမြျပတ္စြန႔္လႊတ္ခံထားရသည့္ျပည္ၿမိဳ႕က လူငယ္တစ္ဦး ဖ႐ူဆိုၿမိဳ႕က ေရွ႕တန္းတေနရာမွာ က်ဆုံး

မိဘေတြကလည္း အေမြျပတ္စြန႔္လႊတ္ခံထားရသည့္ျပည္ၿမိဳ႕က လူငယ္တစ္ဦး ဖ႐ူဆိုၿမိဳ႕က ေရွ႕တန္းတေနရာမွာ က်ဆုံး

မိဘေတြကလည္း အေမြျပတ္စြန႔္လႊတ္ခံထားရသည့္ျပည္ၿမိဳ႕က လူငယ္တစ္ဦး ဖ႐ူဆိုၿမိဳ႕က ေရွ႕တန္းတေနရာမွာ က်ဆုံး

ဇြန္လ ၁၅ ရက္ေန႔။

ပဲခူးတိုင္း ျပည္ၿမိဳ႕က အသက္ ၂၄ ႏွစ္အ႐ြယ္ လူငယ္တစ္ဦး မေန႔က ဖ႐ူဆိုၿမိဳ႕ ေရွ႕တန္းတေနရာမွာ လက္နက္ႀကီး စမ္းသပ္ရင္း က်ဆုံးခဲ့တယ္လို႔ သိရပါသည္။

‌လက္နက္ႀကီးစမ္းသပ္ရင္း က်ဆုံးသြားတဲ့ လူငယ္ ထင္လင္ဦး( ခ) ဂ်ပန္ႀကီးဟာ PDF တပ္ဖြဲ႕ လက္နက္ထုတ္လုပ္ေရးမွာ တာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီး မေန႔က ‌ေရွ႕တန္းကို လိုက္အသြားမွာ က်ဆုံးခဲ့တာျဖစ္တယ္လို႔ သူငယ္ခ်င္းျဖစ္သူက ေျပာပါသည္။

” ေရွ႕တန္းကို လိုက္သြားတာ၊ သူ႔ကို ေရွ႕တန္းမလိုက္နဲ႔လို႔ ေျပာတာကို သူက အတင္းလိုက္သြားၿပီးေတာ့၊ လက္နက္ႀကီးစမ္းရင္းနဲ႔ က်သြားတာ” လို႔ ေျပာပါသည္။

ရဲေဘာ္ ထင္လင္းဦးဟာ၂၄ ႏွစ္ျပည့္ၿပီးထားသူျဖစ္ၿပီး လာမဲ့ ဇြန္လ ၂၀ရက္ ရက္လည္မွာ အသက္၂၅ ႏွစ္ျပည့္မွာျဖစ္သလို မိဘေတြကလည္း အေမြျပတ္စြန႔္လႊတ္ခံထားရသူျဖစ္ပါသည္။

သူဟာ အရင္က Sniper အဖြဲ႕ထဲမွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ကာ ‌အေနေအးၿပီး ကူညီတတ္သူတဦးလည္းျဖစ္တယ္လို႔ သူငယ္ခ်င္းျဖစ္သူ ရဲေဘာ္တဦးက ေျပာပါသည္။

” တပ္ရင္းမွာလဲအားကိုးရတယ္သူက၊ ေလ့က်င္းခန္းေတြဆိုလဲသူမ်ားေတြထက္ပိုၿပီးအပင္ပန္းခံလုပ္တတ္တာ၊ သူ႔ဆိုအကုန္လုံးကခ်စ္က်ခင္က်တယ္၊ ေနရင္ေပါေတာေတာနဲ႔ ႐ုပ္ကလဲဂ်ပန္႐ုပ္တ႐ုပ္ထဲပဲ၊ စိတ္ညစ္စရာရွိရင္ေတာ့တေယာက္ထဲပဲအၿမဲေျဖရွင္းတတ္တယ္၊ သူမ်ားေတြကိုဒုကၡမေပးခ်င္လို႔တဲ့၊ ခုေနာက္ပိုင္းမွ သူအိမ္ကိုလြမ္းတဲ့အေၾကာင္းနဲ႔ ထုတ္လုပ္ေရးေရာက္သြားတဲ့အေၾကာင္းေျပာျပတာ” လို႔ သူငယ္ခ်င္း ျဖစ္သူက ေျပာပါသည္။

လက္ရွိ Southern Shan PDF တပ္ရင္း ၁၀၀၅မွာ တာဝန္ထမ္းေဆာင္ရင္း လက္နက္ မေတာ္တဆမႈေၾကာင့္ ကရင္နီျပည္နယ္ ဖ႐ူဆိုၿမိဳ႕ ‌ေရွ႕တန္းမွာ က်ဆုံးခဲ့တာျဖစ္ပါသည္။

ရဲေဘာ္ထင္လင္းဦးဟာ ျပည္ၿမိဳ႕မွာလည္း စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြပါဝင္ခဲ့သူတဦးျဖစ္ၿပီး သၾကၤန္ကာလအၿပီးမွာ ျပည္ကေပ်ာက္သြားခဲ့တာျဖစ္တယ္လို႔ သိရွိရပါသည္။

မိဘတွေကလည်း အမွေပြတ်စွန့်လွှတ်ခံထားရသည့်ပြည်မြို့က လူငယ်တစ်ဦး ဖရူဆိုမြို့က ရှေ့တန်းတနေရာမှာ ကျဆုံး

မိဘတွေကလည်း အမွေပြတ်စွန့်လွှတ်ခံထားရသည့်ပြည်မြို့က လူငယ်တစ်ဦး ဖရူဆိုမြို့က ရှေ့တန်းတနေရာမှာ ကျဆုံး

ဇွန်လ ၁၅ ရက်နေ့။

ပဲခူးတိုင်း ပြည်မြို့က အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦး မနေ့က ဖရူဆိုမြို့ ရှေ့တန်းတနေရာမှာ လက်နက်ကြီး စမ်းသပ်ရင်း ကျဆုံးခဲ့တယ်လို့ သိရပါသည်။

‌လက်နက်ကြီးစမ်းသပ်ရင်း ကျဆုံးသွားတဲ့ လူငယ် ထင်လင်ဦး( ခ) ဂျပန်ကြီးဟာ PDF တပ်ဖွဲ့ လက်နက်ထုတ်လုပ်ရေးမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး မနေ့က ‌ရှေ့တန်းကို လိုက်အသွားမှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ သူငယ်ချင်းဖြစ်သူက ပြောပါသည်။

” ရှေ့တန်းကို လိုက်သွားတာ၊ သူ့ကို ရှေ့တန်းမလိုက်နဲ့လို့ ပြောတာကို သူက အတင်းလိုက်သွားပြီးတော့၊ လက်နက်ကြီးစမ်းရင်းနဲ့ ကျသွားတာ” လို့ ပြောပါသည်။

ရဲဘော် ထင်လင်းဦးဟာ၂၄ နှစ်ပြည့်ပြီးထားသူဖြစ်ပြီး လာမဲ့ ဇွန်လ ၂၀ရက် ရက်လည်မှာ အသက်၂၅ နှစ်ပြည့်မှာဖြစ်သလို မိဘတွေကလည်း အမွေပြတ်စွန့်လွှတ်ခံထားရသူဖြစ်ပါသည်။

သူဟာ အရင်က Sniper အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကာ ‌အနေအေးပြီး ကူညီတတ်သူတဦးလည်းဖြစ်တယ်လို့ သူငယ်ချင်းဖြစ်သူ ရဲဘော်တဦးက ပြောပါသည်။

” တပ်ရင်းမှာလဲအားကိုးရတယ်သူက၊ လေ့ကျင်းခန်းတွေဆိုလဲသူများတွေထက်ပိုပြီးအပင်ပန်းခံလုပ်တတ်တာ၊ သူ့ဆိုအကုန်လုံးကချစ်ကျခင်ကျတယ်၊ နေရင်ပေါတောတောနဲ့ ရုပ်ကလဲဂျပန်ရုပ်တရုပ်ထဲပဲ၊ စိတ်ညစ်စရာရှိရင်တော့တယောက်ထဲပဲအမြဲဖြေရှင်းတတ်တယ်၊ သူများတွေကိုဒုက္ခမပေးချင်လို့တဲ့၊ ခုနောက်ပိုင်းမှ သူအိမ်ကိုလွမ်းတဲ့အကြောင်းနဲ့ ထုတ်လုပ်ရေးရောက်သွားတဲ့အကြောင်းပြောပြတာ” လို့ သူငယ်ချင်း ဖြစ်သူက ပြောပါသည်။

လက်ရှိ Southern Shan PDF တပ်ရင်း ၁၀၀၅မှာ တာဝန်ထမ်းဆောင်ရင်း လက်နက် မတော်တဆမှုကြောင့် ကရင်နီပြည်နယ် ဖရူဆိုမြို့ ‌ရှေ့တန်းမှာ ကျဆုံးခဲ့တာဖြစ်ပါသည်။

ရဲဘော်ထင်လင်းဦးဟာ ပြည်မြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတဦးဖြစ်ပြီး သင်္ကြန်ကာလအပြီးမှာ ပြည်ကပျောက်သွားခဲ့တာဖြစ်တယ်လို့ သိရှိရပါသည်။