Local News
Credit>>ကိုလြင်(ဆြာ) AZM
လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲဗျာ.. ဖတ်ရင်းနဲ့ ကြက်သီးတွေထလာတယ်…
ဘုရားဘုရားလောကကြီးဘာတွေဖြစ်ကုန်ပြီလဲဗျာ
တောင်ငူခရိုင် ထန်းတပင်မြို့နယ် နတ်ရွာတွင် ယမန်နေ့ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က
သားအဖနှစ်ယောက် အရက်အတူတူ သောက်စားကာ တစ်ယောက်တစ်ခွန်းစကားများရန်ဖြစ်ကာ သားဖြစ်သူ က
ဓါဖြင့်ထိုးခဲ့၍ ဖခင်ဖြစ်သူမှာ အိမ်ရှေ့လမ်းပေါ်၌ သေဆုံးသွားခဲ့ ကြောင်းသိရသည်။
ယင်းကျေးရွာနေ ဦးအောင်ရွှေ ၅၄ နှစ် နှင့် သားဖြစ် သူ ခွန်အောင်သိန်းလေး ၁၈ နှစ် တို့သည် အရက်များမူးယစ်ပြီး စကား များခဲ့ကြောင်း
ထိုသို့စကားများရန်ဖြစ်စဉ် ခွန်အောင်သိန်းလေး က လက်ထဲတွင် အသင့်ကိုင်ဆောင်ထားသော
အရိုးအသွား ၈ လက်မရှိ ကြက်သွန်လှီးဓါးဖြင့် တစ်ချက်ထိုးခဲ့သဖြင့် ဝမ်းဗိုက် ဘယ်ဘက်တွင် ဒါဏ်ရာရှိကာသေဆုံးသွားခြင်းဖြစ်ပြီး
ပြစ်မှုကျူးလွန်သူ ခွန်အောင်သိန်း လေး အား ထန်းတပင်မြို့မစခန်းမှူး ဒုရဲမှူး အောင်ဝင်းထွန်း နှင့်အဖွဲ့
ခရိုင်မှုခင်းနိမ်နင်းရေး(အကူ)မှ ရဲအုပ် တင်ဦး နှင့်အဖွဲ့ နတ်ရွာရဲကင်း အဖွဲ့တို့ပူးပေါင်းစုံစမ်းခဲ့ရာ
ယနေ့ ညနေ ၃ နာရီခွဲအချိန် နတ်ရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာ လယ်ထဲတဲမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။…..
Credit>>ကိုလြင်(ဆြာ) AZM