Local News



ရန်ကုန်၊ ဇွန် ၁၇






နယ်ထိန်းရဲ နိုင်မင်းထွဋ်ခေါင်ကို PDF က ဖမ်းဆီးလာစဉ် လက်နက် လုယူရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ရာမှ သေဆုံး

ရန်ကုန်၊ ဇွန် ၁၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ နယ်ထိန်းရဲ နိုင်မင်းထွဋ်ခေါင်ကို PDF က ဖမ်း ဆီး လာစဉ် လက်နက်လုယူရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွား ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Black Wolf PDF-Mdy က ပြောသည်။

မကွေးတိုင်း ရေစကြိုမြို့နယ် အမှတ်(၈)သုခဝတီရပ်ကွပ်နေ နယ်ထိန်းရဲ နိုင် မင်းထွဋ်ခေါင် သည် ရေစကြိုမြို့အတွင်းလှည့်လည်လိုင်းကြေးကောက် သောင်းကျန်း အမြတ်ထုတ်နေသဖြင့် မဟာမိတ်PDF များ ပူးပေါင်းကာ

ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် သွားရောက်စောင့်ကြည့် ဖမ်းဆီးခေါ်ဆောင်လာကြောင်း၊ လမ်းခုလတ် တနေရာတွင် လက်နက် လုရန် ကြံစည် ခုခံသောကြောင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါ ရှင်းလင်းမှုကို Black Wolf PDF-Mdy ၊ MGN Tiger မြင်းခြံ ခရိုင်တပ်ရင်း(၂)၊ Bagan Nyaung Oo PDF တို့က ပူးပေါင်း ဆောင်ရွက် ခြင်းဖြစ်ကြောင်း Black Wolf PDF – MDYက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- သေဆုံးသူ ရေစကြိုမြို့မှ နယ်ထိန်းရဲ နိုင်မင်းထွဋ်ခေါင်။