Articles

မိဘမ်ားႏွင့္ EAO အဖြဲ႕ဝင္အခ်ိဳ႕ ၏ေတာင္းဆိုခ်က္မ်ားေၾကာင့္ PDF မ်ား အလင္းဝင္ရန္ျပန္ေခၚေနဟု စစ္ေကာင္စီျပန္ၾကားေရးေျပာ

မိဘမ်ားႏွင့္ EAO အဖြဲ႕ဝင္အခ်ိဳ႕ ၏ေတာင္းဆိုခ်က္မ်ားေၾကာင့္ PDF မ်ား အလင္းဝင္ရန္ျပန္ေခၚေနဟု စစ္ေကာင္စီျပန္ၾကားေရးေျပာ

PDF မ်ားလက္နက္စြန႔္ၿပီး ျပည္သူဘဝခံယူရန္ေခၚယူေနျခင္းမွာ PDF မ်ား၏မိဘမ်ားက ျပန္ေခၚေပးရန္ ေတာင္းဆိုမႈမ်ားရွိသည့္အတြက္ ေခၚယူျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီျပန္ၾကားေရးတာဝန္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ယေန႔ ဇြန္လ ၁၆ ရက္တြင္ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားသည္။

ထို႔အျပင္ PDF အဖြဲ႕မ်ားကိုလက္ခံထားသည့္ EAO အဖြဲ႕မ်ားအေနျဖင့္ လက္ခံထားရသည့္အတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေန၍ ၎တို႔၏ေတာင္းဆိုခ်က္မ်ားေၾကာင့္ ေခၚေဆာင္ေနရျခင္းျဖစ္ေၾကာင္းလည္း ၎ကေျပာသည္။

စစ္ေကာင္စီအေနျဖင့္ ၿပီးခဲ့သည့္ႏွစ္အတြင္းကလည္း PDF မ်ားလက္နက္ခ်ရန္ ဓါတ္တိုင္မ်ားတြင္ စာကပ္ ၿပီး ေျပာၾကားခဲ့ျခင္းမ်ားလည္း ရွိခဲ့သည္။

ထို႔ေနာက္ ယခုႏွစ္ဇြန္လ ၁၁ ရက္ေန႔တြင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF မ်ားအပါအဝင္ အျခား အဖြဲ႕ အစည္းမ်ားအေနျဖင့္ ႏိုင္ငံေတာ္ေရွ႕လုပ္ငန္းစဥ္မ်ားတြင္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကရန္ သတ္မွတ္ စည္းကမ္းခ်က္မ်ားႏွင့္အညီ ဥပေဒေဘာင္အတြင္းလက္နက္အပ္ႏွံၿပီး ျပည္သူ႔ဘဝသို႔ျပန္လည္ ဝင္ေရာက္ လွ်င္ လက္ခံသြားမည္ျဖစ္ေၾကာင္း ဝါဒျဖန႔္မီဒီယာမ်ားမွတဆင့္ ေျပာၾကားခဲ့သည္။

ေၾကညာၿပီးရက္ပိုင္းအတြင္း PDF မ်ား လက္နက္ခ်ဝင္ေရာက္လာသည္ကို ဝါဒျဖန႔္မီဒီယာမ်ားမွ ေန႔စဥ္ နီးပါးေဖာ္ျပလာၿပီး လက္ရွိအခ်ိန္တြင္ ၃၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္းသိရသည္။

စစ္ေကာင္စီအေနျဖင့္ အာဏာသိမ္းၿပီးတစ္ႏွစ္ေက်ာ္အၾကာတြင္ ၿငိမ္းခ်မ္းေရးေခါင္းစဥ္ေအာက္မွ တိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးေရး၊ PDF မ်ား ေတာခိုရာမွ ျပန္လည္ေရာက္ရွိလာ ေရးအျပင္ ေ႐ြးေကာက္ပြဲႏွင့္ဖက္ဒရယ္ကိစၥကို တြင္တြင္က်ယ္က်ယ္ေျပာဆိုလာသည္ကို ေတြ႕ရသည္။

မိဘများနှင့် EAO အဖွဲ့ဝင်အချို့ ၏တောင်းဆိုချက်များကြောင့် PDF များ အလင်းဝင်ရန်ပြန်ခေါ်နေဟု စစ်ကောင်စီပြန်ကြားရေးပြော

PDF များလက်နက်စွန့်ပြီး ပြည်သူဘဝခံယူရန်ခေါ်ယူနေခြင်းမှာ PDF များ၏မိဘများက ပြန်ခေါ်ပေးရန် တောင်းဆိုမှုများရှိသည့်အတွက် ခေါ်ယူခြင်းဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ဇွန်လ ၁၆ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ထို့အပြင် PDF အဖွဲ့များကိုလက်ခံထားသည့် EAO အဖွဲ့များအနေဖြင့် လက်ခံထားရသည့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေ၍ ၎င်းတို့၏တောင်းဆိုချက်များကြောင့် ခေါ်ဆောင်နေရခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်းကလည်း PDF များလက်နက်ချရန် ဓါတ်တိုင်များတွင် စာကပ် ပြီး ပြောကြားခဲ့ခြင်းများလည်း ရှိခဲ့သည်။

ထို့နောက် ယခုနှစ်ဇွန်လ ၁၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအပါအဝင် အခြား အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းလက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည် ဝင်ရောက် လျှင် လက်ခံသွားမည်ဖြစ်ကြောင်း ဝါဒဖြန့်မီဒီယာများမှတဆင့် ပြောကြားခဲ့သည်။

ကြေညာပြီးရက်ပိုင်းအတွင်း PDF များ လက်နက်ချဝင်ရောက်လာသည်ကို ဝါဒဖြန့်မီဒီယာများမှ နေ့စဉ် နီးပါးဖော်ပြလာပြီး လက်ရှိအချိန်တွင် ၃၀ ကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာတွင် ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး၊ PDF များ တောခိုရာမှ ပြန်လည်ရောက်ရှိလာ ရေးအပြင် ရွေးကောက်ပွဲနှင့်ဖက်ဒရယ်ကိစ္စကို တွင်တွင်ကျယ်ကျယ်ပြောဆိုလာသည်ကို တွေ့ရသည်။