Local News

မႏၲေလး KBZ ဘဏ္ကိုထူးဆန္းေသာ လက္နက္ၾကီးျဖင့္ က်ပ္သိန္းေလးရာေက်ာ္ ဓားျပတိုက္သြား

မႏၲေလး KBZ ဘဏ္ကိုထူးဆန္းေသာ လက္နက္ၾကီးျဖင့္ က်ပ္သိန္းေလးရာေက်ာ္ ဓားျပတိုက္သြား

မႏၲေလး KBZ ဘဏ္ကို ေက်ာက္ခဲထည့္ထားတဲ့ အိတ္အမည္းနဲ႔ ၿခိမ္းေျခာက္ၿပီး က်ပ္သိန္းေလးရာေက်ာ္ ဓားျပတိုက္သြား

MFP ၊ ဇြန္ – ၁၇

မႏၲေလးၿမိဳ႕ (၆၂)လမ္းေပၚက KBZ ေအာင္ေတာ္မူဘဏ္ခြဲ(ဘဏ္ခြဲ-၉)ကို ေက်ာက္ခဲထည့္ထားတဲ့ အိတ္အမည္းနဲ႔ ၿခိမ္းေျခာက္ၿပီး ဓားျပတိုက္သြားခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ဒီေန႔ ဇြန္လ (၁၇)ရက္ မနက္ (၁၀)နာရီခြဲေလာက္မွာ ဆိုင္ကယ္စီး အမ်ိဳးသားႏွစ္ဦးဟာ အဲဒီဘဏ္ကို ေရာက္လာၿပီး KBZ Pay အေကာင့္ဖြင့္လွစ္ဖို႔အတြက္ လာေရာက္ေစာင့္ဆိုင္းေနခ်ိန္ ေနာက္ထပ္ အမ်ိဳးသားႏွစ္ဦးဟာ ဆိုင္ကယ္နဲ႔ ထပ္မံေရာက္ရွိလာၿပီး ေသနတ္ပါတဲ့သူတစ္ေယာက္က ဘဏ္ဝန္ထမ္းတစ္ေယာက္ကို ေသနတ္နဲ႔ ခ်ိန္႐ြယ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဘဏ္ေကာင္တာကို သြားၿပီး ေငြက်ပ္ (၄၄၉)သိန္းကို ေက်ာပိုးအိတ္ထဲထည့္ကာ အိတ္အမည္းတစ္လုံးကို ေကာင္တာေပၚတင္ၿပီး နာရီဝက္အတြင္း ရဲစခန္းကို အေၾကာင္းၾကားရင္ ေဖာက္ခြဲပစ္မယ္လို႔ ေျပာဆိုကာ (၂၆)လမ္းအတိုင္း အေရွ႕ဘက္ကို ေမာင္းႏွင္သြားခဲ့တယ္လို႔ နီးစပ္သူေတြဆီက သိရပါတယ္။

အဲဒီေနာက္ စစ္အုပ္စုဝင္ေတြ ေရာက္လာၿပီး ဘဏ္ေကာင္တာေပၚက အထုပ္ကို လုံၿခဳံေရးအထပ္ထပ္နဲ႔ ရွင္းလင္းခဲ့ရာမွာ အနက္ေရာင္ႂကြပ္ႂကြပ္အိတ္ထဲ ေက်ာက္ခဲပတ္ထည့္ထားတာျဖစ္တယ္လို႔ နီးစပ္သူေတြဆီက ထပ္မံသိရပါတယ္။

လက္ရွိမွာေတာ့ စစ္အုပ္စုဟာ အဲဒီဘဏ္ဝန္းက်င္အပါအဝင္ လမ္းသြားလမ္းလာေတြကို ၿမိဳ႕အႏွံ႔ စစ္ေဆးေမးျမန္းတာေတြ လုပ္ေဆာင္ေနတယ္လို႔ ေဒသခံေတြက ေျပာဆိုပါတယ္။

မန္တလေး KBZ ဘဏ်ကိုထူးဆန်းသော လက်နက်ကြီးဖြင့် ကျပ်သိန်းလေးရာကျော် ဓားပြတိုက်သွား

မန္တလေး KBZ ဘဏ်ကို ကျောက်ခဲထည့်ထားတဲ့ အိတ်အမည်းနဲ့ ခြိမ်းခြောက်ပြီး ကျပ်သိန်းလေးရာကျော် ဓားပြတိုက်သွား

MFP ၊ ဇွန် – ၁၇

မန္တလေးမြို့ (၆၂)လမ်းပေါ်က KBZ အောင်တော်မူဘဏ်ခွဲ(ဘဏ်ခွဲ-၉)ကို ကျောက်ခဲထည့်ထားတဲ့ အိတ်အမည်းနဲ့ ခြိမ်းခြောက်ပြီး ဓားပြတိုက်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဇွန်လ (၁၇)ရက် မနက် (၁၀)နာရီခွဲလောက်မှာ ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးဟာ အဲဒီဘဏ်ကို ရောက်လာပြီး KBZ Pay အကောင့်ဖွင့်လှစ်ဖို့အတွက် လာရောက်စောင့်ဆိုင်းနေချိန် နောက်ထပ် အမျိုးသားနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ထပ်မံရောက်ရှိလာပြီး သေနတ်ပါတဲ့သူတစ်ယောက်က ဘဏ်ဝန်ထမ်းတစ်ယောက်ကို သေနတ်နဲ့ ချိန်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘဏ်ကောင်တာကို သွားပြီး ငွေကျပ် (၄၄၉)သိန်းကို ကျောပိုးအိတ်ထဲထည့်ကာ အိတ်အမည်းတစ်လုံးကို ကောင်တာပေါ်တင်ပြီး နာရီဝက်အတွင်း ရဲစခန်းကို အကြောင်းကြားရင် ဖောက်ခွဲပစ်မယ်လို့ ပြောဆိုကာ (၂၆)လမ်းအတိုင်း အရှေ့ဘက်ကို မောင်းနှင်သွားခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီနောက် စစ်အုပ်စုဝင်တွေ ရောက်လာပြီး ဘဏ်ကောင်တာပေါ်က အထုပ်ကို လုံခြုံရေးအထပ်ထပ်နဲ့ ရှင်းလင်းခဲ့ရာမှာ အနက်ရောင်ကြွပ်ကြွပ်အိတ်ထဲ ကျောက်ခဲပတ်ထည့်ထားတာဖြစ်တယ်လို့ နီးစပ်သူတွေဆီက ထပ်မံသိရပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုဟာ အဲဒီဘဏ်ဝန်းကျင်အပါအဝင် လမ်းသွားလမ်းလာတွေကို မြို့အနှံ့ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။