Local News

ပျူစောထီးခေါင်းဆောင် ဦးဘိုမင်းသူ ကလေးကျောင်းပို့ ပြန်လာချိန်


C8 News

ရန်ကုန်၊ဇွန်(၁၅)






ပျူစောထီးခေါင်းဆောင် ဆိုသူကလေးကျောင်းပို့ ပြန်လာချိန် သေနတ်ပစ်ခံရလို့ သေဆုံး

C8 News

ရန်ကုန်၊ဇွန်(၁၅)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၆၉)ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးခေါင်း လို့လူပြောများနေတဲ့ ဦးဘိုမင်းသူ(ခ) ဘိုမင်း ဆိုသူကို ဒီနေ့မနက်ပိုင်းမှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။

” ကလေးကျောင်းပို့ပြီးပြန်လာချိန်အပစ်ခံရတာ၊ နေတာက(၆၉)ရပ်ကွက်အပစ်ခံရတာက(၇၀)ရပ်ကွက် ကျောင်းလမ်း နဲ့ အောင်ချမ်းသာ (၂)လမ်းထောင့်မှာ သူ့သားကထ(၄)မှာ ကျောင်းတက်လို့ပို့ပြီးပြန်လာချိန် ဆိုင်ကယ်နဲ့အပစ်ခံရတာ” လို့အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက C8News ကိုပြောပါတယ်။

ဦးဘိုမင်းသူ(ခ) ဘိုမင်း ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး မြို့ပြပြောက်ကျားအဖွဲ့ Ultimate Revolutionary Movement Team(URMT)က ဒလန်လမ်းစဉ်အတိုင်း ပြည်သူအပေါ် အနိုင်ကျင့်ရမ်းကားနေတာကို ပြည်သူတွေကတိုင်ကြားတဲ့အတွက် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပစ်ခတ်မှုအပြီးမှာ ထုတ်ပြန်ကြေညာထားပါတယ်။

ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံ ကိုပို့ဆောင်ကုသနေချိန်မှာဘဲ သေဆုံးသွားပြီဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ(၁၀)ရက်နေ့မှာလဲ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ ရုံးအလုပ်လုပ်တွေလုပ်ပြီးပြန်လာတဲ့ တောင်ဒဂုံမြို့နယ်၊ (၅၅) ရပ်ကွက်က ရာအိမ်မှုးဟိန်းမင်းလတ် သေနတ်နဲ့ခြောက်ချက်ပစ်ခံရပါသေးတယ်။