ကုန္တင္ယာဥ္မ်ားအားဖမ္းဆီးေနသည့္ မႏၲေလးစည္ပင္ဝန္ထမ္းမ်ား ေသနတ္ျဖင့္ပစ္ခံရ
ကုန္တင္ယာဥ္မ်ားအား ၿမိဳ႕ပတ္လွည့္လည္ဖမ္းဆီးေနသည့္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္ မတီဝန္ထမ္းမ်ား ယေန႔ ဇြန္လ ၁၇ ရက္ နံနက္ပိုင္းက ေသနတ္ျဖင့္ပစ္ခတ္ခံရၿပီး တစ္ဦး စိုးရိမ္ရသည့္ ဒဏ္ရာျဖင့္ ေဆး႐ုံသို႔ပို႔ေဆာင္လိုက္ရေၾကာင္း သတင္းရရွိသည္။
“စည္ပင္ကားေပၚကေကာင္ေတြကို ေသနတ္သမားက ပစ္သြားတာဗ်။ ဘိုးေတာ္ႀကီးတစ္ေယာက္ ထိသြား တယ္၊ ေဆး႐ုံကားနဲ႔တင္သြားတာ ေတြ႕လိုက္ရတယ္။ ဒီလူေတြက ၿမိဳ႕လွည့္ၿပီး ကုန္တင္ယာဥ္ေတြဆီက ပိုက္ဆံလိုက္ေတာင္းေနတဲ့ စည္ပင္ဝန္ထမ္းေတြပါ” ဟု အခင္းျဖစ္စဥ္အနီးတြင္ ေနထိုင္သူတစ္ဦးက ေျပာ သည္။
နံနက္ ၉ နာရီခန႔္က ၎အဖြဲ႕ ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္လွည့္လာစဥ္ မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕ နယ္ ၃၅ လမ္း၊ ၈၉ လမ္းႏွင့္ လမ္း ၉၀ ၾကားအေရာက္တြင္ ဆိုင္ကယ္စီးေသနတ္သမားႏွစ္ဦးက ပစ္ခတ္ သြားျခင္းျဖစ္ေၾကာင္းသိရသည္။
ေသနတ္ပစ္ခံရသူသည္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ၊ အသက္ ၅၀ ေက်ာ္အ႐ြယ္ စာရင္းစစ္(ကြၽမ္းက်င္-၄) ဦးယုေမာ္ဆိုသူျဖစ္ၿပီး နဖူးက်ည္ဆံေဖာက္ဝင္ဒဏ္ရာျဖင့္ စိုးရိမ္ရသည့္ အေျခ အေနျဖစ္ေၾကာင္းလည္း သိရသည္။
စစ္အာဏာသိမ္းၿပီးေနာက္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီႏွင့္ ဆက္စပ္သည့္ေနရာအခ်ိဳ႕ တိုက္ခိုက္ခံရမႈရွိခဲ့ၿပီး လူပုဂၢိဳလ္တိုက္ခိုက္ခံရမႈမွာ ယခုအႀကိမ္သည္ ပထမဦးဆုံးျဖစ္သည္။
#Mizzima
ကုန်တင်ယာဉ်များအားဖမ်းဆီးနေသည့် မန္တလေးစည်ပင်ဝန်ထမ်းများ သေနတ်ဖြင့်ပစ်ခံရ
ကုန်တင်ယာဉ်များအား မြို့ပတ်လှည့်လည်ဖမ်းဆီးနေသည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီဝန်ထမ်းများ ယနေ့ ဇွန်လ ၁၇ ရက် နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီး တစ်ဦး စိုးရိမ်ရသည့် ဒဏ်ရာဖြင့် ဆေးရုံသို့ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။
“စည်ပင်ကားပေါ်ကကောင်တွေကို သေနတ်သမားက ပစ်သွားတာဗျ။ ဘိုးတော်ကြီးတစ်ယောက် ထိသွား တယ်၊ ဆေးရုံကားနဲ့တင်သွားတာ တွေ့လိုက်ရတယ်။ ဒီလူတွေက မြို့လှည့်ပြီး ကုန်တင်ယာဉ်တွေဆီက ပိုက်ဆံလိုက်တောင်းနေတဲ့ စည်ပင်ဝန်ထမ်းတွေပါ” ဟု အခင်းဖြစ်စဉ်အနီးတွင် နေထိုင်သူတစ်ဦးက ပြော သည်။
နံနက် ၉ နာရီခန့်က ၎င်းအဖွဲ့ မော်တော်ယာဉ်တစ်စီးဖြင့်လှည့်လာစဉ် မန္တလေးမြို့ မဟာအောင်မြေမြို့ နယ် ၃၅ လမ်း၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားအရောက်တွင် ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦးက ပစ်ခတ် သွားခြင်းဖြစ်ကြောင်းသိရသည်။
သေနတ်ပစ်ခံရသူသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ၊ အသက် ၅၀ ကျော်အရွယ် စာရင်းစစ်(ကျွမ်းကျင်-၄) ဦးယုမော်ဆိုသူဖြစ်ပြီး နဖူးကျည်ဆံဖောက်ဝင်ဒဏ်ရာဖြင့် စိုးရိမ်ရသည့် အခြေ အနေဖြစ်ကြောင်းလည်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဆက်စပ်သည့်နေရာအချို့ တိုက်ခိုက်ခံရမှုရှိခဲ့ပြီး လူပုဂ္ဂိုလ်တိုက်ခိုက်ခံရမှုမှာ ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်သည်။
#Mizzima