Local News

သစ္ေဖာင္မ်ားကို ဆက္ေၾကးေကာက္ခံေနေသာ ရဲ စက္ေလွ အခ်င္းခ်င္း ပစ္ခတ္မိ၍ ရဲ ၁ ဦးႏွင့္ ရဲသတင္းေပး ၁ ဦး ေသဆုံး

သစ္ေဖာင္မ်ားကို ဆက္ေၾကးေကာက္ခံေနေသာ ရဲစက္ေလွ အခ်င္းခ်င္း ပစ္ခတ္မိ၍ ရဲ ၁ ဦးႏွင့္ ရဲသတင္းေပး ၁ ဦး ေသဆုံး

ရန္ကုန္၊ ဇြန္ ၁၇

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕နယ္၊ မေခါက္ေက်း႐ြာအနီးတြင္ သစ္ေဖာင္မ်ားကိုဆက္ ေၾကးေကာက္ခံေနေသာ ရဲစက္ေလွအခ်င္းခ်င္း ပစ္ခတ္မိ၍ ရဲ ၁ ဦးႏွင့္ သတင္း ေပး ၁ ဦး ေသဆုံးေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ဇြန္လ ၁၅ ရက္ေန႔တြင္ ရဲ စက္ေလွအခ်င္းခ်င္း မွားယြင္းပစ္ခတ္မႈျဖစ္ပြား ျခင္း ျဖစ္ၿပီး သစ္ေဖာင္မ်ားကို ဆက္ေၾကး ေကာက္ခံေနေသာ စက္ေလွမ်ားအၾကား မွားယြင္းပစ္ခတ္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ေ႐ႊဘိုမေခါက္ပစ္ခတ္မွ ရဲတစ္ဦး၊အင္ေဖာ္မာတစ္ဦးေသတယ္။ ရဲက ေ႐ႊယမင္း လဖက္ရည္ဆိုင္ပိုင္ရွင္ ကိုတင့္နဲ႔ မႏြယ္နီႏိုင္(ရပ္ေက်းစာေရး)၊ Non CDM ဝန္ ထမ္းရဲ႕ သမက္ေလး ရဲတပ္သား။ ေနာက္တစ္ဦးေသတာက ကိုး ေခ်ာင္း ေခၚ ကိုခင္ေမာင္ သန္းရဲ႕ တူေတာ္သူ ။ သူကလည္း ရဲသတင္းေပး လုပ္ေနတာ။

ဧရာဝတီ ျမစ္ထဲစုန္ဆင္းလာတဲ့ သစ္ေဖာင္ေတြကို ေငြေတာင္း ၾကတဲ့အဖြဲ႕ပါ။ သစ္ေဖာင္ေတြကို ေငြေတာင္းတဲ့ဓေလ့ကလည္း ၾကာပါၿပီ။ ႏွစ္ေပါင္း သုံးဆယ္ ေလာက္ရွိၿပီထင္ပါရဲ႕။ ရဲအစုအဖြဲ႕ခြဲၿပီး အလွည့္က် စက္ေလွ ငွားၿပီးေငြေတာင္း တာ ၿမိဳ႕နယ္မႉးတစ္ဖြဲ႕၊စခန္းမႉးတစ္ဖြဲ႕၊ရဲသက္သာတစ္ဖြဲ႕၊ ေတာင္းရသမွ်ေဝစု ခြဲၿပီးယူၾကတာ။

ဘာမွမဟုတ္ဘူး မိုက္ေၾကးခြဲၿပီး ေငြေတာင္း ႐ုံ သက္သက္ပါပဲ။ မေခါက္႐ြာမွာ စစ္တပ္တပ္စြဲထားတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

သစ်ဖောင်များကို ဆက်ကြေးကောက်ခံနေသော ရဲစက်လှေ အချင်းချင်း ပစ်ခတ်မိ၍ ရဲ ၁ ဦးနှင့် ရဲသတင်းပေး ၁ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မခေါက်ကျေးရွာအနီးတွင် သစ်ဖောင်များကိုဆက် ကြေးကောက်ခံနေသော ရဲစက်လှေအချင်းချင်း ပစ်ခတ်မိ၍ ရဲ ၁ ဦးနှင့် သတင်း ပေး ၁ ဦး သေဆုံးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့တွင် ရဲ စက်လှေအချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ပွား ခြင်း ဖြစ်ပြီး သစ်ဖောင်များကို ဆက်ကြေး ကောက်ခံနေသော စက်လှေများအကြား မှားယွင်းပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေဘိုမခေါက်ပစ်ခတ်မှ ရဲတစ်ဦး၊အင်ဖော်မာတစ်ဦးသေတယ်။ ရဲက ရွှေယမင်း လဖက်ရည်ဆိုင်ပိုင်ရှင် ကိုတင့်နဲ့ မနွယ်နီနိုင်(ရပ်ကျေးစာရေး)၊ Non CDM ဝန် ထမ်းရဲ့ သမက်လေး ရဲတပ်သား။ နောက်တစ်ဦးသေတာက ကိုး ချောင်း ခေါ် ကိုခင်မောင် သန်းရဲ့ တူတော်သူ ။ သူကလည်း ရဲသတင်းပေး လုပ်နေတာ။

ဧရာဝတီ မြစ်ထဲစုန်ဆင်းလာတဲ့ သစ်ဖောင်တွေကို ငွေတောင်း ကြတဲ့အဖွဲ့ပါ။ သစ်ဖောင်တွေကို ငွေတောင်းတဲ့ဓလေ့ကလည်း ကြာပါပြီ။ နှစ်ပေါင်း သုံးဆယ် လောက်ရှိပြီထင်ပါရဲ့။ ရဲအစုအဖွဲ့ခွဲပြီး အလှည့်ကျ စက်လှေ ငှားပြီးငွေတောင်း တာ မြို့နယ်မှူးတစ်ဖွဲ့၊စခန်းမှူးတစ်ဖွဲ့၊ရဲသက်သာတစ်ဖွဲ့၊ တောင်းရသမျှဝေစု ခွဲပြီးယူကြတာ။

ဘာမှမဟုတ်ဘူး မိုက်ကြေးခွဲပြီး ငွေတောင်း ရုံ သက်သက်ပါပဲ။ မခေါက်ရွာမှာ စစ်တပ်တပ်စွဲထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။