Local News

ေစ်းဝယ္ထြက္လာသည့္ စစ္သား ၂ ဦး လိုက္လံ ဖမ္းဆီး ရာ ၁ ဦး အဖမ္းခံရၿပီး ၁ ဦး လြတ္ေျမာက္

ေစ်းဝယ္ထြက္လာသည့္ စစ္သား ၂ ဦး လိုက္လံ ဖမ္းဆီး ရာ ၁ ဦး အဖမ္းခံရၿပီး ၁ ဦး လြတ္ေျမာက္

ရန္ကုန္၊ ဇြန္ ၁၆

ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕တြင္ ယေန႔ မြန္းလြဲပိုင္း ေစ်းဝယ္ထြက္လာသည္ စစ္သား ၂ ဦးကို အမည္မသိသူတခ်ိဳ႕က လိုက္လံ ဖမ္းဆီးရာ ၁ ဦး ဖမ္းဆီး ခံရၿပီး စစ္သား ၁ ဦး လြတ္ေျမာက္သြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ဇြန္လ ၁၆ ရက္ေန႔ မြန္းလြဲ ၂ နာရီခြဲအခ်ိန္ ပုဏၰားကြၽန္းအေျခစိုက္ ခလရ ၅၅၀ တပ္ရင္းမွ စစ္သည္ ၂ ဦး ေစ်းဝယ္ထြက္လာစဥ္ ဖမ္းဆီးျခင္း ျဖစ္ၿပီး စစ္သား ၂ ဦးအနက္မွ ၁ ဦး ဖမ္းဆီးရမိကာ ၁ ဦး လြတ္ေျမာက္သြားေၾကာင္း သိရွိရသည္။

ရန္ကုန္ေခတ္သစ္သတင္းဌာန၏ မဟာမိတ္ Western News တြင္ အဆိုပါ သတင္းကို အတည္ျပဳ ေဖာ္ျပထားသည္။

ရခိုင္ျပည္နယ္ ပုဏၰားကြၽန္းၿမိဳ႕အေျခစိုက္ ခမရ ၅၅၀ တပ္ရင္းက ေစ်းဝယ္လာ သည့္ စစ္ေကာင္စီတပ္သား ၁ ဦးကို ယေန႔ဇြန္လ ၁၆ ရက္ေန႔ ေနလည္ပိုင္း ၂ နာရီေက်ာ္ခန္႔က က ရကၡိဳင္တပ္ေတာ္ AA တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီး ခဲ့ ေၾကာင္း မ်က္ျမင္မ်ား ကေျပာသည္။

စစ္ေကာင္စီ တပ္သား ၂ ဦးမွာေဆာက္လုပ္ေရးပစၥည္းလာဝယ္ရာတြင္ တစ္ဦး ကို ဖမ္းဆီးသြားၿပီး ေနာက္တစ္ဥဦးမွာ ထြက္ေျပး သြားလြတ္ ေျမာက္သြား ေၾကာင္း လုံၿခဳံေရးအရ အမည္မေဖာ္လိုသည့္ ပုဏၰားကြၽန္းၿမိဳ႕ခံ တစ္ဦးက Western News ကိုေျပာသည္။

“ျမန္မာစစ္သား ၂ ဦးက ေဆာက္လုပ္ေရးပစၥည္းေတြ လာဝယ္တာမွာ ဖမ္းတာ လို႔သိရတယ္။ တစ္ေယာက္ကိုေတာ့ ဖမ္းသြားၿပီး ေနာက္တစ္ေယာက္ကေတာ့ ထြက္ေျပးလို႔လြတ္သြားတယ္။ ဖမ္းတဲ့ေနရာနဲ႔ စစ္တပ္နဲ႔က နီးနီးေလးပဲ။ ဖမ္း သြားတဲ့ စစ္သားရဲ႕ ရာထူးေတြကိုေတာ့ မသိရေသးဘူး”ဟုေျပာသည္။

စစ္ေကာင္စီ တပ္သားႏွစ္ဦးမွာ အရပ္ဝတ္ျဖင့္ ပုဏၰားကြၽန္းၿမိဳ႕မေစ်းမွ ေဆာက္ လုပ္ေရး ပစၥည္းဝယ္ယူ၍ ျပန္လာစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ၿပီး ဖမ္းဆီးခံရခ်ိန္တြင္ ပုဏၰားကြၽန္းၿမိဳ႕အေျခစိုက္ ခမရ ၅၅၀ တပ္ရင္းနားတြင္ျဖစ္ေၾကာင္း မ်က္ျမင္ မ်ားက Western News ကို ေျပာသည္။

စစ္ေကာင္စီတပ္သားမ်ားအဖမ္းခံရၿပီးေနာင္ပိုင္း လက္နတ္ငယ္မ်ားျဖင့္ ပစ္ ခတ္ သံမ်ား ဆက္တိုက္ၾကားရၿပီး စစ္ေကာင္စီတပ္ဖြဲ႕မ်ားက ၿမိဳ႕အဝင္ အထြက္ လမ္းတစ္ခ်ိဳ႕မွာ စစ္ေဆးမႈမ်ားလုပ္ေဆာင္ေနေၾကာင္း အမည္ ေဖာ္လို သည့္ ေနာက္ထပ္ ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“စစ္သားတစ္ေယာက္ဖမ္းသြားေတာ့ ေသနတ္ ၆ ခ်က္ေလာက္ပစ္ၿပီးေတာ့ စစ္သား ေတြ ၿမိဳ႕ပတ္ၿပီးရွာေနၾကတယ္။ လမ္းေတြမွာလည္း လူေတြ တစ္ ေယာက္မွ မရွိၾကေတာ့ဘူး။ ၿမိဳ႕ဝင္ၿမိဳ႕ထြက္ေတြမွာ စစ္ေဆး ေနတာ ေတြရွိ တယ္”ဟုေျပာသည္။

အဆိုပါကိစၥႏွင့္ပတ္သတ္၍ ရကၡိဳင့္တပ္ေတာ္ AA က ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို ေမးျမန္းရာတြင္ ၎အေနျဖင့္ မသိရွိေသးေၾကာင္း ျပန္လည္ ေျဖ ဆိုသည္။
ၿပီးခဲ့သည့္ ဇြန္လ ၁၁ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕တြင္ စစ္ေကာင္စီတ ပ္သားတစ္ဦးကို ဖမ္းဆီးခဲ့သည္မွာ မွန္ကန္ေၾကာင္းရကၡိဳင့္တပ္ေတာ္ AA က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

စစ္ေကာင္စီတပ္သားမ်ားက AAတပ္ဖြဲ႕ဝင္မ်ားကို ဖမ္းဆီးတာေၾကာင့္ စစ္ ေကာင္စီ တပ္သားေတြကို ျပန္လည္ဖမ္းဆီးေနတာဟု ရကၡိဳင္တပ္ေတာ္(AA) ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခက ဇြန္လ ၁၄ ရက္ေန႔ကျပဳလုပ္သည့္ သတင္း စာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

လတ္တေလာ ရခိုင္ျပည္နယ္တြင္ စစ္တပ္ႏွင့္ AA တို႔အၾကား တင္းမာမႈမ်ား ျဖစ္ပြား ေနၿပီး မၾကာေသးမီကလည္း ေက်ာက္ေတာ္ၿမိဳ႕ေပၚတြင္ စစ္သား ၂ ဦးကို AA က ဖမ္းဆီးမႈ ျဖစ္ပြားခဲ့ကာ ႏွစ္ဖက္ စစ္ေရး တင္းမာလ်က္ ရွိေန ေၾကာင္း သိရွိရသည္။

ဈေးဝယ်ထွက်လာသည့် စစ်သား ၂ ဦး လိုက်လံ ဖမ်းဆီး ရာ ၁ ဦး အဖမ်းခံရပြီး ၁ ဦး လွတ်မြောက်

ရန်ကုန်၊ ဇွန် ၁၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ယနေ့ မွန်းလွဲပိုင်း ဈေးဝယ်ထွက်လာသည် စစ်သား ၂ ဦးကို အမည်မသိသူတချို့က လိုက်လံ ဖမ်းဆီးရာ ၁ ဦး ဖမ်းဆီး ခံရပြီး စစ်သား ၁ ဦး လွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်းမှ စစ်သည် ၂ ဦး ဈေးဝယ်ထွက်လာစဉ် ဖမ်းဆီးခြင်း ဖြစ်ပြီး စစ်သား ၂ ဦးအနက်မှ ၁ ဦး ဖမ်းဆီးရမိကာ ၁ ဦး လွတ်မြောက်သွားကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မဟာမိတ် Western News တွင် အဆိုပါ သတင်းကို အတည်ပြု ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက ဈေးဝယ်လာ သည့် စစ်ကောင်စီတပ်သား ၁ ဦးကို ယနေ့ဇွန်လ ၁၆ ရက်နေ့ နေလည်ပိုင်း ၂ နာရီကျော်ခန့်က က ရက္ခိုင်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခဲ့ ကြောင်း မျက်မြင်များ ကပြောသည်။

စစ်ကောင်စီ တပ်သား ၂ ဦးမှာဆောက်လုပ်ရေးပစ္စည်းလာဝယ်ရာတွင် တစ်ဦး ကို ဖမ်းဆီးသွားပြီး နောက်တစ်ဥဦးမှာ ထွက်ပြေး သွားလွတ် မြောက်သွား ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦးက Western News ကိုပြောသည်။

“မြန်မာစစ်သား ၂ ဦးက ဆောက်လုပ်ရေးပစ္စည်းတွေ လာဝယ်တာမှာ ဖမ်းတာ လို့သိရတယ်။ တစ်ယောက်ကိုတော့ ဖမ်းသွားပြီး နောက်တစ်ယောက်ကတော့ ထွက်ပြေးလို့လွတ်သွားတယ်။ ဖမ်းတဲ့နေရာနဲ့ စစ်တပ်နဲ့က နီးနီးလေးပဲ။ ဖမ်း သွားတဲ့ စစ်သားရဲ့ ရာထူးတွေကိုတော့ မသိရသေးဘူး”ဟုပြောသည်။

စစ်ကောင်စီ တပ်သားနှစ်ဦးမှာ အရပ်ဝတ်ဖြင့် ပုဏ္ဏားကျွန်းမြို့မဈေးမှ ဆောက် လုပ်ရေး ပစ္စည်းဝယ်ယူ၍ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းနားတွင်ဖြစ်ကြောင်း မျက်မြင် များက Western News ကို ပြောသည်။

စစ်ကောင်စီတပ်သားများအဖမ်းခံရပြီးနောင်ပိုင်း လက်နတ်ငယ်များဖြင့် ပစ် ခတ် သံများ ဆက်တိုက်ကြားရပြီး စစ်ကောင်စီတပ်ဖွဲ့များက မြို့အဝင် အထွက် လမ်းတစ်ချို့မှာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း အမည် ဖော်လို သည့် နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

“စစ်သားတစ်ယောက်ဖမ်းသွားတော့ သေနတ် ၆ ချက်လောက်ပစ်ပြီးတော့ စစ်သား တွေ မြို့ပတ်ပြီးရှာနေကြတယ်။ လမ်းတွေမှာလည်း လူတွေ တစ် ယောက်မှ မရှိကြတော့ဘူး။ မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေး နေတာ တွေရှိ တယ်”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရက္ခိုင့်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်းရာတွင် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြန်လည် ဖြေ ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့တွင် စစ်ကောင်စီတ ပ်သားတစ်ဦးကို ဖမ်းဆီးခဲ့သည်မှာ မှန်ကန်ကြောင်းရက္ခိုင့်တပ်တော် AA က ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်သားများက AAတပ်ဖွဲ့ဝင်များကို ဖမ်းဆီးတာကြောင့် စစ် ကောင်စီ တပ်သားတွေကို ပြန်လည်ဖမ်းဆီးနေတာဟု ရက္ခိုင်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဇွန်လ ၁၄ ရက်နေ့ကပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လတ်တလော ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် AA တို့အကြား တင်းမာမှုများ ဖြစ်ပွား နေပြီး မကြာသေးမီကလည်း ကျောက်တော်မြို့ပေါ်တွင် စစ်သား ၂ ဦးကို AA က ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကာ နှစ်ဖက် စစ်ရေး တင်းမာလျက် ရှိနေ ကြောင်း သိရှိရသည်။