PDF ၉ ဦးကို ခ်ဳပ္ေႏွာင္ထားစဥ္ ရဲ ၅ ဦး လုပ္ခဲ့တာေတြေဖာ္လို႔ ေဇာ္မဲလုံးတို႔ အၾကပ္႐ိုက္ၿပီ ….
ေဝၚေလရဲစခန္းတြင္ PDF ၉ ဦးကို ခ်ဳပ္ေႏွာင္ထားစဥ္ ေကြၽးသည့္ ထမင္းထဲ တြင္ ေလာက္မ်ား ပါေၾကာင္း ဖမ္းဆီးခံထားရသည့္ ရဲ ၅ ဦးက ဝန္ခံထြက္ဆို ၊ စစ္တပ္က ခိုင္း၍ လုပ္ရဟုဆို(႐ုပ္/သံ)
ရန္ကုန္၊ ဇြန္ ၁၈
ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္၊ ေဝၚေလရဲစခန္းတြင္ PDF ၉ ဦးခ်ဳပ္ေႏွာင္ထား စဥ္ ေကြၽးသည့္ ထမင္းထဲတြင္ ေလာက္မ်ားပင္ ပါေၾကာင္း KNDO ၏ ဖမ္းဆီးမႈ ခံထားရသည့္ ရဲ ၅ ဦးက ဝန္ခံထြက္ဆိုလိုက္ၾကသည္။
ရဲမ်ားက PDF ၉ ဦးကို စစ္တပ္က ဖမ္းဆီးၿပီး ေဝၚေလရဲစခန္းတြင္ ခ်ဳပ္ ထားျခင္း ျဖစ္ေၾကာင္း၊ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားသူမ်ားကို ေကြၽးသည့္ ထမင္း ထဲတြင္ ေလာက္မ်ားပင္ ပါေၾကာင္း အဆိုပါ လုပ္ရပ္မ်ားကို မင္းေအာင္လႈိင္၏ အၾကမ္းဖက္စစ္တပ္က လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း KNDO က အရွင္ဖမ္း မိခဲ့သည့္ ရဲ ၅ ဦးက ဝန္ခံထြက္ဆိုသည္။
အရွင္ဖမ္းမိသည့္ ရဲ ၅ ဦးကို KNDO မွ ေထာက္ပို႔ဗိုလ္ေလး မေက က ေတြ႕ဆုံ ေမးျမန္းစဥ္ ရဲမ်ားက သတင္းအခ်က္အလက္ မရရွိျခင္းမ်ား၊ ဖမ္းဆီး ခ်ဳပ္ေႏွာင္ ထားသူမ်ားကို လူ႔အခြင့္အေရးခ်ိဳးေဖာက္က ႏွိပ္စက္ျခင္းမ်ားကို စစ္တပ္က လုပ္ေဆာင္ခိုင္းျခင္းျဖစ္ေၾကာင္း ရဲမ်ားက ေျပာဆိုၾကသည္။
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ေဝါေလၿမိဳင္ၿမိဳ႕နယ္ခြဲရွိ စစ္ေကာင္စီ လက္ ေအာက္ခံ ရဲစခန္းကို ကရင္အမ်ိဳးသား ကာကြယ္ေရးတပ္ KNDO ႏွင့္ ပူးေပါင္း တပ္ဖြဲ႕က ဇြန္လ ၁၃ ရက္ နံနက္အေစာပိုင္းတြင္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ရဲ ၃ ဦး ေသဆုံးကာ ရဲ ၅ ဦးကို အရွင္ဖမ္းမိခဲ့ၿပီး ဖမ္းဆီးထားသည့္ PDF ၉ ဦးကို ကယ္ထုတ္ႏိုင္ခဲ့သည္။
စခန္းသိမ္းတိုက္ပြဲတြင္ ၆၀ မမ လက္နက္ႀကီး ၁ လက္၊ လက္နက္ႀကီး က်ည္ အခ်ိဳ႕၊ ေသနတ္ ၇ လက္ႏွင့္ က်ည္အခ်ိဳ႕၊ လက္ထိပ္မ်ားအပါအဝင္ ရဲအသုံး အေဆာင္ ပစၥည္းမ်ားကို KNDO အဖြဲ႕က သိမ္းဆည္းႏိုင္ခဲ့သည္။
အရွင္ဖမ္းမိသည့္ ရဲ ၅ ဦးႏွင့္အတူ မိသားစုဝင္အခ်ိဳ႕လည္းပါဝင္ၿပီး ၎တို႔ကို လူ႔အခြင့္အေရးႏွင့္အညီ ထိန္းသိမ္းထားေၾကာင္း KNDO ထံမွ သိရွိရသည္။
PDF ၉ ဦးကို ချုပ်နှောင်ထားစဉ် ရဲ ၅ ဦး လုပ်ခဲ့တာတွေဖော်လို့ ဇော်မဲလုံးတို့ အကြပ်ရိုက်ပြီ ….
ဝေါ်လေရဲစခန်းတွင် PDF ၉ ဦးကို ချုပ်နှောင်ထားစဉ် ကျွေးသည့် ထမင်းထဲ တွင် လောက်များ ပါကြောင်း ဖမ်းဆီးခံထားရသည့် ရဲ ၅ ဦးက ဝန်ခံထွက်ဆို ၊ စစ်တပ်က ခိုင်း၍ လုပ်ရဟုဆို(ရုပ်/သံ)
ရန်ကုန်၊ ဇွန် ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေရဲစခန်းတွင် PDF ၉ ဦးချုပ်နှောင်ထား စဉ် ကျွေးသည့် ထမင်းထဲတွင် လောက်များပင် ပါကြောင်း KNDO ၏ ဖမ်းဆီးမှု ခံထားရသည့် ရဲ ၅ ဦးက ဝန်ခံထွက်ဆိုလိုက်ကြသည်။
ရဲများက PDF ၉ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ဝေါ်လေရဲစခန်းတွင် ချုပ် ထားခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးချုပ်နှောင်ထားသူများကို ကျွေးသည့် ထမင်း ထဲတွင် လောက်များပင် ပါကြောင်း အဆိုပါ လုပ်ရပ်များကို မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း KNDO က အရှင်ဖမ်း မိခဲ့သည့် ရဲ ၅ ဦးက ဝန်ခံထွက်ဆိုသည်။
အရှင်ဖမ်းမိသည့် ရဲ ၅ ဦးကို KNDO မှ ထောက်ပို့ဗိုလ်လေး မကေ က တွေ့ဆုံ မေးမြန်းစဉ် ရဲများက သတင်းအချက်အလက် မရရှိခြင်းများ၊ ဖမ်းဆီး ချုပ်နှောင် ထားသူများကို လူ့အခွင့်အရေးချိုးဖောက်က နှိပ်စက်ခြင်းများကို စစ်တပ်က လုပ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း ရဲများက ပြောဆိုကြသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီ လက် အောက်ခံ ရဲစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO နှင့် ပူးပေါင်း တပ်ဖွဲ့က ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၃ ဦး သေဆုံးကာ ရဲ ၅ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ဖမ်းဆီးထားသည့် PDF ၉ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။
စခန်းသိမ်းတိုက်ပွဲတွင် ၆၀ မမ လက်နက်ကြီး ၁ လက်၊ လက်နက်ကြီး ကျည် အချို့၊ သေနတ် ၇ လက်နှင့် ကျည်အချို့၊ လက်ထိပ်များအပါအဝင် ရဲအသုံး အဆောင် ပစ္စည်းများကို KNDO အဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်။
အရှင်ဖမ်းမိသည့် ရဲ ၅ ဦးနှင့်အတူ မိသားစုဝင်အချို့လည်းပါဝင်ပြီး ၎င်းတို့ကို လူ့အခွင့်အရေးနှင့်အညီ ထိန်းသိမ်းထားကြောင်း KNDO ထံမှ သိရှိရသည်။