ကမာၻ႔ေရနံစိမ္းေစ်းက်လည္း ျပည္တြင္းစက္သုံးဆီေစ်း ဆက္လက္ ျမင့္တက္
ရန္ကုန္၊ ဇြန္ ၁၈
လူငယ့္ေခတ္
ကမာၻ႔ေရနံစိမ္းေစ်းႏႈန္းမွာ ထိုးက်လာေသာ္လည္း ျပည္တြင္းစက္သုံးဆီေစ်းမွာ ဆက္လက္ျမင့္တက္ေနေၾကာင္း ေစ်းကြက္အတြင္းမွ စုံစမ္းသိရသည္။
ယေန႔ ကမာၻ႔ေရနံစိမ္းေစ်းႏူန္းမွာ တစ္စည္လွ်င္ ၁၁၁ ေဒၚလာခန္႔ ေပါက္ေစ်းရွိကာ ၃ ရက္အတြင္း ၁၀ ေဒၚလာခန္႔ သိသိသာသာ က်ဆင္းသြားျခင္းျဖစ္သည္။
သို႔ေသာ္ ျပည္တြင္းစက္သုံးဆီမွာ ယမန္ေန႔ကထက္ တစ္လီတာလွ်င္ ၂၀ က်ပ္ ထက္မနည္းျမင့္တက္ခဲ့သည္။
ယေန႔ ရန္ကုန္ရွိ စက္သုံးဆီဆိုင္မ်ားမွာ ေအာက္တိန္း-92 တစ္လီတာ ၂၂၅၀ က်ပ္၊ ေအာက္တိန္း-95 တစ္လီတာ ၂၃၄၀ က်ပ္ႏွင့္ ဒီဇယ္တစ္လီတာ ၂၆၉၀ က်ပ္ႏႈန္းျဖင့္ ေရာင္းခ်ေနသည္။
ပရီမီယံဒီဇယ္မွာ ယေန႔တြင္ တစ္လီတာ ၂၇၀၀ က်ပ္ ေက်ာ္သြားၿပီး ၂၇၂၀ က်ပ္ ေပါက္ေစ်းရွိခဲ့သည္။
“ကမာၻ႔ေစ်းက ႐ုတ္တရက္ႀကီးက်သြားေပမယ့္ ျပည္တြင္းေရာင္းေနတဲ့ဆီေတြက ေစ်းအျမင့္နဲ႔မိထားတာ ျဖစ္ေနလို႔ လိုက္မခ်ႏိုင္ေသးတာလို႔ယူဆတယ္”ဟု စက္သုံးဆီေရာင္းဝယ္ေရးလုပ္ငန္းရွင္တစ္ဦးကေျပာသည္။
သို႔ေသာ္ ကမာၻ႔ေရနံစိမ္းေစ်းတက္ပါက ျပည္တြင္းစက္သုံးဆီမွာ အခ်ိန္နဲ႔တေျပးညီလိုက္ပါ ျမင့္တက္ေလ့ရွိၿပီး ေစ်းခ်မည္ဆိုပါက ၾကန္႔ၾကာတတ္ျခင္းမွာ အစဥ္အလာကဲ့သို႔ျဖစ္ေနသည္ဟု ယာဥ္ေမာင္းမ်ားက ေျပာၾကသည္။
“ေစ်းခ်ဖို႔ဆိုရင္ ဆိုင္ေတြကအေၾကာင္း အမ်ိဳးမ်ိဳးျပေနတာ။ ေစ်းတက္မယ္ဆိုရင္ျမန္သလားမေမးနဲ႔”ဟု အငွားယာဥ္ေမာင္းတစ္ဦးကေျပာသည္။
လက္ရွိျပည္တြင္း၌ စက္သုံးဆီေစ်းျမင့္တက္မႈအျပင္ ဆီလိုသေလာက္ဝယ္ယူရန္ ခက္ခဲသည့္ ျပႆနာမ်ားလည္း ရွိေနေၾကာင္း ယာဥ္ေမာင္းမ်ားကဆိုသည္။
#M21 #Lungekhit
ကမ္ဘာ့ရေနံစိမ်းဈေးကျလည်း ပြည်တွင်းစက်သုံးဆီဈေး ဆက်လက် မြင့်တက်
ရန်ကုန်၊ ဇွန် ၁၈
လူငယ့်ခေတ်
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ ထိုးကျလာသော်လည်း ပြည်တွင်းစက်သုံးဆီဈေးမှာ ဆက်လက်မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ယနေ့ ကမ္ဘာ့ရေနံစိမ်းဈေးနူန်းမှာ တစ်စည်လျှင် ၁၁၁ ဒေါ်လာခန့် ပေါက်ဈေးရှိကာ ၃ ရက်အတွင်း ၁၀ ဒေါ်လာခန့် သိသိသာသာ ကျဆင်းသွားခြင်းဖြစ်သည်။
သို့သော် ပြည်တွင်းစက်သုံးဆီမှာ ယမန်နေ့ကထက် တစ်လီတာလျှင် ၂၀ ကျပ် ထက်မနည်းမြင့်တက်ခဲ့သည်။
ယနေ့ ရန်ကုန်ရှိ စက်သုံးဆီဆိုင်များမှာ အောက်တိန်း-92 တစ်လီတာ ၂၂၅၀ ကျပ်၊ အောက်တိန်း-95 တစ်လီတာ ၂၃၄၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၂၆၉၀ ကျပ်နှုန်းဖြင့် ရောင်းချနေသည်။
ပရီမီယံဒီဇယ်မှာ ယနေ့တွင် တစ်လီတာ ၂၇၀၀ ကျပ် ကျော်သွားပြီး ၂၇၂၀ ကျပ် ပေါက်ဈေးရှိခဲ့သည်။
“ကမ္ဘာ့ဈေးက ရုတ်တရက်ကြီးကျသွားပေမယ့် ပြည်တွင်းရောင်းနေတဲ့ဆီတွေက ဈေးအမြင့်နဲ့မိထားတာ ဖြစ်နေလို့ လိုက်မချနိုင်သေးတာလို့ယူဆတယ်”ဟု စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
သို့သော် ကမ္ဘာ့ရေနံစိမ်းဈေးတက်ပါက ပြည်တွင်းစက်သုံးဆီမှာ အချိန်နဲ့တပြေးညီလိုက်ပါ မြင့်တက်လေ့ရှိပြီး ဈေးချမည်ဆိုပါက ကြန့်ကြာတတ်ခြင်းမှာ အစဉ်အလာကဲ့သို့ဖြစ်နေသည်ဟု ယာဉ်မောင်းများက ပြောကြသည်။
“ဈေးချဖို့ဆိုရင် ဆိုင်တွေကအကြောင်း အမျိုးမျိုးပြနေတာ။ ဈေးတက်မယ်ဆိုရင်မြန်သလားမမေးနဲ့”ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။
လက်ရှိပြည်တွင်း၌ စက်သုံးဆီဈေးမြင့်တက်မှုအပြင် ဆီလိုသလောက်ဝယ်ယူရန် ခက်ခဲသည့် ပြဿနာများလည်း ရှိနေကြောင်း ယာဉ်မောင်းများကဆိုသည်။