Local News

င္ငံေရးအက်ဥ္းသား ၂ ဦး ႐ိုက္ႏွက္ခံရၿပီး စစ္ေဆး႐ုံတင္ထားရ

အင္းစိန္ေထာင္တြင္ တိုက္ပိတ္ခံရေသာ ႏိုင္ငံေရးအက်ဥ္းသား ၁၁ ဦး ႐ိုက္ ႏွက္ခံရၿပီး ဒဏ္ရာမ်ား ေဆးကုသခြင့္မရဘဲ ၂ ဦးဒဏ္ရာ ျပင္းထန္ဟုဆို၊ ဘားအံ ေထာင္တြင္လည္း ႏိုင္ငံေရးအက်ဥ္းသား ၂ ဦး ႐ိုက္ႏွက္ခံရၿပီး စစ္ေဆး႐ုံတင္ထားရ

ရန္ကုန္၊ ဇြန္ ၁၇

ရန္ကုန္၊ အင္းစိန္ေထာင္တြင္ ႏိုင္ငံေရးအက်ဥ္းသား ၁၁ ဦး အစာငတ္ဆႏၵျပ မႈ ေၾကာင့္ ႐ိုက္ႏွက္ခံရၿပီး တိုက္ပိတ္ခံထားရကာ ဒဏ္ရာမ်ား အျပင္း အထန္ ရရွိထားေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားတစ္ဦး၏ မိသားစုဝင္တစ္ဦးက ရန္ကုန္ ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္

“အင္းစိန္ေထာင္မွာ ႏိုင္ငံေရးအက်ဥ္းသား ၁၁ ဦး တိုက္ပိတ္ခံထားရတာ ေဆး လည္းမကုေပးဘူး။ ႐ိုက္ႏွက္ထားတာ လူ႐ုပ္ေတာင္ မေပၚေတာ့ဘူး။ ဝိုင္း ႐ိုက္တာျဖစ္လို႔ ေခါင္းကြဲတဲ့သူရွိတယ္။ ေျခက်ိဳးလက္က်ိဳးရွိတယ္။ အစာငတ္ခံ ဆႏၵ ျပလို႔။

အကုန္လုံးဒဏ္ရာရေပမယ့္ ၂ ဦးကေတာ့ ဒဏ္ရာ ျပင္းထန္ၿပီး အဆက္အသြယ္မရဘူး။ မိသားစုနဲ႔လည္းအဆက္အသြယ္ျပတ္ေနတယ္။ အခုေထာင္ထဲမွာ စစ္ကားေတြေရာ၊ ရဲကားေတြေရာ လုံၿခဳံေရးကို အရမ္း တိုးျမႇင့္ထားတယ္” ဟု ႏိုင္ငံေရးအက်ဥ္းသား မိသားစုဝင္တစ္ဦးက ေျပာသည္။

အလားတူ ကရင္ျပည္နယ္၊ ဘားအံအက်ဥ္းေထာင္ ႏိုင္ငံေရးအက်ဥ္းသမား၂ ဦး လည္း ဝိုင္းဝန္း႐ိုက္ႏွက္ခံရၿပီး ေတာင္ကေလး စစ္ေဆး႐ုံသို႔ ပို႔ေဆာင္ ကုသ ေနရေၾကာင္း၊ ေသသည္ ရွင္သည္ကို မသိရဘဲ ဒဏ္ရာ အျပင္းအထန္ ရရွိသြား ေၾကာင္း ဘာအံေထာင္ သတင္းရင္းျမစ္က ေျပာသည္။

ႏိုင္ငံေရးအက်ဥ္းသားမ်ားကို ႀကိဳးၾကာေဆာင္မွ ေထာင္မႀကီးအေဆာင္၄ သို႔ ခိုးဆိုး၊ လုႏိုက္၊ မူးယစ္၊ ရာဇဝတ္သားမ်ားႏွင့္ အတူေရာေႏွာ၍ ထားရွိရန္ အတင္းအဓမၼ ဖိအားေပး ေျပာင္းေ႐ႊ႕ေသာေန႔ ဇြန္လ ၈ရက္ေန႔တြင္ အက်ဥ္း သား မ်ားက ဆႏၵျပၾကေၾကာင္း၊

ဆႏၵျပမႈအတြက္ ေထာင္အာဏာ ပိုင္မ်ားက အက်ဥ္းသားမ်ားကို အစာေရစာျဖတ္ေတာက္ၿပီး‌ ျပစ္ဒဏ္ေပးရာ ႏိုင္ငံေရး အက်ဥ္းသားတခ်ိဳ႕က မသိရွိဘဲ ယင္းေန႔ မြန္းလြဲ ၂ နာရီ ထမင္း၊ ဟင္းေပးရန္ ေထာင္ဝန္ထမ္းကို ေအာ္ေခၚၾကေၾကာင္း၊ ေထာင္ဝန္ထမ္း (၁၃) ဦးက အဆိုပါ ႏိုင္ငံေရး အက်ဥ္းသားမ်ားကို ဝိုင္းဝန္း ႐ိုက္ႏွက္သျဖင့္ ဒဏ္ရာ အျပင္း အထန္ရရွိေၾကာင္း ၊ အျခားေသာ တိုက္ပိတ္ခံ ႏိုင္/က်ဥ္း မ်ားက မတရားသျဖင့္ ႐ိုက္ႏွက္ျခင္း မျပဳလုပ္ရန္ ဝိုင္းဝန္း တားဆီး ခဲ့ၾကေၾကာင္း သိရွိရသည္။

၀ိုင္းဝန္း တားဆီးၾကသူမ်ားကိုလည္း ေထာင္ဝန္ထမ္းမ်ားက အျပင္းအထန္ ႐ိုက္ႏွက္ သျဖင့္ အက်ဥ္းသား ၆ ဦးျပင္းထန္စြာ ဒဏ္ရာရၿပီး၊ ၂ ဦး ေသလု ေျမာ ပါး ထိခိုက္၊ ဒဏ္ရာ ရခဲ့သျဖင့္ ေထာင္အာဏာပိုင္မ်ားက ေတာင္ကေလး စစ္ေဆး႐ုံကို တင္ပို႔ခဲ့ေၾကာင္း သိရွိရသည္။

ထို႔ျပင္ ႏွစ္ႀကီး ႏိုင္/က်ဥ္း သမားမ်ားကိုလည္း ဆႏၵျပလွ်င္ ႏွိမ္နင္း ရွင္းလင္း ပစ္ရန္ ေထာင္ပိုင္ဦးလွေ႐ႊက ေထာင္ဝန္ထမ္းမ်ားကို ၫႊန္ၾကား ထား ေၾကာင္း သိရွိရသည္။

အင်းစိန်ထောင်တွင် တိုက်ပိတ်ခံရသော နိုင်ငံရေးအကျဉ်းသား ၁၁ ဦး ရိုက် နှက်ခံရပြီး ဒဏ်ရာများ ဆေးကုသခွင့်မရဘဲ ၂ ဦးဒဏ်ရာ ပြင်းထန်ဟုဆို၊ ဘားအံ ထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသား ၂ ဦး ရိုက်နှက်ခံရပြီး စစ်ဆေးရုံတင်ထားရ

ရန်ကုန်၊ ဇွန် ၁၇

ရန်ကုန်၊ အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၁ ဦး အစာငတ်ဆန္ဒပြ မှု ကြောင့် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရကာ ဒဏ်ရာများ အပြင်း အထန် ရရှိထားကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

“အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး တိုက်ပိတ်ခံထားရတာ ဆေး လည်းမကုပေးဘူး။ ရိုက်နှက်ထားတာ လူရုပ်တောင် မပေါ်တော့ဘူး။ ဝိုင်း ရိုက်တာဖြစ်လို့ ခေါင်းကွဲတဲ့သူရှိတယ်။ ခြေကျိုးလက်ကျိုးရှိတယ်။ အစာငတ်ခံ ဆန္ဒ ပြလို့။

အကုန်လုံးဒဏ်ရာရပေမယ့် ၂ ဦးကတော့ ဒဏ်ရာ ပြင်းထန်ပြီး အဆက်အသွယ်မရဘူး။ မိသားစုနဲ့လည်းအဆက်အသွယ်ပြတ်နေတယ်။ အခုထောင်ထဲမှာ စစ်ကားတွေရော၊ ရဲကားတွေရော လုံခြုံရေးကို အရမ်း တိုးမြှင့်ထားတယ်” ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောသည်။

အလားတူ ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင် နိုင်ငံရေးအကျဉ်းသမား၂ ဦး လည်း ဝိုင်းဝန်းရိုက်နှက်ခံရပြီး တောင်ကလေး စစ်ဆေးရုံသို့ ပို့ဆောင် ကုသ နေရကြောင်း၊ သေသည် ရှင်သည်ကို မသိရဘဲ ဒဏ်ရာ အပြင်းအထန် ရရှိသွား ကြောင်း ဘာအံထောင် သတင်းရင်းမြစ်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို ကြိုးကြာဆောင်မှ ထောင်မကြီးအဆောင်၄ သို့ ခိုးဆိုး၊ လုနိုက်၊ မူးယစ်၊ ရာဇဝတ်သားများနှင့် အတူရောနှော၍ ထားရှိရန် အတင်းအဓမ္မ ဖိအားပေး ပြောင်းရွှေ့သောနေ့ ဇွန်လ ၈ရက်နေ့တွင် အကျဉ်း သား များက ဆန္ဒပြကြကြောင်း၊

ဆန္ဒပြမှုအတွက် ထောင်အာဏာ ပိုင်များက အကျဉ်းသားများကို အစာရေစာဖြတ်တောက်ပြီး‌ ပြစ်ဒဏ်ပေးရာ နိုင်ငံရေး အကျဉ်းသားတချို့က မသိရှိဘဲ ယင်းနေ့ မွန်းလွဲ ၂ နာရီ ထမင်း၊ ဟင်းပေးရန် ထောင်ဝန်ထမ်းကို အော်ခေါ်ကြကြောင်း၊ ထောင်ဝန်ထမ်း (၁၃) ဦးက အဆိုပါ နိုင်ငံရေး အကျဉ်းသားများကို ဝိုင်းဝန်း ရိုက်နှက်သဖြင့် ဒဏ်ရာ အပြင်း အထန်ရရှိကြောင်း ၊ အခြားသော တိုက်ပိတ်ခံ နိုင်/ကျဉ်း များက မတရားသဖြင့် ရိုက်နှက်ခြင်း မပြုလုပ်ရန် ဝိုင်းဝန်း တားဆီး ခဲ့ကြကြောင်း သိရှိရသည်။

ဝိုင်းဝန်း တားဆီးကြသူများကိုလည်း ထောင်ဝန်ထမ်းများက အပြင်းအထန် ရိုက်နှက် သဖြင့် အကျဉ်းသား ၆ ဦးပြင်းထန်စွာ ဒဏ်ရာရပြီး၊ ၂ ဦး သေလု မြော ပါး ထိခိုက်၊ ဒဏ်ရာ ရခဲ့သဖြင့် ထောင်အာဏာပိုင်များက တောင်ကလေး စစ်ဆေးရုံကို တင်ပို့ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နှစ်ကြီး နိုင်/ကျဉ်း သမားများကိုလည်း ဆန္ဒပြလျှင် နှိမ်နင်း ရှင်းလင်း ပစ်ရန် ထောင်ပိုင်ဦးလှရွှေက ထောင်ဝန်ထမ်းများကို ညွှန်ကြား ထား ကြောင်း သိရှိရသည်။