Local News

ၿငိမ္းခ်မ္းေရးေဆြးေႏြးေနတဲ့ အဖြဲ႕ေတြကိုၾကည့္ၿပီး ေဆြး ေႏြးခ်င္စိတ္ေပၚလာတဲ့ EAO အဖြဲ႕ေတြရွိလာလို႔ ထပ္မံဖိတ္ေခၚခဲ့တာလို႔ စစ္ေခါင္းေဆာင္ေျပာ

ၿငိမ္းခ်မ္းေရးေဆြးေႏြးေနတဲ့ အဖြဲ႕ေတြကိုၾကည့္ၿပီး ေဆြး ေႏြးခ်င္စိတ္ေပၚလာတဲ့ EAO အဖြဲ႕ေတြရွိလာလို႔ ထပ္မံဖိတ္ေခၚခဲ့တာလို႔ စစ္ေခါင္းေဆာင္ေျပာ

ဧရာဝတီတိုင္းမ္

ဇြန္လ ၁၇ ရက္

စစ္ေကာင္စီရဲ႕ ဖိတ္ေခၚခ်က္ကိုတက္ေရာက္ခဲ့တဲ့ EAO အဖြဲ႕ေတြနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့တာကိုၾကည့္ၿပီး ေတြ႕ဆုံခ်င္စိတ္ေတြေပၚလာတဲ့ EAO အဖြဲ႕ေတြရွိလာလို႔ ထပ္မံဖိတ္ေခၚခဲ့တာျဖစ္တယ္လို႔ စစ္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာဆိုလိုက္ပါတယ္ ။

ဇြန္လ ၁၆ ရက္မေန႔က ျပဳလုပ္တဲ့ စစ္ေကာင္စီအစည္း အေဝးမွာ စစ္ေခါင္းေဆာင္က ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲနဲ႔ပတ္သက္လို႔ စစ္ေကာင္စီအဖြဲ႕ဝင္ေတြကို အခုလိုေျပာဆိုခဲ့တာပါ။

” ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲဖိတ္ေခၚတာနဲ႔ပတ္သက္လို႔ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔မတက္ေရာက္ဘူးလို႔သေဘာထားထုတ္ျပန္တဲ့အဖြဲ႕ေတြရွိတယ္။ ဘာမွမထုတ္ျပန္ဘဲၿငိမ္ေနတဲ့အဖြဲ႕ေတြရွိတယ္။ အဲ့ဒီအဖြဲ႕ေတြထဲမွာတခ်ိဳ႕ကလာခ်င္ၾကတယ္။ တကယ္ေဆြးေႏြးတဲ့ခါက် သူတို႔ထင္ထားသလိုမဟုတ္တဲ့အခါက်ေတာ့၊ ဒါဆိုရင္ေတာ့ သြားၿပီးေဆြးေႏြးလိုက္ရင္အက်ိဳးရွိမယ္ဆိုၿပီးအေတြးေပၚလာတဲ့အဖြဲ႕ေတြရွိတယ္။

တခ်ိဳ႕ကလည္းေရွ႕ကေဆြးေႏြးသြားတဲ့အဖြဲ႕ေတြကိုၾကည့္ၿပီးေတာ့မွ ၿငိမ္ေနတဲ့အဖြဲ႕ေတြထဲက ရွင္း ရွင္းေျပာရရင္လာခ်င္တဲ့သေဘာရွိတယ္။ တဖြဲ႕ဆိုၾကားထဲမွာဆက္သြယ္လာတာရွိတယ္။ ဒါေၾကာင့္ က်ေနာ္တို႔အခ်င္းခ်င္းတိုင္ပင္ၿပီး ထပ္မံဖိတ္ေခၚတဲ့ ေၾကျငာခ်က္ကိုထုတ္ျပန္လိုက္တာပါ” လို႔ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ေျပာဆိုပါတယ္။

စစ္ေကာင္စီဘက္က အခုလိုထပ္မံဖိတ္ေခၚတာနဲ႔ပတ္သက္ၿပီး တိုင္းရင္းသားတပ္ဖြဲ႕ေတြဘက္က ထပ္မံသေဘာထားထုတ္ျပန္တာမ်ိဳးမရွိပါဘူး။ အဲ့ဒီထုတ္ျပန္မႈနဲ႔ပတ္သက္လို႔ KNU ေျပာခြင့္ရ ဖဒိုေစာေတာနီး ကေတာ့ ”မင္းေအာင္လႈိင္ ဂဏာမၿငိမ္ျဖစ္ေနတာ”လို႔ တုန္႔ျပန္ေျပာဆိုထားပါတယ္။

စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို စစ္ေကာင္စီတပ္နဲ႔ တိုက္ပြဲျဖစ္ပြားျခင္းမရွိတဲ့ NCA လက္မွတ္ေရးထိုးထားတဲ့ ၇ ဖြဲ႕နဲ႔ လက္မွတ္မထိုးထားတဲ့ ၃ ဖြဲ႕ စုစုေပါင္း ၁၀ဖြဲ႕တက္ေရာက္ေနတာျဖစ္ပါတယ္။

လက္ရွိမွာ စစ္ေကာင္စီတပ္နဲ႔တိုက္ပြဲျဖစ္ပြားေနတဲ့ KIA၊KNU/KNLA၊ KNPP၊ CNF ၊ AA၊ ABSDF စတဲ့ တပ္ဖြဲ႕ေတြကေတာ့ ပါဝင္သင့္သူ အားလုံးပါဝင္တဲ့ေတြ႕ဆုံေဆြးေႏြးမႈအခ်ိန္အခါမွသာ တက္ေရာက္ေဆြးေႏြးမယ္လို႔ထုတ္ျပန္ထားၿပီး အျခားအင္အားႀကီးတိုင္းရင္းသားတပ္ဖြဲ႕ေတြဘက္ကေတာ့ စစ္ေကာင္စီနဲ႔ေဆြးေႏြးတာမ်ိဳးမရွိသလို သေဘာထားထုတ္ျပန္ထားတာမ်ိဳးလည္းမရွိပါဘူး။

စစ္ေကာင္စီဟာ တိုင္းရင္းတပ္ဖြဲ႕ေတြကိုၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ဖိတ္ေခၚေနတဲ့အျပင္ PDF ေတြအလင္းဝင္ၿပီးျပည္သူ႔ဘဝခံယူဖို႔ ထုတ္ျပန္လာတာဟာ ၄င္းတို႔စစ္ေကာင္စီတပ္မွာ စစ္မ်က္ႏွာမ်ားလာၿပီး စစ္ပန္းလာတာေၾကာင့္ျဖစ္တယ္လို႔ CDM တပ္မေတာ္သားအရာရွိအသိုင္းအဝိုင္းကသုံးသပ္ေျပာဆိုထားပါတယ္။

#AyeyarwaddyTimes

ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေကိုကြည့်ပြီး ဆွေး နွေးချင်စိတ်ပေါ်လာတဲ့ EAO အဖွဲ့တွေရှိလာလို့ ထပ်မံဖိတ်ခေါ်ခဲ့တာလို့ စစ်ခေါင်းဆောင်ပြော

ဧရာဝတီတိုင်းမ်

ဇွန်လ ၁၇ ရက်

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကိုတက်ရောက်ခဲ့တဲ့ EAO အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တာကိုကြည့်ပြီး တွေ့ဆုံချင်စိတ်တွေပေါ်လာတဲ့ EAO အဖွဲ့တွေရှိလာလို့ ထပ်မံဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ် ။

ဇွန်လ ၁၆ ရက်မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်း အဝေးမှာ စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီအဖွဲ့ဝင်တွေကို အခုလိုပြောဆိုခဲ့တာပါ။

” ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်တာနဲ့ပတ်သက်လို့ အကြောင်းအမျိုးမျိုးနဲ့မတက်ရောက်ဘူးလို့သဘောထားထုတ်ပြန်တဲ့အဖွဲ့တွေရှိတယ်။ ဘာမှမထုတ်ပြန်ဘဲငြိမ်နေတဲ့အဖွဲ့တွေရှိတယ်။ အဲ့ဒီအဖွဲ့တွေထဲမှာတချို့ကလာချင်ကြတယ်။ တကယ်ဆွေးနွေးတဲ့ခါကျ သူတို့ထင်ထားသလိုမဟုတ်တဲ့အခါကျတော့၊ ဒါဆိုရင်တော့ သွားပြီးဆွေးနွေးလိုက်ရင်အကျိုးရှိမယ်ဆိုပြီးအတွေးပေါ်လာတဲ့အဖွဲ့တွေရှိတယ်။

တချို့ကလည်းရှေ့ကဆွေးနွေးသွားတဲ့အဖွဲ့တွေကိုကြည့်ပြီးတော့မှ ငြိမ်နေတဲ့အဖွဲ့တွေထဲက ရှင်း ရှင်းပြောရရင်လာချင်တဲ့သဘောရှိတယ်။ တဖွဲ့ဆိုကြားထဲမှာဆက်သွယ်လာတာရှိတယ်။ ဒါကြောင့် ကျနော်တို့အချင်းချင်းတိုင်ပင်ပြီး ထပ်မံဖိတ်ခေါ်တဲ့ ကြေငြာချက်ကိုထုတ်ပြန်လိုက်တာပါ” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပါတယ်။

စစ်ကောင်စီဘက်က အခုလိုထပ်မံဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး တိုင်းရင်းသားတပ်ဖွဲ့တွေဘက်က ထပ်မံသဘောထားထုတ်ပြန်တာမျိုးမရှိပါဘူး။ အဲ့ဒီထုတ်ပြန်မှုနဲ့ပတ်သက်လို့ KNU ပြောခွင့်ရ ဖဒိုစောတောနီး ကတော့ ”မင်းအောင်လှိုင် ဂဏာမငြိမ်ဖြစ်နေတာ”လို့ တုန့်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ ၇ ဖွဲ့နဲ့ လက်မှတ်မထိုးထားတဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ဖွဲ့တက်ရောက်နေတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ KIA၊KNU/KNLA၊ KNPP၊ CNF ၊ AA၊ ABSDF စတဲ့ တပ်ဖွဲ့တွေကတော့ ပါဝင်သင့်သူ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုအချိန်အခါမှသာ တက်ရောက်ဆွေးနွေးမယ်လို့ထုတ်ပြန်ထားပြီး အခြားအင်အားကြီးတိုင်းရင်းသားတပ်ဖွဲ့တွေဘက်ကတော့ စစ်ကောင်စီနဲ့ဆွေးနွေးတာမျိုးမရှိသလို သဘောထားထုတ်ပြန်ထားတာမျိုးလည်းမရှိပါဘူး။

စစ်ကောင်စီဟာ တိုင်းရင်းတပ်ဖွဲ့တွေကိုငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်နေတဲ့အပြင် PDF တွေအလင်းဝင်ပြီးပြည်သူ့ဘဝခံယူဖို့ ထုတ်ပြန်လာတာဟာ ၎င်းတို့စစ်ကောင်စီတပ်မှာ စစ်မျက်နှာများလာပြီး စစ်ပန်းလာတာကြောင့်ဖြစ်တယ်လို့ CDM တပ်မတော်သားအရာရှိအသိုင်းအဝိုင်းကသုံးသပ်ပြောဆိုထားပါတယ်။

#AyeyarwaddyTimes