Local News

ရဲကင်းမှူးက အရက်မူးပြီး လင်မယားစကားများရန်ဖြစ်ကာ မိမိနားထင်ကိုေ-သန-တ်နဲ့ပစ်



ဇွန်လ ၁၆ ရက်






Ayeyarwaddy_Times

ဘိလပ်မြေစက်ရုံ ရဲကင်းမှူး အရက်မူးပြီး လင်းမယားစကားများရာကနေ နားထင်ကိုသေနတ်နဲ့ပစ် သေဆုံးမှုဖြစ်ပွား

ကိုကိုလေး/ဧရာဝတီတိုင်းမ်

ဇွန်လ ၁၆ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ကြံခင်းမြို့ဘိလပ်မြေ စက်ရုံရှေ့မှာရှိတဲ့ ရဲကင်းမှူ ဆိုသူဟာ ဇွန်လ ၁၅ ရက်နေ့ နေ့လည်ပိုင်းဝန်းကျင်မှာ အရက်မူးပြီး လင်မယားစကားများရန်ဖြစ်ကာ မိမိနားထင်ကို သေနတ်နဲ့ပစ် သေဆုံး ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒီရဲကင်းမှူးက ပြောင်းလာတာမကြာသေးပါဘူး။ ညဘက်အစောပိုင်းကတည်းက အရက်မူးပီး လင်မယားရန်ဖြစ်ကြတာ အကြီးအကျယ်ပဲ။ဘေးကလည်း ဆွဲကြတယ် မရဘူး။အဲဒီမှာပဲ အရမ်းမူးနေတော့ သူ့သေနတ်နဲ့ သူ့နားထင်ကို အပေါ်ဘက်ကနေ့ တေ့ပစ်လိုက်တာ။

လည်ပင်းပါဖောက်ထွက်သွားတယ်” လို့ ကြံခင်းဘိလပ်မြေစက်ရုံနဲ့ နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သေဆုံးသူ ကြံခင်းဘိလပ်မြေစက်ရုံ ရဲကင်းမှူးရဲ့ ရုပ်အလောင်းကို ကြံခင်းမြို့ဆေးရုံ ရင်ခွဲရုံကို ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှာသယ်ဆောင်လာပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ရဲတွေရောက်ရှိလာကာ ဘိလပ်မြေစက်ရုံရဲကင်းမှူရဲ့အမျိုးသမီးကို ကြံခင်းမြို့မြို့မရဲစခန်းက စစ်ဆေးမှု တွေဆက်လက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။