Local News

စစ္ကိုင္းက ေတာႀကီးေႁမြေပြး PDF အဖြဲ႕ အင္အားျပင္းဒုံးက်ည္ တီထြင္

စစ္ကိုင္းက ေတာႀကီးေႁမြေပြး PDF အဖြဲ႕ အင္အားျပင္းဒုံးက်ည္ တီထြင္

ခင္ေမာင္စိုး (ဝါရွင္တန္ဒီစီ)

■ စစ္ကိုင္းတိုင္း ေ႐ႊဘိုခ႐ိုင္ ဝက္လက္ၿမိဳ႕နယ္ရွိ ေတာႀကီးေႁမြေပြးလို႔ အမည္ေပးထားတဲ့ ေဒသခံ ေတာ္လွန္ေရးအဖြဲ႕တစ္ခုက ေပ ၆ဝဝဝ အထိ ပစ္ခတ္ႏိုင္တဲ့ အင္အားျပင္း ေရာ့ကက္ဒုံးက်ည္တစ္ခုကို ဒီရက္ပိုင္းအတြင္း တီထြင္ႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

အဲဒီေတာႀကီးေႁမြေပြးေျပာက္က်ားအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္တီ ဆိုသူဟာ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္ေက်ာင္းသား ဘဝကေန ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္လာသူ ျဖစ္ပါတယ္။ သူက အခုလိုအားျပင္းတဲ့ ေရာ့ကက္ဒုံးက်ည္ကို ဆီးရီးယားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ လႈပ္ရွားမႈဗီဒီယိုေတြကို ေလ့လာၿပီး အတုယူထုတ္လုပ္ခဲ့တယ္လို႔ RFA ကို ေျပာပါတယ္။

“ဆီးရီးယားစစ္ပြဲလား သူတို႔အဲ့တုန္းက သူတို႔ လက္လုပ္ေတြ ပစ္ခတ္ၾကတဲ့အခါက်ေတာ့ သားတို႔က အဲ့ဗီဒီလိုကလစ္ေတြကို Youtube တို႔၊ Google တို႔ကေနရွာၿပီးေတာ့ၾကည့္ၿပီးေတာ့ လုပ္ခဲ့ရတယ္။ အဓိက ကေတာ့ သားတို႔ ဒီသံပိုက္ေကာင္းေကာင္းရွာရတယ္။ တခ်ိဳ႕ Mytel တာဝါတိုင္ပိုက္က ဟာေတြ ယူသုံးတယ္။ Rocket ထဲမွာေတာ့ သံထည္အက်ိဳးတို႔ အဲ့ဒါေတြကိုထုၿပီးေတာ့ ေသးေသးေလးေတြ ျဖစ္ေအာင္ထုၿပီးေတာ့ သားတို႔ထည့္ရတယ္ဗ်။

ယမ္းေတြ၊ ဘာေတြက ဝယ္လို႔ေတာ့ရတယ္ဗ်။ အခ်ိန္ေပးရတယ္။ သယ္ယူတဲ့ေနရာမွာေတာ့ ခက္ခဲတယ္ဗ်။ အရမ္းအႏၲရာယ္ႀကီးတယ္ဗ်။ သားတို႔ ဒီယမ္းထည့္တဲ့အခ်ိန္မွာဆိုရင္ေတာင္မွ တကယ္လို႔ အက္ဆီးဒင့္ျဖစ္သြားရင္ေတာင္မွ ဒီရဲေဘာ္တစ္ေယာက္ပဲ က်ဆုံးရမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ သားတို႔ ဒီယမ္းထည့္တဲ့ ေနရာမွာေတာင္မွ လုံးဝ သူ အက္ဆီးဒင့္ျဖစ္ၿပီး ကြဲသြားရင္ေတာင္မွ တျခားသူေတြ မထိခိုက္ေအာင္လို႔ သူ႔အတြက္ ယမ္းထည့္တဲ့ေနရာမွာပါ သီးသန႔္လုပ္ေပးထားတာဗ်။ သားတို႔ ဒီဟာကို ေလးႀကိမ္ေလာက္ထိ စမ္းသပ္ျဖစ္ခဲ့တယ္။ ပထမႏွစ္ႀကိမ္မွာ ေမာ္တာ ေျပာင္းကြဲသြားတာေတြလည္း ရွိခဲ့တယ္။

ဒါေပမဲ့ သားတို႔ ေနာက္ဆုံးႏွစ္ႀကိမ္ စမ္းပစ္ၾကည့္တဲ့အခ်ိန္မွာေတာ့ သားတို႔လိုခ်င္တဲ့အေနအထားထိ ျဖစ္လာတယ္။ ေအာင္ျမင္လာတယ္ဗ်။ ဒီလိုမ်ိဳးစမ္းသပ္မႈက အရမ္းအႏၲရာယ္ႀကီးတယ္ဆိုတာ သားတို႔အတတ္ႏိုင္ဆုံး ကိုယ့္အသက္ကို ၁ဝဝ ရာခိုင္ႏႈန္းျဖစ္ေအာင္စမ္းသပ္တယ္။ ဒါေပမဲ့ ကေလးတစ္ေယာက္ေတာ့ လက္ထိသြားတယ္ဗ်။ သားတို႔ ဒီဟာဘယ္ေလာက္ေလာက္ထိ ပစ္ခတ္ႏိုင္လဲသိခ်င္ရင္ သားတို႔ ဒီယမ္းေပါ့ ဒီယမ္းကို ပမာဏအမ်ားဆုံးထိထား ထည့္ၿပီး ပစ္ခတ္ၾကည့္တယ္၊ ေပ ၆ဝဝဝ နဲ႔ ၇ဝဝဝ ၾကားထိ သားတို႔ပစ္ခတ္ႏိုင္တယ္ေပါ့။ သားတို႔ ဘယ္လိုခ်ိန္သလဲ ဆိုေတာ့ သားတို႔မွာ ဒီအကြာအေဝးတိုင္း ေဆာ့ဝဲလ္သုံးတယ္။ သားတို႔ ဒီေမာ္တာကို ဒီဂရီဘယ္ေလာက္ဆိုရင္ ဘယ္ေလာက္သြားသလဲဆိုတဲ့ ေဆာ့ဝဲလ္သုံးတယ္”

ေတာ္လွန္ေရးအင္အားစုေတြအတြက္ လက္နက္ေတြ ထုတ္လုပ္ေနတဲ့ PSPT အဖြဲ႕ေခါင္းေဆာင္ CDM ဗိုလ္ႀကီး ညီသုတကေတာ့ အခုလို လူငယ္ေတြ တီထြင္တာကို ဂုဏ္ျပဳပါတယ္။ ဒါေပမဲ့ အႏၲရာယ္ႀကီးမားလြန္းၿပီး ထိေရာက္မႈ လည္း မေသခ်ာတဲ့အတြက္ စိန္ေျပာင္းေတြ၊ ေရာ့ကက္ေတြထက္ လက္နက္ငယ္ေတြနဲ႔ မိုင္းဗုံးေတြကို ပိုၿပီး အာ႐ုံစိုက္ထုတ္လုပ္သင့္တယ္လို႔ အႀကံေပးပါတယ္။

“စိန္ေျပာင္းတို႔၊ ေရာ့ကက္တို႔ သုံးတဲ့ အမ်ိဳးအစားမွာ သတၱဳရဲ႕ ကြာလတီက ျပည္တြင္းမွာ ရွိတဲ့ဟာနဲ႔ သုံးမယ္ဆိုရင္ ေရရွည္မွာ ေျပာင္းေပါက္ကြဲတဲ့ ဟာမ်ိဳးျဖစ္ႏိုင္တယ္။ ေနာက္တစ္ခုက လိုခ်င္တဲ့ ပစ္မွတ္ကို ေရာက္ဖို႔ အတြက္ ထုတ္ထားတဲ့ ဗုံးသီးေတြသည္ ယမ္းရဲ႕ အရည္အေသြးသတ္မွတ္ခ်က္ ေတြက အတတ္ႏိုင္ဆုံး တူညီမွ အဲ့လိုထုတ္ႏိုင္ဖို႔ဆိုရင္ ကိုယ္တိုင္ ယမ္းျပန္ခ်က္တဲ့ သူေတြ အတြက္က ဘယ္လိုမွ မလြယ္ႏိုင္ပါဘူး။ ေနာက္တစ္ခုက စိန္ေျပာင္းတို႔၊ ေရာ့ကက္တို႔ဟာ သြယ္ဝိုက္ပစ္မွတ္ အဓိကထားတဲ့အခါက်ေတာ့ ဧရိယာ က်ယ္တဲ့ေနရာေတြမွာ အသုံးဝင္ေကာင္း ဝင္ႏိုင္ပါတယ္။ ဥပမာ- ရန္သူ႔ရဲ႕ စခန္းကုန္းေပါ့။

စခန္းကုန္းေဘးမွာ ႐ြာနဲ႔ေဝးတယ္ ဆိုရင္ေတာ့ က်ေနာ္တို႔ သုံးလိုက္တဲ့ စိန္ေျပာင္းေတြဟာ လြဲေခ်ာ္မႈရွိခဲ့တယ္ဆိုရင္ေတာင္ သုံးလို႔ ေကာင္းႏိုင္ေပမယ့္ ႐ြာေတြနဲ႔ နီးတဲ့ေနရာေတြမွာ စိန္ေျပာင္းေတြက အသုံးဝင္မွာ မဟုတ္ပါဘူး။ ေျပာက္က်ားအတြက္ လက္နက္ငယ္ထုတ္လုပ္မႈမ်ိဳး ေနာက္တစ္ခုက ေရွ႕ထြက္မိုင္း၊ ကားမိုင္း စသျဖင့္ ဒီလိုမ်ိဳး ပေရာဂ်က္မ်ိဳးေတြ ေနာက္တစ္ခု ဒ႐ုန္းနဲ႔ ပတ္သက္တာမ်ိဳးေတြ၊ ပေရာဂ်က္ေတြက ပိုၿပီးေတာ့ ထိေရာက္ၿပီးမွ အသုံးဝင္ႏိုင္ပါတယ္”KNU တပ္မဟာ ၁ နယ္ေျမမွာ လႈပ္ရွားေနတဲ့ ျပည္သူ႔အင္အားစု PDF အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ညိဳကလည္း သူတို႔အေနနဲ႔ လက္နက္ႀကီးေတြ လိုအပ္ေနတာေတာ့ အမွန္ပဲလို႔ ေျပာပါတယ္။

“ရန္သူကို ေျပာက္က်ားတိုက္ဖို႔အတြက္ က်ေနာ္တို႔မွာရွိတယ္၊ စႏိုက္ပါရွိတယ္၊ ဒ႐ုန္းရွိတယ္၊ လက္နက္ငယ္ရွိတယ္။ စခန္းသိမ္းဖို႔က်ေတာ့ က်ေနာ္တို႔က လက္နက္ႀကီးေတြမရွိဘူးဗ်။ က်ေနာ္တို႔က အခုဟာက သြားၿပီးေတာ့ ရန္သူ႔စခန္းကို သြားပစ္တယ္၊ ျပန္ဆုတ္တယ္။ ေျပာက္က်ားေလာက္ပဲ တိုက္ႏိုင္တယ္။ ညစခန္းသိမ္းတိုက္ပြဲ လုပ္ဖို႔အတြက္ေတာ့ ေရွာ့တိုက္ဒုံးတို႔၊ 40 မမတို႔ဆိုတဲ့ လက္နက္ေတြလိုတယ္။ အဲ့ဒါေတြက ဝယ္ဖို႔ဟာလည္း ဥပမာဗ်ာ ၁ဝ၇ မမဆိုလို႔ရွိရင္ သိန္းသုံးရာေလာက္က်မယ္။ ပိုက္ဆံရွိရင္ေတာင္ ဝယ္မရဘူး။ အဲ့ေတာ့ က်ေနာ္တို႔က ေရွာ့တိုက္ဒုံး၊ လက္လုပ္ဒုံးကို က်ေနာ္တို႔က လုပ္ဖို႔အတြက္ အသည္းအသန္ ႀကိဳးစားရတယ္”

ဒါ့အျပင္ သူက ေတာ္လွန္ေရးအင္အားစုေတြ ညီၫြတ္ေပါင္းစည္းႏိုင္မႈ အားေကာင္းရင္ လက္နက္လိုအပ္ခ်က္ကို တစ္စုံတစ္ရာ ေျဖရွင္းႏိုင္တယ္လို႔ ေထာက္ျပပါတယ္။“က်ေနာ္တို႔ ဒီတပ္မဟာထဲမွာေတာ့ မိတ္ဖက္ေရးရာႀကီးၾကပ္မႈ ေကာ္မတီဆိုတဲ့ အဖြဲ႕ဖြဲ႕ထားတယ္ဗ်။ လူေပါင္းလုပ္ၾကမယ္ဆိုတဲ့ မူေလးခ်ထားပါတယ္။ ကိုယ္လုပ္တဲ့ မစ္ရွင္တိုင္းကို အဲ့အဖြဲ႕ကို ပို႔ရပါတယ္။ အဲ့အဖြဲ႕ကလည္း လိုအပ္တဲ့ပံ့ပိုးမႈေတြ အကုန္လုံးျပန္ပို႔ေပးတယ္။

ဥပမာဗ်ာ ေငြေၾကးလိုအပ္မႈ၊ က်ည္ဆန္လိုအပ္မႈ၊ နည္းပညာလိုအပ္မႈ အလႉခံရတဲ့ဟာေတြကိုလည္း အဲ့အဖြဲ႕ကိုပဲ က်ေနာ္တို႔က တိုက္႐ိုက္စုၿပီးေတာ့ေပးပါတယ္။ အဲ့မွာပဲ က်ေနာ္တို႔ အားလုံးက မိတ္ဖက္ေရးရာေကာ္မတီရဲ႕ ႀကီးၾကပ္မႈေအာက္မွာပဲ အားလုံးက စုစည္းၿပီးေတာ့ လုပ္ၾကတာေပါ့ေနာ္။ အားလုံးစုစည္းညီၫြတ္မွသာလွ်င္ ေအာင္ျမင္မွာပါ”ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္ေနတဲ့ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ အမ်ားအျပားက လက္နက္လိုအပ္ခ်က္ ရွိေနပုံကို ထုတ္ေဖာ္ေျပာဆိုေနၾကၿပီး ကုန္က်စရိတ္သက္သာမယ့္ လက္နက္ေတြကို သူတို႔ကိုယ္တိုင္ ထုတ္လုပ္ဖို႔ ႀကိဳးစားေနတယ္လို႔ သိရွိရပါတယ္။ source-RFA

စစ်ကိုင်းက တောကြီးမြွေပွေး PDF အဖွဲ့ အင်အားပြင်းဒုံးကျည် တီထွင်

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)

■ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ တောကြီးမြွေပွေးလို့ အမည်ပေးထားတဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တစ်ခုက ပေ ၆ဝဝဝ အထိ ပစ်ခတ်နိုင်တဲ့ အင်အားပြင်း ရော့ကက်ဒုံးကျည်တစ်ခုကို ဒီရက်ပိုင်းအတွင်း တီထွင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတောကြီးမြွေပွေးပြောက်ကျားအဖွဲ့ ခေါင်းဆောင် ဗိုလ်တီ ဆိုသူဟာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသား ဘဝကနေ နွေဦးတော်လှန်ရေးမှာ ပါဝင်လာသူ ဖြစ်ပါတယ်။ သူက အခုလိုအားပြင်းတဲ့ ရော့ကက်ဒုံးကျည်ကို ဆီးရီးယားလက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုဗီဒီယိုတွေကို လေ့လာပြီး အတုယူထုတ်လုပ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ဆီးရီးယားစစ်ပွဲလား သူတို့အဲ့တုန်းက သူတို့ လက်လုပ်တွေ ပစ်ခတ်ကြတဲ့အခါကျတော့ သားတို့က အဲ့ဗီဒီလိုကလစ်တွေကို Youtube တို့၊ Google တို့ကနေရှာပြီးတော့ကြည့်ပြီးတော့ လုပ်ခဲ့ရတယ်။ အဓိက ကတော့ သားတို့ ဒီသံပိုက်ကောင်းကောင်းရှာရတယ်။ တချို့ Mytel တာဝါတိုင်ပိုက်က ဟာတွေ ယူသုံးတယ်။ Rocket ထဲမှာတော့ သံထည်အကျိုးတို့ အဲ့ဒါတွေကိုထုပြီးတော့ သေးသေးလေးတွေ ဖြစ်အောင်ထုပြီးတော့ သားတို့ထည့်ရတယ်ဗျ။

ယမ်းတွေ၊ ဘာတွေက ဝယ်လို့တော့ရတယ်ဗျ။ အချိန်ပေးရတယ်။ သယ်ယူတဲ့နေရာမှာတော့ ခက်ခဲတယ်ဗျ။ အရမ်းအန္တရာယ်ကြီးတယ်ဗျ။ သားတို့ ဒီယမ်းထည့်တဲ့အချိန်မှာဆိုရင်တောင်မှ တကယ်လို့ အက်ဆီးဒင့်ဖြစ်သွားရင်တောင်မှ ဒီရဲဘော်တစ်ယောက်ပဲ ကျဆုံးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သားတို့ ဒီယမ်းထည့်တဲ့ နေရာမှာတောင်မှ လုံးဝ သူ အက်ဆီးဒင့်ဖြစ်ပြီး ကွဲသွားရင်တောင်မှ တခြားသူတွေ မထိခိုက်အောင်လို့ သူ့အတွက် ယမ်းထည့်တဲ့နေရာမှာပါ သီးသန့်လုပ်ပေးထားတာဗျ။ သားတို့ ဒီဟာကို လေးကြိမ်လောက်ထိ စမ်းသပ်ဖြစ်ခဲ့တယ်။ ပထမနှစ်ကြိမ်မှာ မော်တာ ပြောင်းကွဲသွားတာတွေလည်း ရှိခဲ့တယ်။

ဒါပေမဲ့ သားတို့ နောက်ဆုံးနှစ်ကြိမ် စမ်းပစ်ကြည့်တဲ့အချိန်မှာတော့ သားတို့လိုချင်တဲ့အနေအထားထိ ဖြစ်လာတယ်။ အောင်မြင်လာတယ်ဗျ။ ဒီလိုမျိုးစမ်းသပ်မှုက အရမ်းအန္တရာယ်ကြီးတယ်ဆိုတာ သားတို့အတတ်နိုင်ဆုံး ကိုယ့်အသက်ကို ၁ဝဝ ရာခိုင်နှုန်းဖြစ်အောင်စမ်းသပ်တယ်။ ဒါပေမဲ့ ကလေးတစ်ယောက်တော့ လက်ထိသွားတယ်ဗျ။ သားတို့ ဒီဟာဘယ်လောက်လောက်ထိ ပစ်ခတ်နိုင်လဲသိချင်ရင် သားတို့ ဒီယမ်းပေါ့ ဒီယမ်းကို ပမာဏအများဆုံးထိထား ထည့်ပြီး ပစ်ခတ်ကြည့်တယ်၊ ပေ ၆ဝဝဝ နဲ့ ၇ဝဝဝ ကြားထိ သားတို့ပစ်ခတ်နိုင်တယ်ပေါ့။ သားတို့ ဘယ်လိုချိန်သလဲ ဆိုတော့ သားတို့မှာ ဒီအကွာအဝေးတိုင်း ဆော့ဝဲလ်သုံးတယ်။ သားတို့ ဒီမော်တာကို ဒီဂရီဘယ်လောက်ဆိုရင် ဘယ်လောက်သွားသလဲဆိုတဲ့ ဆော့ဝဲလ်သုံးတယ်”

တော်လှန်ရေးအင်အားစုတွေအတွက် လက်နက်တွေ ထုတ်လုပ်နေတဲ့ PSPT အဖွဲ့ခေါင်းဆောင် CDM ဗိုလ်ကြီး ညီသုတကတော့ အခုလို လူငယ်တွေ တီထွင်တာကို ဂုဏ်ပြုပါတယ်။ ဒါပေမဲ့ အန္တရာယ်ကြီးမားလွန်းပြီး ထိရောက်မှု လည်း မသေချာတဲ့အတွက် စိန်ပြောင်းတွေ၊ ရော့ကက်တွေထက် လက်နက်ငယ်တွေနဲ့ မိုင်းဗုံးတွေကို ပိုပြီး အာရုံစိုက်ထုတ်လုပ်သင့်တယ်လို့ အကြံပေးပါတယ်။

“စိန်ပြောင်းတို့၊ ရော့ကက်တို့ သုံးတဲ့ အမျိုးအစားမှာ သတ္တုရဲ့ ကွာလတီက ပြည်တွင်းမှာ ရှိတဲ့ဟာနဲ့ သုံးမယ်ဆိုရင် ရေရှည်မှာ ပြောင်းပေါက်ကွဲတဲ့ ဟာမျိုးဖြစ်နိုင်တယ်။ နောက်တစ်ခုက လိုချင်တဲ့ ပစ်မှတ်ကို ရောက်ဖို့ အတွက် ထုတ်ထားတဲ့ ဗုံးသီးတွေသည် ယမ်းရဲ့ အရည်အသွေးသတ်မှတ်ချက် တွေက အတတ်နိုင်ဆုံး တူညီမှ အဲ့လိုထုတ်နိုင်ဖို့ဆိုရင် ကိုယ်တိုင် ယမ်းပြန်ချက်တဲ့ သူတွေ အတွက်က ဘယ်လိုမှ မလွယ်နိုင်ပါဘူး။ နောက်တစ်ခုက စိန်ပြောင်းတို့၊ ရော့ကက်တို့ဟာ သွယ်ဝိုက်ပစ်မှတ် အဓိကထားတဲ့အခါကျတော့ ဧရိယာ ကျယ်တဲ့နေရာတွေမှာ အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်။ ဥပမာ- ရန်သူ့ရဲ့ စခန်းကုန်းပေါ့။

စခန်းကုန်းဘေးမှာ ရွာနဲ့ဝေးတယ် ဆိုရင်တော့ ကျနော်တို့ သုံးလိုက်တဲ့ စိန်ပြောင်းတွေဟာ လွဲချော်မှုရှိခဲ့တယ်ဆိုရင်တောင် သုံးလို့ ကောင်းနိုင်ပေမယ့် ရွာတွေနဲ့ နီးတဲ့နေရာတွေမှာ စိန်ပြောင်းတွေက အသုံးဝင်မှာ မဟုတ်ပါဘူး။ ပြောက်ကျားအတွက် လက်နက်ငယ်ထုတ်လုပ်မှုမျိုး နောက်တစ်ခုက ရှေ့ထွက်မိုင်း၊ ကားမိုင်း စသဖြင့် ဒီလိုမျိုး ပရောဂျက်မျိုးတွေ နောက်တစ်ခု ဒရုန်းနဲ့ ပတ်သက်တာမျိုးတွေ၊ ပရောဂျက်တွေက ပိုပြီးတော့ ထိရောက်ပြီးမှ အသုံးဝင်နိုင်ပါတယ်”KNU တပ်မဟာ ၁ နယ်မြေမှာ လှုပ်ရှားနေတဲ့ ပြည်သူ့အင်အားစု PDF အဖွဲ့ခေါင်းဆောင် ဗိုလ်ညိုကလည်း သူတို့အနေနဲ့ လက်နက်ကြီးတွေ လိုအပ်နေတာတော့ အမှန်ပဲလို့ ပြောပါတယ်။

“ရန်သူကို ပြောက်ကျားတိုက်ဖို့အတွက် ကျနော်တို့မှာရှိတယ်၊ စနိုက်ပါရှိတယ်၊ ဒရုန်းရှိတယ်၊ လက်နက်ငယ်ရှိတယ်။ စခန်းသိမ်းဖို့ကျတော့ ကျနော်တို့က လက်နက်ကြီးတွေမရှိဘူးဗျ။ ကျနော်တို့က အခုဟာက သွားပြီးတော့ ရန်သူ့စခန်းကို သွားပစ်တယ်၊ ပြန်ဆုတ်တယ်။ ပြောက်ကျားလောက်ပဲ တိုက်နိုင်တယ်။ ညစခန်းသိမ်းတိုက်ပွဲ လုပ်ဖို့အတွက်တော့ ရှော့တိုက်ဒုံးတို့၊ 40 မမတို့ဆိုတဲ့ လက်နက်တွေလိုတယ်။ အဲ့ဒါတွေက ဝယ်ဖို့ဟာလည်း ဥပမာဗျာ ၁ဝ၇ မမဆိုလို့ရှိရင် သိန်းသုံးရာလောက်ကျမယ်။ ပိုက်ဆံရှိရင်တောင် ဝယ်မရဘူး။ အဲ့တော့ ကျနော်တို့က ရှော့တိုက်ဒုံး၊ လက်လုပ်ဒုံးကို ကျနော်တို့က လုပ်ဖို့အတွက် အသည်းအသန် ကြိုးစားရတယ်”

ဒါ့အပြင် သူက တော်လှန်ရေးအင်အားစုတွေ ညီညွတ်ပေါင်းစည်းနိုင်မှု အားကောင်းရင် လက်နက်လိုအပ်ချက်ကို တစ်စုံတစ်ရာ ဖြေရှင်းနိုင်တယ်လို့ ထောက်ပြပါတယ်။“ကျနော်တို့ ဒီတပ်မဟာထဲမှာတော့ မိတ်ဖက်ရေးရာကြီးကြပ်မှု ကော်မတီဆိုတဲ့ အဖွဲ့ဖွဲ့ထားတယ်ဗျ။ လူပေါင်းလုပ်ကြမယ်ဆိုတဲ့ မူလေးချထားပါတယ်။ ကိုယ်လုပ်တဲ့ မစ်ရှင်တိုင်းကို အဲ့အဖွဲ့ကို ပို့ရပါတယ်။ အဲ့အဖွဲ့ကလည်း လိုအပ်တဲ့ပံ့ပိုးမှုတွေ အကုန်လုံးပြန်ပို့ပေးတယ်။

ဥပမာဗျာ ငွေကြေးလိုအပ်မှု၊ ကျည်ဆန်လိုအပ်မှု၊ နည်းပညာလိုအပ်မှု အလှူခံရတဲ့ဟာတွေကိုလည်း အဲ့အဖွဲ့ကိုပဲ ကျနော်တို့က တိုက်ရိုက်စုပြီးတော့ပေးပါတယ်။ အဲ့မှာပဲ ကျနော်တို့ အားလုံးက မိတ်ဖက်ရေးရာကော်မတီရဲ့ ကြီးကြပ်မှုအောက်မှာပဲ အားလုံးက စုစည်းပြီးတော့ လုပ်ကြတာပေါ့နော်။ အားလုံးစုစည်းညီညွတ်မှသာလျှင် အောင်မြင်မှာပါ”နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အများအပြားက လက်နက်လိုအပ်ချက် ရှိနေပုံကို ထုတ်ဖော်ပြောဆိုနေကြပြီး ကုန်ကျစရိတ်သက်သာမယ့် လက်နက်တွေကို သူတို့ကိုယ်တိုင် ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ source-RFA