Local News

ဘူးလက္လွေဆြ People Media သို႔ ေျပာၾကားသည့္ အခ်က္အလက္မ်ားႏွင့္ပတ္သက္၍ ေဒသခံမ်ား ျငင္းဆို

ဘူးလက္လွေဆြ People Media သို႔ ေျပာၾကားသည့္ အခ်က္အလက္မ်ားႏွင့္ပတ္သက္၍ ေဒသခံမ်ား ျငင္းဆို

ဇြန္ ၁၅

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံံ့ၿဖိဳးေရးပါတီအမတ္ေဟာင္း ဦးလွေဆြက စစ္အာဏာသိမ္းမႈကိုေထာက္ခံေသာ People Media တြင္ေျပာၾကားခ်က္မ်ားႏွင့္ပတ္သက္၍ မွန္ကန္ျခင္းမရွိေၾကာင္း ေဒသခံမ်ားက ျငင္းဆိုေျပာၾကားၾကသည္။

ဇြန္လ ၃ ရက္ေန႔က ထုတ္လႊင့္ေသာ အင္တာဗ်ဴးတြင္ ဘူးလက္လွေဆြဟုလည္းလူသိမ်ားသည့္ ဂန႔္ေဂါနယ္ႀကံခိုင္ေရး အမတ္ေဟာင္း ၏ ေျပာၾကားခ်က္မ်ားကို ဂန႔္ေဂၚေဒသခံမ်ား၊ ျပည္သူ႔ကာကြယ္ေရးတပ္ႏွင့္ ေဒသခံကာကြယ္ေရးတပ္သားမ်ားက ျငင္းဆိုၾကျခင္းျဖစ္သည္။

People Media ၏ “ဂန႔္ေဂါနယ္ဘက္ PDF အင္အားေကာင္းေနသလားဆိုသည့္” ေမးျမန္းမႈတြင္ ဦးလွေဆြက “ဂန႔္ေဂါ၊ ထီးလင္း၊ ေက်ာက္ထု၊ ေဆာမွာ PDF ေတြ ၿမိဳ႕ထဲ မဝင္ႏိုင္ဘူး။ သူတို႔ ႐ြာေတြမွာပဲ ေသာင္းက်န္းေနၾကတာ။ တပ္ကသြားရင္ သူတို႔ေျပးတယ္၊ ေသၾကတာလည္း အတုံးအ႐ုန္းပဲ။

မီဒီယာမွာက် တစ္မ်ိဳးေျဖတယ္။ တပ္ကျပန္ရင္ တပ္ကေရဝင္ေသာက္တဲ့ အိမ္ကလူေတြကိုသတ္တယ္၊ တည္းတဲ့ဘုန္းႀကီးေက်ာင္းက ဘုန္းႀကီးေတြကိုသတ္တယ္၊ အသက္ ၇၀ ေက်ာ္စစ္မႈထမ္းေဟာင္းေတြကို သတ္တယ္၊ သတ္ျဖတ္မႈနဲ႔ ႀကီးစိုးေနတာေပါ့” ဟုေျဖၾကားခဲ့သည္။

သို႔ေသာ္ ဦးလွေဆြ၏ေျပာၾကားခ်က္ႏွင့္ပတ္သက္၍ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)၏ ဂန႔္ေဂါၿမိဳ႕အေျခစိုက္ အေနာက္ပိုင္းစစ္ေဒသ တပ္မဟာ(၇)ေအာက္ တပ္ရင္း(၇၀၁)မွ ဒုတပ္ရင္းမႉးထံ မဇၩိမက ဆက္သြယ္ေမးျမန္းရာတြင္ “ကြၽန္ေတာ္တို႔က ေျပာက္က်ားစစ္ေဖာ္ေဆာင္ေနတာပါ။ ဂန႔္ေဂါ၊ ထီးလင္း၊ ေက်ာက္ထု၊ ေလာင္းရွည္တို႔မွာဆို ၿမိဳ႕ေပၚအထိ ပစ္ခတ္မႈေတြလုပ္ႏိုင္ခဲ့တယ္။ သူတို႔ေတြ ( စစ္ေကာင္စီတပ္ ) အျပင္မထြက္ရဲၾကတာပါ။

ေဆာၿမိဳ႕ နယ္လွ်ပ္စစ္႐ုံးကို မီးဝင္ရႈိ႕တာေတြ၊ ဂန႔္ေဂါၿမိဳ႕နားမွာ ခလရ (၅၀) နဲ႔ အေျမာက္တပ္ရွိတာေတာင္ ၿမိဳ႕ထဲထိ ဝင္ေရာက္စစ္ေဆးမႈေတြ လုပ္ေဆာင္ႏိုင္ပါတယ္။ ၿမိဳ႕ေပၚစစ္ဆင္ေရးေတြ မ်ားစြာရွိပါတယ္။ ဘူးလက္ ေျပာသလို စစ္တပ္လာရင္ ေရဝင္ေသာက္တဲ့ အိမ္ကလူေတြသတ္၊ ႐ြာမီးရႈိ႕တာေတြ မရွိပါဘူး။ စစ္တပ္ကသာ အဲဒီလုပ္ရပ္ေတြ လုပ္တာ၊ ဘူးလက္ရဲ႕ မယားငယ္႐ြာ ေျမာက္ခင္ရမ္းမွာဆို PDF ေတြကို သတင္းေပးလို႔ဆိုၿပီး လူတစ္ေယာက္ကို လည္ပင္းကေန ႀကိဳးတုပ္ၿပီး ကားေနာက္ဆြဲသတ္တဲ့ လုပ္ရပ္မ်ိဳး သူတို႔ လုပ္ဖူးပါတယ္” ဟု ေျဖၾကားသည္။

ဂန႔္ေဂါၿမိဳ႕နယ္ေျမာက္ပိုင္းရွိ သင္ေတာ႐ြာသည္လည္း ယခုႏွစ္ ေဖေဖာ္ဝါရီလကုန္က မီးရႈိခံရမႈျဖစ္ပြားခဲ့သည္။သင္ေတာ႐ြာသူတစ္ဦးက “ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က က်မတို႔ ႐ြာကို မီးရႈိ႕သြားတာပါရွင့္။ ေျမာက္ခင္ရမ္း၊ ကုကၠား၊ ဟံသာဝတီ၊ ႀကံေတာက ပ်ဴေစာထီးေတြ မီးရႈိ႕သြားတာပါရွင့္။

ကေလးၿမိဳ႕ဘက္ကစစ္ေၾကာင္းထိုးလာတဲ့ စစ္သားေတြနဲ႔ ေျမာက္ခရမ္း၊ ကုကၠား၊ ဟံသာဝတီ ဘက္က ပ်ဴေစာထီးေတြနဲ႔ က်မတို႔ သင္ေတာ႐ြာကို စစ္ေၾကာင္းထိုးၿပီးခါမွ မီးရႈိ႕သြားတာ ျဖစ္ပါတယ္ရွင့္။ သင္ေတာကို ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔ နံနက္ ၉ နာရီ အခ်ိန္မွာ လာၿပီးရႈိ႕သြားတာ ၁၄၆ အိမ္ ျဖစ္ပါ တယ္ ရွင့္။ လူကေတာ့ အျပစ္မဲ့ျပည္သူ ဦးတင္ဝင္းကို သတ္သြားပါတယ္ရွင့္။ ပ်ဴေစာထီးေတြ ေသာင္းက်န္းလို႔ က်မတို႔ ျပည္သူေတြဒုကၡေရာက္ေနတာ” ဟု မဇၩိမကို ေျပာသည္။

PDF မ်ားသည္ ဂန႔္ေဂါနယ္တြင္ သတ္ျဖတ္မႈမ်ားလုပ္ေဆာင္ေနသည္ဆိုသည့္ ဘူးလက္လွေဆြ၏ ေျပာၾကားခ်က္ကို ရပ္ေက်းအုပ္ခ်ဴပ္ေရးအဖြဲ႕ဝင္တစ္ဦးက “႐ြာမီးရႈိ႕တာေတြ မရွိပါဘူး။ ကြၽန္ေတာ္တို႔မွာ ဘာလက္နက္မရွိေသးဘူး။ စစ္ေကာင္စီကၾကမ္းလြန္းလို႔ ေတာ္လွန္ေနတာ။ ဘူးလက္က ေသနတ္ ၁၀ လက္သာေပး ကြၽန္ေတာ္ႏိုင္ေအာင္ထိန္းမယ္ႀကိမ္းလို႔ ေတာ္လွန္ေနတာ။ ကြၽဲနန္း၊ ထယ္ ေလွာ္၊ သင္ေတာ၊ ႏွမ္းခါးတို႔ကို ေျမာက္ခင္ရမ္းကပ်ဴေတြ ႐ြာလုံးကြၽတ္မီးရႈိ႕တာ” ဟု ေျဖၾကားသည္။

စစ္ေကာင္စီက ပ်ဴေစာထီးမ်ားကို ကာဘိုင္ေသနတ္မ်ားထုတ္ေပးထားၿပီး အာဏာသိမ္းတပ္ေထာက္ခံေသာ ဟံသာဝတီ႐ြာႏွင့္ ေျမာက္ခင္ရမ္းတြင္ ဦးလွေဆြ၏ အစီအမံျဖင့္ ၁၁၀ မမ လက္နက္ႀကီးမ်ားတပ္ဆင္ေပးထားျခင္းေၾကာင့္ ကာကြယ္ေရးတပ္မ်ား ႐ြာနားမကပ္ႏိုင္ေၾကာင္းလည္း ေျဖၾကားသြားခဲ့သည္။

သို႔ေသာ္ ဂန႔္ေဂါနယ္အေျခစိုက္ ျပည္သူ႔ကာကြယ္ေရးတပ္တစ္ခုျဖစ္သည့္ People Defense Force Battalion မွ ၿပီးခဲ့သည့္ မတ္လ ၂၇ ရက္ေန႔ထုတ္ျပန္ခ်က္တြင္ ေျမာက္ခင္ရမ္းေက်း႐ြာအား ျပည္သူ႔ ကာကြယ္ေရးတပ္မ်ားမွ မတ္လ ၁၇ ရက္တြင္ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ေၾကာင္းႏွင့္ ႐ြာသား ၃၀၀ ေက်ာ္အား ကယ္ထုတ္ႏိုင္ခဲ့သည္ ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

နယ္ေျမစိုးမိုးမႈတြင္လည္း ေျမာက္ခင္ရမ္း၊ ကုကၠား၊ ဟံသာဝတီ၊ ဒင္ႀကီး အေရွ႕႐ြာ၊ အေနာက္႐ြာတို႔ႏွင့္ ဂန႔္ေဂါၿမိဳ႕ေပၚမွလြဲ၍ PDF မ်ား လြတ္လပ္စြာသြားလာႏိုင္ ေၾကာင္း ႏွင့္ အခ်ိဳ႕ေက်း႐ြာမ်ားတြင္ စာသင္ေက်ာင္းမ်ားကိုပါ ျပန္လည္ဖြင့္လွစ္ႏိုင္ေနၿပီျဖစ္ေၾကာင္း ဂန႔္ေဂါ အေျခစိုက္ NUG အေနာက္ပိုင္းစစ္ေဒသ တပ္မဟာ (၇) လက္ေအာက္ရွိ တပ္ရင္း(၇၀၁)မွ ဒုတပ္ရင္းမႉး က မဇၩိမ ကိုေျပာသည္။

ဦးလွေဆြသည္ ၂၀၁၀ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ မေကြးတိုင္းေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ (၁၂)မွ ေ႐ြးေကာက္ခံအမတ္ျဖစ္သည္။ ၎သည္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ ၂၀၁၉ ခုႏွစ္တြင္ ပုဒ္မ ၁၂၄ – (က) ျဖင့္ ဝရမ္းထုတ္ခံခဲ့ရၿပီး အမႈရင္မဆိုင္လိုေသာေၾကာင့္ တစ္ႏွစ္ေက်ာ္အၾကာ ေရွာင္ပုန္း ေန႔ခဲ့ကာ ၂၀၂၀ ႏွစ္ကုန္ ပိုင္းမွ ရဲစခန္းသို႔ လာေရာက္အဖမ္းခံခဲ့သူလည္း ျဖစ္သည္။

အာဏာသိမ္းခံရၿပီးေနာက္ ဂန႔္ေဂါနယ္တြင္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားႏွင့္ အၾကမ္းဖက္စစ္တပ္တို႔ ၾကား တိုက္ပြဲမ်ားတင္းမာေနခ်ိန္မွစတင္၍ ဦးလွေဆြသည္ ဂန႔္ေဂါတြင္ မရွိေတာ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

Data Myanmar ၏ ေဖာ္ျပခ်က္အရ ၂၀၂၁ ေဖေဖာ္ဝါရီမွ ၂၀၂၂ ေမလအထိ စစ္ေကာင္စီႏွင့္ လက္ ေအာက္ခံအဖြဲ႕အစည္းမ်ား၏ မီးရႈိ႕မႈေၾကာင့္ ပ်က္စီးသြားသည့္ အိမ္အေရအတြက္မွာ ဂန႔္ေဂါၿမိဳ႕နယ္ တစ္ခုတည္းအတြက္ စုစုေပါင္း ၆၉၄ အိမ္ ရွိေနၿပီ ျဖစ္သည္။

#Mizzima

ဘူးလက်လှဆွေ People Media သို့ ပြောကြားသည့် အချက်အလက်များနှင့်ပတ်သက်၍ ဒေသခံများ ငြင်းဆို

ဇွန် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီအမတ်ဟောင်း ဦးလှဆွေက စစ်အာဏာသိမ်းမှုကိုထောက်ခံသော People Media တွင်ပြောကြားချက်များနှင့်ပတ်သက်၍ မှန်ကန်ခြင်းမရှိကြောင်း ဒေသခံများက ငြင်းဆိုပြောကြားကြသည်။

ဇွန်လ ၃ ရက်နေ့က ထုတ်လွှင့်သော အင်တာဗျူးတွင် ဘူးလက်လှဆွေဟုလည်းလူသိများသည့် ဂန့်ဂေါနယ်ကြံခိုင်ရေး အမတ်ဟောင်း ၏ ပြောကြားချက်များကို ဂန့်ဂေါ်ဒေသခံများ၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံကာကွယ်ရေးတပ်သားများက ငြင်းဆိုကြခြင်းဖြစ်သည်။

People Media ၏ “ဂန့်ဂေါနယ်ဘက် PDF အင်အားကောင်းနေသလားဆိုသည့်” မေးမြန်းမှုတွင် ဦးလှဆွေက “ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောမှာ PDF တွေ မြို့ထဲ မဝင်နိုင်ဘူး။ သူတို့ ရွာတွေမှာပဲ သောင်းကျန်းနေကြတာ။ တပ်ကသွားရင် သူတို့ပြေးတယ်၊ သေကြတာလည်း အတုံးအရုန်းပဲ။

မီဒီယာမှာကျ တစ်မျိုးဖြေတယ်။ တပ်ကပြန်ရင် တပ်ကရေဝင်သောက်တဲ့ အိမ်ကလူတွေကိုသတ်တယ်၊ တည်းတဲ့ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေကိုသတ်တယ်၊ အသက် ၇၀ ကျော်စစ်မှုထမ်းဟောင်းတွေကို သတ်တယ်၊ သတ်ဖြတ်မှုနဲ့ ကြီးစိုးနေတာပေါ့” ဟုဖြေကြားခဲ့သည်။

သို့သော် ဦးလှဆွေ၏ပြောကြားချက်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဂန့်ဂေါမြို့အခြေစိုက် အနောက်ပိုင်းစစ်ဒေသ တပ်မဟာ(၇)အောက် တပ်ရင်း(၇၀၁)မှ ဒုတပ်ရင်းမှူးထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တို့က ပြောက်ကျားစစ်ဖော်ဆောင်နေတာပါ။ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ လောင်းရှည်တို့မှာဆို မြို့ပေါ်အထိ ပစ်ခတ်မှုတွေလုပ်နိုင်ခဲ့တယ်။ သူတို့တွေ ( စစ်ကောင်စီတပ် ) အပြင်မထွက်ရဲကြတာပါ။

ဆောမြို့ နယ်လျှပ်စစ်ရုံးကို မီးဝင်ရှို့တာတွေ၊ ဂန့်ဂေါမြို့နားမှာ ခလရ (၅၀) နဲ့ အမြောက်တပ်ရှိတာတောင် မြို့ထဲထိ ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ မြို့ပေါ်စစ်ဆင်ရေးတွေ များစွာရှိပါတယ်။ ဘူးလက် ပြောသလို စစ်တပ်လာရင် ရေဝင်သောက်တဲ့ အိမ်ကလူတွေသတ်၊ ရွာမီးရှို့တာတွေ မရှိပါဘူး။ စစ်တပ်ကသာ အဲဒီလုပ်ရပ်တွေ လုပ်တာ၊ ဘူးလက်ရဲ့ မယားငယ်ရွာ မြောက်ခင်ရမ်းမှာဆို PDF တွေကို သတင်းပေးလို့ဆိုပြီး လူတစ်ယောက်ကို လည်ပင်းကနေ ကြိုးတုပ်ပြီး ကားနောက်ဆွဲသတ်တဲ့ လုပ်ရပ်မျိုး သူတို့ လုပ်ဖူးပါတယ်” ဟု ဖြေကြားသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ သင်တောရွာသည်လည်း ယခုနှစ် ဖေဖော်ဝါရီလကုန်က မီးရှိုခံရမှုဖြစ်ပွားခဲ့သည်။သင်တောရွာသူတစ်ဦးက “ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျမတို့ ရွာကို မီးရှို့သွားတာပါရှင့်။ မြောက်ခင်ရမ်း၊ ကုက္ကား၊ ဟံသာဝတီ၊ ကြံတောက ပျူစောထီးတွေ မီးရှို့သွားတာပါရှင့်။

ကလေးမြို့ဘက်ကစစ်ကြောင်းထိုးလာတဲ့ စစ်သားတွေနဲ့ မြောက်ခရမ်း၊ ကုက္ကား၊ ဟံသာဝတီ ဘက်က ပျူစောထီးတွေနဲ့ ကျမတို့ သင်တောရွာကို စစ်ကြောင်းထိုးပြီးခါမှ မီးရှို့သွားတာ ဖြစ်ပါတယ်ရှင့်။ သင်တောကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက် ၉ နာရီ အချိန်မှာ လာပြီးရှို့သွားတာ ၁၄၆ အိမ် ဖြစ်ပါ တယ် ရှင့်။ လူကတော့ အပြစ်မဲ့ပြည်သူ ဦးတင်ဝင်းကို သတ်သွားပါတယ်ရှင့်။ ပျူစောထီးတွေ သောင်းကျန်းလို့ ကျမတို့ ပြည်သူတွေဒုက္ခရောက်နေတာ” ဟု မဇ္ဈိမကို ပြောသည်။

PDF များသည် ဂန့်ဂေါနယ်တွင် သတ်ဖြတ်မှုများလုပ်ဆောင်နေသည်ဆိုသည့် ဘူးလက်လှဆွေ၏ ပြောကြားချက်ကို ရပ်ကျေးအုပ်ချူပ်ရေးအဖွဲ့ဝင်တစ်ဦးက “ရွာမီးရှို့တာတွေ မရှိပါဘူး။ ကျွန်တော်တို့မှာ ဘာလက်နက်မရှိသေးဘူး။ စစ်ကောင်စီကကြမ်းလွန်းလို့ တော်လှန်နေတာ။ ဘူးလက်က သေနတ် ၁၀ လက်သာပေး ကျွန်တော်နိုင်အောင်ထိန်းမယ်ကြိမ်းလို့ တော်လှန်နေတာ။ ကျွဲနန်း၊ ထယ် လှော်၊ သင်တော၊ နှမ်းခါးတို့ကို မြောက်ခင်ရမ်းကပျူတွေ ရွာလုံးကျွတ်မီးရှို့တာ” ဟု ဖြေကြားသည်။

စစ်ကောင်စီက ပျူစောထီးများကို ကာဘိုင်သေနတ်များထုတ်ပေးထားပြီး အာဏာသိမ်းတပ်ထောက်ခံသော ဟံသာဝတီရွာနှင့် မြောက်ခင်ရမ်းတွင် ဦးလှဆွေ၏ အစီအမံဖြင့် ၁၁၀ မမ လက်နက်ကြီးများတပ်ဆင်ပေးထားခြင်းကြောင့် ကာကွယ်ရေးတပ်များ ရွာနားမကပ်နိုင်ကြောင်းလည်း ဖြေကြားသွားခဲ့သည်။

သို့သော် ဂန့်ဂေါနယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်သည့် People Defense Force Battalion မှ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ထုတ်ပြန်ချက်တွင် မြောက်ခင်ရမ်းကျေးရွာအား ပြည်သူ့ ကာကွယ်ရေးတပ်များမှ မတ်လ ၁၇ ရက်တွင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းနှင့် ရွာသား ၃၀၀ ကျော်အား ကယ်ထုတ်နိုင်ခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်မြေစိုးမိုးမှုတွင်လည်း မြောက်ခင်ရမ်း၊ ကုက္ကား၊ ဟံသာဝတီ၊ ဒင်ကြီး အရှေ့ရွာ၊ အနောက်ရွာတို့နှင့် ဂန့်ဂေါမြို့ပေါ်မှလွဲ၍ PDF များ လွတ်လပ်စွာသွားလာနိုင် ကြောင်း နှင့် အချို့ကျေးရွာများတွင် စာသင်ကျောင်းများကိုပါ ပြန်လည်ဖွင့်လှစ်နိုင်နေပြီဖြစ်ကြောင်း ဂန့်ဂေါ အခြေစိုက် NUG အနောက်ပိုင်းစစ်ဒေသ တပ်မဟာ (၇) လက်အောက်ရှိ တပ်ရင်း(၇၀၁)မှ ဒုတပ်ရင်းမှူး က မဇ္ဈိမ ကိုပြောသည်။

ဦးလှဆွေသည် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂)မှ ရွေးကောက်ခံအမတ်ဖြစ်သည်။ ၎င်းသည် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ၂၀၁၉ ခုနှစ်တွင် ပုဒ်မ ၁၂၄ – (က) ဖြင့် ဝရမ်းထုတ်ခံခဲ့ရပြီး အမှုရင်မဆိုင်လိုသောကြောင့် တစ်နှစ်ကျော်အကြာ ရှောင်ပုန်း နေ့ခဲ့ကာ ၂၀၂၀ နှစ်ကုန် ပိုင်းမှ ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သူလည်း ဖြစ်သည်။

အာဏာသိမ်းခံရပြီးနောက် ဂန့်ဂေါနယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်တပ်တို့ ကြား တိုက်ပွဲများတင်းမာနေချိန်မှစတင်၍ ဦးလှဆွေသည် ဂန့်ဂေါတွင် မရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။

Data Myanmar ၏ ဖော်ပြချက်အရ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ မေလအထိ စစ်ကောင်စီနှင့် လက် အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် အိမ်အရေအတွက်မှာ ဂန့်ဂေါမြို့နယ် တစ်ခုတည်းအတွက် စုစုပေါင်း ၆၉၄ အိမ် ရှိနေပြီ ဖြစ်သည်။

#Mizzima