Local News

“စစ္တပ္ မၿပိဳကြဲဖို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ ၂ ဦး ေအာက္ေျခအထိ ကြင္းဆင္းစည္း႐ုံးေန

“စစ္တပ္ မၿပိဳကြဲဖို႔ အာဏာသိမ္း စစ္ေခါင္းေဆာင္ ၂ ဦး ေအာက္ေျခအထိ ကြင္းဆင္းစည္း႐ုံးေနသည္” (သတင္း/ေဆာင္းပါး)

ဟိန္းစံ/ဧရာဝတီတိုင္းမ္

ဇြန္လ ၁၈ ရက္

ေခတ္အဆက္ဆက္တြင္ ျမန္မာစစ္တပ္၏ ထိပ္တန္းစစ္ေခါင္းေဆာင္မ်ားသည္ ေအာက္ေျခတပ္ရင္းမ်ားထံသို႔ အေရးႀကီးကိစၥ တစ္စုံတစ္ရာမရွိဘဲ တႏွစ္လွ်င္ တႀကိမ္ ပင္ သြားေရာက္ခဲလွသည္။

သို႔ေသာ္ စစ္တပ္အာဏာသိမ္းခဲ့သည့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းတြင္ စစ္တပ္အတြင္း တျဖည္းျဖည္း ယိုယြင္းပ်က္စီးေနၿပီး စစ္တပ္ၿပိဳကြဲမည့္အေျခအေနကို ထိမ္းသိမ္းႏိုင္ရန္အတြက္ အာဏာသိမ္း စစ္ေခါင္းေဆာင္မ်ားမွာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားရွိ ေအာက္ေျခတပ္ရင္းတပ္ဖြဲ႕မ်ားထံသို႔ မၾကာခဏဆိုသလို ကြင္းဆင္း၍ တပ္တြင္း စည္း႐ုံးေရးကို ေဆာင္႐ြက္ေနရသည္။

လက္ရွိ အာဏာသိမ္း စစ္ေကာင္စီ၌ ရာထူးအႀကီးဆုံး ၂ ဦးျဖစ္ေသာ ကာခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဒုကာခ်ဳပ္ ဒု-ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းတို႔ကိုယ္တိုင္ အလွည့္က် ေအာက္ေျခတပ္ရင္းမ်ားထံ မၾကာခဏဆိုသလို စည္း႐ုံးေရးဆင္းေနၾကရသည္။

၁၉၈၈ ေနာက္ပိုင္း စစ္တပ္သမိုင္းတေလွ်ာက္တြင္ ေအာက္ေျခတပ္သားအဆင့္ မဆိုထားႏွင့္၊ ပခုံးေပၚ၌ အပြင့္ အခက္မ်ားရွိသည့္ ဗိုလ္မႉး၊ ဗိုလ္ႀကီးအဆင့္မ်ားပင္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေတြ႕ဆုံပြဲအတြင္း ေတြ႕ရျခင္း၊ တိုက္႐ိုက္ မိန႔္ခြန္းနားေထာင္ခြင့္ရျခင္းမ်ားက ႀကဳံေတာင့္ႀကဳံခဲ ရွားပါးလွသည္။

သို႔ေသာ္ ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးခ်ိန္ေနာက္ပိုင္း၊ တိတိပပေျပာရလွ်င္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ – PDF မ်ား၏ ခုခံတြန္းလွန္တိုက္ခိုက္မႈမ်ား အျပင္းအထန္ ေပၚေပါက္ၿပီးေနာက္ပိုင္း ေအာက္ေျခစစ္သည္မ်ားပင္ စစ္တပ္၏အႀကီးဆုံး ျဖစ္သည့္ ကာခ်ဳပ္၊ ဒုကာခ်ဳပ္တို႔ႏွင့္ ေတြ႕ဆုံရျခင္း၊ မိန႔္ခြန္းေဟာေျပာမႈ နားေထာင္ရျခင္းမ်ား ႀကဳံေတြ႕ေနသည္။

အဆိုပါ တပ္တြင္းေတြ႕ဆုံပြဲတိုင္းတြင္လည္း အာဏာသိမ္း စစ္ေခါင္းေဆာင္မ်ားက တပ္မေတာ္သည္ မဲလိမ္မဲခိုးမႈေတြကို ၂ဝဝ၈ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ၿပီး တိုင္းျပည္ကို မသမာသူေတြ လက္ထဲမေရာက္ေအာင္ ကာကြယ္ ေနတာျဖစ္ေၾကာင္း၊ တိုင္းျပည္ မပ်က္စီးေစရန္ အာဏာကို ယာယီထိမ္းသိမ္းထားတာျဖစ္ေၾကာင္း၊ မၾကာခင္ ေ႐ြးေကာက္ပြဲက်င္းပမည္ျဖစ္ၿပီး တပ္တြင္းစည္းလုံး ညီၫြတ္မႈ ခိုင္မာက်စ္လစ္ေနရန္ လိုအပ္ေၾကာင္း စသည့္စကားမ်ားကို အဖန္တလဲလဲ ေျပာဆိုေနခဲ့သည္ဟု ဧရာဝတီတိုင္းမ္သတင္းဌာန၏ တပ္တြင္းသတင္းရင္းျမစ္မ်ားက ေျပာျပသည္။

”တပ္ခ်ဳပ္၊ ဒု-တပ္ခ်ဳပ္ ခရီးစဥ္ဆိုတာ အရင္က ၁ ႏွစ္ ၁ ေခါက္ဆိုတာ အမ်ားဆုံး။ တခါတေလ ၁ ႏွစ္ေနလို႔၁ ေခါက္ေတာင္ မလာဘူး။ တပ္စစ္ေဆးေရးဆိုရင္ တပ္မမႉး၊ တိုင္းမႉးေလာက္ပဲ စစ္တာ။ အျမင့္ဆုံးစစ္တာက တပ္မေတာ္စစ္ေဆးေရးအရာရွိခ်ဳပ္႐ုံး(ကကစစ္) ေလာက္ပဲ ႀကဳံဖူးတာ။ အခုက ကဒီးကဒီး (ခဏခဏ) လာေနတာ။ သူတို႔လာမယ္ဆို တိုင္းမႉးက စလာတယ္ ။ ေနာက္ၿပီးရင္ ေနျပည္ေတာ္စစ္႐ုံးက ဒု-ဗိုလ္ခ်ဳပ္ႀကီး (စစ္ဆင္ေရးအထူးဖြဲ႕မႉး) ႀကိဳလာတယ္ ။

ၿပီးမွ သူတို႔(စစ္ေခါင္းေဆာင္)လာတာ။ ခဏတိုင္းလာေတာ့ ေအာက္က အလုပ္ရႈပ္တာေပါ့။ ေျပာတာကေတာ့ ႏိုင္ငံေရးအက်ပ္အတည္းကိစၥနဲ႔ တပ္တြင္းစည္းလုံးၾကဖို႔။ အဲ့ဒါပဲ ေျပာတာ”ဟု ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္ လက္ေအာက္ခံ ေရျဖဴတပ္နယ္မွ တာဝန္ထမ္းေဆာင္ဆဲ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္တစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္တြင္ စစ္တပ္က အာဏာသိမ္းၿပီး လူထုကို လက္နက္အားကိုးျဖင့္ အၾကမ္းဖက္သတ္ျဖတ္မႈမ်ားေၾကာင့္ လမ္းမေပၚမွ အၾကမ္းမဖက္ ဆႏၵျပမႈမ်ားသည္ ၂၀၂၁ ေမလကစတင္၍ လက္နက္ကိုင္ ခုခံေတာ္လွန္ေရးသို႔ အသြင္ေျပာင္းလဲသြားခဲ့သည္။

ျပည္သူမ်ား၏ လက္နက္ကိုင္ေတာ္လွန္မႈ ျပင္းထန္လာခ်ိန္တြင္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ႏွင့္ စိုးဝင္းတို႔သည္ ေနျပည္ေတာ္၌ မိန႔္မိန႔္ႀကီးထိုင္ၿပီး စီမံခန႔္ခြဲ႐ုံျဖင့္ မရေတာ့ေပ။

ျပည္သူလူထု၏ လက္နက္ကိုင္ ခုခံေတာ္လွန္မႈေၾကာင့္ ေျမျပင္တိုက္ပြဲမ်ားတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ထိခိုက္က်ဆုံးမႈ တစ္စတစ္စ မ်ားျပားလာျခင္း၊ အာဏာသိမ္း စစ္တပ္၏အၾကမ္းဖက္လုပ္ရပ္မ်ားကို လက္မခံႏိုင္သည့္ အရာရွိႏွင့္ စစ္သည္မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား CDM ျပဳလုပ္၍ ျပည္သူ႔ရင္ခြင္ ခိုလႈံေနျခင္းမ်ားေၾကာင့္ တပ္တြင္း စည္း႐ုံးေရးကို စစ္ေခါင္းေဆာင္ ၂ ဦး အသည္းအသန္ လုပ္ေဆာင္ ရေတာ့သည္။

ယခင္ေခတ္ တပ္တြင္းစည္း႐ုံးေရးဆိုသည္က တပ္ရင္း၊ တပ္ဖြဲ႕မ်ား စည္း႐ုံးရသည္က စစ္တပ္၏ ထိပ္ပိုင္းေခါင္းေဆာင္အဆင့္မ်ိဳး လုပ္စရာမလိုဘဲ ေအာက္ေျခရွိ တပ္မမႉး၊ စစ္တိုင္းမႉးအဆင့္သာ ျပဳလုပ္ရသည့္အလုပ္ျဖစ္သည္။

ယခုေတာ့ တပ္ထဲ၊ ရဲထဲ ဝင္မည့္သူမရွိ၊ ရွိသည့္လူမ်ားလည္း ေန႔စဥ္ တျဖဳတ္ျဖဳတ္ ထိခိုက္က်ဆုံး၊ တခ်ိဳ႕ကလည္း CDM ျပဳလုပ္၊ တခ်ိဳ႕က် CDM မလုပ္ဘဲ တပ္က ထြက္ေျပးေနၾကသည့္အတြက္ တပ္အင္အားျပဳန္းတီးမႈက တစ္စထက္တစ္စ ဆိုး႐ြားလာေနသည့္အေပၚ စစ္ေခါင္းေဆာင္ ၂ ဦး အထူး စိုးရိမ္ထိတ္လန႔္ခဲ့သည့္အေလွ်ာက္ ျပည္နယ္ႏွင့္တိုင္းမ်ားသို႔ အလွည့္က်သြား၍ စည္း႐ုံးေရး ဆင္းေနရသည္။

”ေျမျပင္မွာျဖစ္ေနတဲ့အေျခအေနေတြကို သူတို႔(စစ္ေခါင္းေဆာင္)ေတြ သိတယ္။ ဘာမွမျဖစ္သလိုဟန္နဲ႔ ေနေနတာ။ ေအာက္ေျခကစစ္သားေတြလည္း သိတယ္။ နည္းမ်ိဳးစုံနဲ႔ CDM လုပ္တာေတြ၊ ဘက္ေျပာင္း စြန႔္ခြာတာေတြ မ်ားလာတာနဲ႔ တိုက္ပြဲမွာ ေသဆုံးတာေတြ မ်ားလာေတာ့။ သူတို႔ကိုယ္တိုင္ ဆင္းေနရတာ။ တိုင္းမႉးေလာက္နဲ႔ လႊတ္ထားလို႔ မရေတာ့ဘူး။ သူတို႔ကိုယ္တိုင္မဆင္းရင္ အေျခအေနေတြက ဒီထက္ဆိုးလာမွာကို သိေနတယ္။

ဒါေပမယ့္ သူတို႔သြားလည္း သြားတာဘဲရွိမယ္။ ေျမျပင္အေျခအေနမွန္ကို သေဘာေပါက္လာတဲ့ေအာက္ေျခစစ္သားေတြ မ်ားလာပါၿပီ”ဟု CDM တပ္မေတာ္အရာရွိ Captain Zero က ေျပာဆိုသည္။ဧရာဝတီတိုင္းမ္သတင္းဌာန၏ ျပဳစုထားသည့္စာရင္းမ်ားအရ ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလက ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ကို စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္သြားၿပီး တပ္တြင္းစည္း႐ုံးေရး စခဲ့သည္။ မွတ္မွတ္ရရ စက္တင္ဘာလ ၇ ရက္ေန႔တြင္ ေတာ္လွန္ေရးအစိုးရျဖစ္သည့္ အမ်ိဳးသားညီၫြတ္ေရး အစိုးရ – NUG က ခုခံေတာ္လွန္စစ္ D – Day ကို ေၾကညာခဲ့သည္။

အာဏာသိမ္း စစ္ေခါင္းေဆာင္သည္ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလကစၿပီး ယေန႔အထိ ရန္ကုန္တိုင္း၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္းစသည့္ ေဒသမ်ားမွ နယ္ေျမခံတပ္ရင္းတပ္ဖြဲ႕မ်ားဆီ သြားေရာက္၍ တပ္မၿပိဳကြဲေစရန္ စည္း႐ုံးေဟာေျပာခဲ့သည့္ အႀကိမ္ေပါင္း ၃၀ ထက္မနည္း ရွိခဲ့သည္။

သူ႔လက္ေအာက္က ဒု-စစ္ေခါင္းေဆာင္ စိုးဝင္းမွာလည္း ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ကယား(ကရင္နီ)၊ တနသၤာရီ၊ ရန္ကုန္တိုင္း၊ ကရင္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္ရွိ ၿမိဳႀကီးမ်ားအေျခစိုက္တပ္မ်ားကို စည္း႐ုံးေရးဆင္း ေဟာေျပာခဲ့သည့္အႀကိမ္ေပါင္း ၁၇ ႀကိမ္ ရွိခဲ့သည္။ စာရင္းမ်ားအရ အာဏာသိမ္း စစ္ေခါင္းေဆာင္ ၂ ဦးမွာ ၉ လအတြင္း ျပည္နယ္ႏွင့္တိုင္းမ်ားသို႔ ခရီးစဥ္ေပါင္းမ်ားစြာသြားေရာက္ခဲ့၍ ေတြ႕ဆုံပြဲေပါင္း ၅၀ ခန႔္ျပဳလုပ္ စည္း႐ုံးေရးဆင္းခဲ့ရသည့္အခ်က္က စစ္တပ္ၿပိဳကြဲမည္ကို ၎တို႔ အလြန္ေၾကာက္႐ြံ႕ေနသည္မွာ ထင္ရွားေနသည္။

ယခုလ ပထမပတ္ႏွင့္ ဒုတိယပတ္အတြင္းမွာပင္ စစ္ေခါင္းေဆာင္မင္းေအာင္လႈိင္က ရန္ကုန္တိုင္းရွိ သန္လ်င္၊ ဒလႏွင့္ ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ ေရတပ္စခန္းဌာနခ်ဳပ္တို႔ထံသို႔သြားေရာက္၍ စည္း႐ုံးခဲ့သလို ဒုစစ္ေခါင္းေဆာင္ စိုးဝင္းမွာလည္း ရခိုင္ျပည္နယ္ စစ္ေတြ၊ ဘူးသီးေတာင္၊ အမ္းစသည့္ၿမိဳ႕မ်ားမွ ၎တို႔လက္ေအာက္ခံ တပ္မ်ားဆီသို႔ သြားေရာက္၍ စစ္ေရးသတိရွိရန္ႏွင့္ တပ္တြင္းစည္းလုံးၾကဖို႔ မွာၾကားခဲ့ၾကသည္။

” ခုက သူတို႔စစ္တပ္ထိပ္ပိုင္းေခါင္းေဆာင္ေတြရဲ႕ စစ္တပ္ၿပိဳကြဲမွာေၾကာက္တာကစိုးရိမ္ေရအမွတ္ကိုေရာက္လာတာေပါ့။ သူတို႔ေအာက္က ေအာက္ေျခတပ္သား CDM မ်ားၿပီး သူတို႔လူေတြမရွိေတာ့ဘဲ တပ္အင္အားခ်ိနဲ႔လာရင္ သူတို႔ေရွ႕ကေသေပးမယ့္ စစ္သားေတြမရွိေတာ့ရင္ သူတို႔အလွည့္ကိုေရာက္ လာေတာ့မွာ။ အဲ့ဒီအတြက္ေၾကာင့္ ေခါက္တုန္႔ေခါက္ျပန္ေတြသြားလာၿပီးတပ္တြင္းစည္းလုံးဖို႔ သူတို႔ကိုယ္တိုင္စည္း႐ုံးေရးဆင္းေနရတာ” ဟု ဧရာဝတီ တိုင္းအတြင္း ႏိုင္ငံေရးေလ့လာေစာင့္ၾကည့္သူတဦးက သုံးသပ္ေျပာဆိုသည္။

အာဏာသိမ္း စစ္ေခါင္းေဆာင္ ၂ ဦးသည္ PDF မ်ား၏အျပင္းအထန္ ခုခံတိုက္ခိုက္မႈေၾကာင့္ ၎တို႔တပ္ေတြ အထိနာေနသည့္ စစ္ကိုင္းတိုင္းႏွင့္ ခ်င္းျပည္နယ္ရွိတပ္မ်ားထံကိုေတာ့ ၎တို႔ကိုယ္တိုင္ မသြားေပ။ ကာကြယ္ေရးဝန္ႀကီးခန႔္ထားေသာ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ျပည္ထဲေရးဝန္ႀကီး ဒု-ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ျပည္ထဲေရး ဒုဝန္ႀကီးျဖစ္ခဲ့သည့္ ဒု-ဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္တို႔လို ၎တို႔ အမာခံမ်ားကို အႀကိမ္ႀကိမ္ ေစလႊတ္ကာ တပ္တြင္းစည္း႐ုံးေရးမ်ား ျပဳလုပ္ေစခဲ့သည္။

” အခုက စစ္ကိုင္းနဲ႔ခ်င္းက လုံးဝအမဲေရာင္နယ္ေျမ ျဖစ္ေနၿပီ။ အဲ့ဒီနယ္ေျမေတြက သူတို႔လိုပုဂၢိဳလ္ေတြေတာင္လုံၿခဳံေရးစိတ္မခ်ရေတာ့ဘူးလို႔ယူဆပုံရတယ္။ အဲ့တာေၾကာင့္သူတို႔ကိုယ္တိုင္မသြားတာ။ ဒါေပမယ့္ ခုလက္ရွိက်ဆုံးနဲ႔CDM အမ်ားဆုံးကလည္း အဲ့ဒီေဒသေတြျဖစ္ေနေတာ့၊ မျဖစ္မေနလႊတ္ရမွာမို႔လို႔ တတိယအဆင့္ ဗိုလ္ခ်ဳပ္ႀကီးေတြေလာက္ကို လႊတ္ၿပီးစည္း႐ုံးခိုင္းတဲ့သေဘာပါဘဲ” ဟု စစ္ေကာင္ စီတပ္တြင္း ဆယ္ႏွစ္ေက်ာ္တာဝန္ထမ္း​ေဆာင္ခဲ့သည့္ စစ္သားေဟာင္းတစ္ဦးက ေျပာသည္။

စစ္ေခါင္းေဆာင္ ၂ ဦး သြားေရာက္ခဲ့ေသာ စည္း႐ုံးေရးခရီးစဥ္မ်ားကို သ႐ုပ္ခြဲၾကည့္လွ်င္ နယ္ေျမ လုံၿခဳံေရး ယူေနရသည့္တပ္မ်ားႏွင့္ ေရွ႕တန္းထြက္ တိုက္ပြဲဝင္ေနရသည့္တပ္မ်ားဟူ၍ အပိုင္း ၂ ပိုင္း ကြဲျပားေနသည္ကို ေတြ႕ရသည္။

ကမ္း႐ိုးတန္းေဒသတိုင္းစစ္ဌာနခ်ဳပ္ (ကရခ) လက္ေအာက္ရွိ ထားဝယ္၊ ဘုတ္ျပင္း၊ ေကာ့ေသာင္းေဒသ အေျခစိုက္ အမွတ္ ၈ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ (စကခ ၈)၊ အမွတ္ ၁၃ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ (စကခ ၁၃)၊ အမွတ္ ၂ဝ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ (စကခ ၂၀) လက္ေအာက္ရွိတပ္မ်ားမွာ ကရင္ ျပည္နယ္ရွိ ကရင့္အမ်ိဳးသားအစည္းအ႐ုံး – KNU တပ္မဟာ ၅ ႏွင့္ ၆ နယ္ေျမမ်ားသို႔ ေရွ႕တန္းထြက္ေနရ သည္မွာ ၃ ႏွစ္နီးပါး ရွိေနၿပီ ျဖစ္သည္။

စစ္အာဏာသိမ္းမႈေနာက္ပိုင္း ကရင္ျပည္နယ္၌ KNU လက္ေအာက္ရွိ KNLA၊ KNDO တပ္မ်ားႏွင့္ PDF ပူးေပါင္းတပ္မ်ား၏တိုက္ခိုက္မႈေၾကာင့္ အဆိုပါ ကမ္း႐ိုးတန္းစစ္တိုင္းလက္ေအာက္ခံ တပ္မ်ားမွာ ထိခိုက္က်ဆုံးသူမ်ားျပားေနသလို CDM ျပဳလုပ္၍ ျပည္သူ႔ရင္ခြင္သို႔ ခိုလႈံသူမ်ားျပားေနသည့္ တပ္မ်ားျဖစ္သည္။ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ႏွင့္ စိုးဝင္းတို႔သည္ တနသၤာရီတိုင္းသို႔ ကိုယ္တိုင္ သြားေရာက္၍ ၎တပ္မ်ားသို႔ စည္း႐ုံးေရးဆင္းခဲ့ၾကသည္။

ထိုသို႔ စစ္ေခါင္းေဆာင္ ၂ ဦး လပိုင္းသာျခား၍ သြားေရာက္စည္း႐ုံးေရးဆင္းျပခဲ့ေသာ္လည္း KNU နယ္ေျမအတြင္းေရွ႕တန္းစစ္စခန္းမ်ားရွိ အဆိုပါ တပ္ရင္း၊တပ္မမ်ားမွ စစ္ေကာင္စီတပ္သားမ်ားအေနျဖင့္ စစ္ေကာင္စီတပ္ကိုစြန္႔ခြာမႈမ်ားဆက္ လက္ျပဳလုပ္လာသည္။

စစ္ေခါင္းေဆာင္ ၂ ဦး တနသၤာရီတိုင္းသို႔ သြားေရာက္စည္း႐ုံးခဲ့ေသာ္လည္း အရာမထင္ခဲ့ေပ။ ၿပီးခဲ့သည့္ မတ္လအတြင္းက ဘုတ္ျပင္းၿမိဳ႕အေျခစိုက္ စကခ ၁၃ စစ္ဌာနခ်ဳပ္လက္ေအာက္ခံ ခမရ ၅၈၅ မွ ဗိုလ္မႉး တင္လင္းေအာင္အပါအဝင္ စကခ ၁၃ ႏွင့္ စကခ ၂၀ မွ စစ္ေကာင္စီ တပ္သားအမ်ားအျပားမွာ ေကာ္ဘရာစစ္ေၾကာင္းႏွင့္ KNLA တပ္မဟာမ်ားထံသို႔ အလင္းဝင္၍ ျပည္သူ႔ရင္ခြင္ ခိုလႈံခဲ့ၾကသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ – NUG အစိုးရ၏ဧၿပီလအတြင္း ထုတ္ျပန္သည့္စာရင္းမ်ားအရ စစ္အာဏာသိမ္းၿပီးေနာက္ လက္ရွိ CDM တပ္မေတာ္သားမ်ားအပါအဝင္ စစ္ေကာင္စီတပ္ကို အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ စြန႔္ခြာလာသူ ၁ ေသာင္း နီးပါးရွိၿပီျဖစ္ေၾကာင္း သိရသည္။

CDM ျပဳလုပ္လာသည့္ တပ္မေတာ္သားမ်ားကိုလည္း NUG အစိုးရအပါအဝင္ ေတာ္လွန္ေရး အင္အားစုမ်ားဘက္မွ ခ်ီးျမႇင့္ေငြမ်ားေပးအပ္ျခင္း ႏွင့္ ေကာင္းမြန္စြာ ေနထိုင္စားေသာက္ႏိုင္ေရး စီစဥ္ေပးထားသည္။ အားလုံးက ေႏြးေထြးစြာႀကိဳဆိုၿပီးကူညီေပးၾကသည္။ ဒါသည္လည္း ေအာက္ေျခ စစ္ေကာင္စီတပ္သားမ်ား ဘက္ေျပာင္းခိုလႈံလာျခင္း၏ အဓိက အေၾကာင္းအရင္းတစ္ခု ျဖစ္ေနသည္။

“ခုေနာက္ပိုင္း စစ္သားေတြက CDM လုပ္လာတာခပ္စိပ္စိပ္ျဖစ္လာၿပီးပိုမ်ားလာတာ၊ ဘက္ေျပာင္းခ်င္လာတာကတခ်ိဳ႕ကကိုယ္ပိုင္အေတြးအေခၚနဲ႔ ေျပာင္းသြားတာေပါ့ ဒါကနည္းပါတယ္။ မ်ားေသာအားျဖင့္ သူတို႔စစ္ေခါင္းေဆာင္အဆင့္ဆင့္ရဲ႕အုပ္ခ်ဳပ္ေထာက္ပံမႈမ​ေကာင္းတာနဲ႔၊တာဝန္ခံလိုစိတ္နည္းလာတာေတြရယ္ ေျမျပင္နဖူးေတြ႕ဒူးေတြ႕မွ စစ္တပ္ရဲ႕သေဘာတရားအမွန္ေတြကိုသိၿပီး သက္ သက္ႀကီးအေသခံခိုင္းေနတယ္ဆိုတာသေဘာ ေပါက္လာတယ္။

ေနာက္တခ်က္က ဒီဘက္ေတာ္ လွန္ေရးအဖြဲ႕အစည္းေတြဘက္ကလည္း ေသနတ္ပါလာရင္ ဘယ္၍ဘယ္မွ်နဲ႔ဆုေငြေပးအပ္တာေတြနဲ႔ ေသနတ္မပါခဲ့ဘူးဆိုရင္ေတာင္ တတ္ႏိုင္သေလာက္ေထာက္ပံ့ေပးၿပီး သူတို႔ကိုေကာင္းေကာင္းမြန္မြန္ ေစာင့္ေရွာက္ၿပီး တျခားအေျခအေနေတြဖန္တီးေပးေနတာေၾကာင့္ပါ” ဟု စစ္တပ္ အရာရွိေဟာင္းတဦးက သုံးသပ္ေျပာဆိုသည္။

ယခင္ကတည္းက ႏွစ္ေပါင္း ၇၀ ေက်ာ္ ရွည္ၾကာခဲ့သည့္ ျပည္တြင္းစစ္ေၾကာင့္ ျမန္မာ့တပ္မေတာ္တြင္ စစ္မ်က္ႏွာ မ်ားခဲ့ရသည့္အထဲ စစ္အာဏာသိမ္းမႈေၾကာင့္ ယခင္က တိုက္ပြဲမရွိခဲ့သည့္ေဒသမ်ားတြင္ ေသနတ္သံ၊ ဗုံးသံမ်ား ညံေနခဲ့ၿပီး စစ္မ်က္ႏွာလည္း ယခင္ထက္ ပိုမ်ားလာခဲ့သည္။အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္၏ အဆင္ျခင္မဲ့လုပ္ရပ္ေၾကာင့္ လက္ရွိကာလသည္ ျမန္မာ့တပ္မေတာ္သမိုင္းတေလွ်ာက္ အဆိုး႐ြားဆုံးႏွင့္ အႀကီးမားဆုံး အက်ပ္အတည္း ရင္ဆိုင္ေနရသည့္ ကာလဟု တပ္မေတာ္အရာရွိေဟာင္းမ်ားက သုံးသပ္ေျပာဆိုၾကသည္။

“ေႏြဦးေတာ္လွန္ေရးေအာင္ျမင္ဖို႔ကိစၥမွာ စစ္တပ္ၿပိဳကြဲေရးက အေရးႀကီးတဲ့ကိစၥရပ္တစ္ခုအျဖစ္ ပါေနတယ္။ စစ္တပ္ၿပိဳကြဲမွလည္း ေတာ္လွန္ေရးဟာ အျမန္ဆုံး ေအာင္ျမင္မွာျဖစ္တယ္။ ျမန္မာစစ္တပ္က ယခင္က တည္းက ေအာက္ေျခစစ္သားေတြကို ကြၽန္လိုသေဘာထားတဲ့ ေခတ္သစ္ကြၽန္စနစ္က်င့္သုံးေနတဲ့ အဖြဲ႕အစည္း ျဖစ္ေနေတာ့ အခုလို အဖက္ဖက္က အက်ပ္အတည္းျဖစ္လာခ်ိန္မွာ အရာရွိ၊ စစ္သည္ေတြ တပ္ကို စြန႔္ခြာ ၾကတာလည္း အဆန္းေတာ့မဟုတ္ပါဘူး။ စစ္ေခါင္းေဆာင္ေတြ ဘယ္လိုပဲ စည္း႐ုံးပါေစ အာဏာသိမ္း စစ္တပ္ဟာ ထိမ္းမရတဲ့အခ်ိန္တစ္ခုမွာ အႀကီးအက်ယ္ၿပိဳကြဲမယ္လို႔ ထင္မိတယ္”ဟု လုပ္သက္ရင့္ သတင္းစာ ဆရာတစ္ဦးက သုံးသပ္ေျပာဆိုသည္။

AyeyarwaddyTimes

“စစ်တပ် မပြိုကွဲဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ၂ ဦး အောက်ခြေအထိ ကွင်းဆင်းစည်းရုံးနေသည်” (သတင်း/ဆောင်းပါး)

ဟိန်းစံ/ဧရာဝတီတိုင်းမ်

ဇွန်လ ၁၈ ရက်

ခေတ်အဆက်ဆက်တွင် မြန်မာစစ်တပ်၏ ထိပ်တန်းစစ်ခေါင်းဆောင်များသည် အောက်ခြေတပ်ရင်းများထံသို့ အရေးကြီးကိစ္စ တစ်စုံတစ်ရာမရှိဘဲ တနှစ်လျှင် တကြိမ် ပင် သွားရောက်ခဲလှသည်။

သို့သော် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် စစ်တပ်အတွင်း တဖြည်းဖြည်း ယိုယွင်းပျက်စီးနေပြီး စစ်တပ်ပြိုကွဲမည့်အခြေအနေကို ထိမ်းသိမ်းနိုင်ရန်အတွက် အာဏာသိမ်း စစ်ခေါင်းဆောင်များမှာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အောက်ခြေတပ်ရင်းတပ်ဖွဲ့များထံသို့ မကြာခဏဆိုသလို ကွင်းဆင်း၍ တပ်တွင်း စည်းရုံးရေးကို ဆောင်ရွက်နေရသည်။

လက်ရှိ အာဏာသိမ်း စစ်ကောင်စီ၌ ရာထူးအကြီးဆုံး ၂ ဦးဖြစ်သော ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုကာချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကိုယ်တိုင် အလှည့်ကျ အောက်ခြေတပ်ရင်းများထံ မကြာခဏဆိုသလို စည်းရုံးရေးဆင်းနေကြရသည်။

၁၉၈၈ နောက်ပိုင်း စစ်တပ်သမိုင်းတလျှောက်တွင် အောက်ခြေတပ်သားအဆင့် မဆိုထားနှင့်၊ ပခုံးပေါ်၌ အပွင့် အခက်များရှိသည့် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်များပင် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံပွဲအတွင်း တွေ့ရခြင်း၊ တိုက်ရိုက် မိန့်ခွန်းနားထောင်ခွင့်ရခြင်းများက ကြုံတောင့်ကြုံခဲ ရှားပါးလှသည်။

သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်နောက်ပိုင်း၊ တိတိပပပြောရလျှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ၏ ခုခံတွန်းလှန်တိုက်ခိုက်မှုများ အပြင်းအထန် ပေါ်ပေါက်ပြီးနောက်ပိုင်း အောက်ခြေစစ်သည်များပင် စစ်တပ်၏အကြီးဆုံး ဖြစ်သည့် ကာချုပ်၊ ဒုကာချုပ်တို့နှင့် တွေ့ဆုံရခြင်း၊ မိန့်ခွန်းဟောပြောမှု နားထောင်ရခြင်းများ ကြုံတွေ့နေသည်။

အဆိုပါ တပ်တွင်းတွေ့ဆုံပွဲတိုင်းတွင်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်များက တပ်မတော်သည် မဲလိမ်မဲခိုးမှုတွေကို ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပြီး တိုင်းပြည်ကို မသမာသူတွေ လက်ထဲမရောက်အောင် ကာကွယ် နေတာဖြစ်ကြောင်း၊ တိုင်းပြည် မပျက်စီးစေရန် အာဏာကို ယာယီထိမ်းသိမ်းထားတာဖြစ်ကြောင်း၊ မကြာခင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး တပ်တွင်းစည်းလုံး ညီညွတ်မှု ခိုင်မာကျစ်လစ်နေရန် လိုအပ်ကြောင်း စသည့်စကားများကို အဖန်တလဲလဲ ပြောဆိုနေခဲ့သည်ဟု ဧရာဝတီတိုင်းမ်သတင်းဌာန၏ တပ်တွင်းသတင်းရင်းမြစ်များက ပြောပြသည်။

”တပ်ချုပ်၊ ဒု-တပ်ချုပ် ခရီးစဉ်ဆိုတာ အရင်က ၁ နှစ် ၁ ခေါက်ဆိုတာ အများဆုံး။ တခါတလေ ၁ နှစ်နေလို့၁ ခေါက်တောင် မလာဘူး။ တပ်စစ်ဆေးရေးဆိုရင် တပ်မမှူး၊ တိုင်းမှူးလောက်ပဲ စစ်တာ။ အမြင့်ဆုံးစစ်တာက တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး(ကကစစ်) လောက်ပဲ ကြုံဖူးတာ။ အခုက ကဒီးကဒီး (ခဏခဏ) လာနေတာ။ သူတို့လာမယ်ဆို တိုင်းမှူးက စလာတယ် ။ နောက်ပြီးရင် နေပြည်တော်စစ်ရုံးက ဒု-ဗိုလ်ချုပ်ကြီး (စစ်ဆင်ရေးအထူးဖွဲ့မှူး) ကြိုလာတယ် ။

ပြီးမှ သူတို့(စစ်ခေါင်းဆောင်)လာတာ။ ခဏတိုင်းလာတော့ အောက်က အလုပ်ရှုပ်တာပေါ့။ ပြောတာကတော့ နိုင်ငံရေးအကျပ်အတည်းကိစ္စနဲ့ တပ်တွင်းစည်းလုံးကြဖို့။ အဲ့ဒါပဲ ပြောတာ”ဟု ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ရေဖြူတပ်နယ်မှ တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီး လူထုကို လက်နက်အားကိုးဖြင့် အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် လမ်းမပေါ်မှ အကြမ်းမဖက် ဆန္ဒပြမှုများသည် ၂၀၂၁ မေလကစတင်၍ လက်နက်ကိုင် ခုခံတော်လှန်ရေးသို့ အသွင်ပြောင်းလဲသွားခဲ့သည်။

ပြည်သူများ၏ လက်နက်ကိုင်တော်လှန်မှု ပြင်းထန်လာချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့သည် နေပြည်တော်၌ မိန့်မိန့်ကြီးထိုင်ပြီး စီမံခန့်ခွဲရုံဖြင့် မရတော့ပေ။

ပြည်သူလူထု၏ လက်နက်ကိုင် ခုခံတော်လှန်မှုကြောင့် မြေပြင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု တစ်စတစ်စ များပြားလာခြင်း၊ အာဏာသိမ်း စစ်တပ်၏အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်သည့် အရာရှိနှင့် စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင် ခိုလှုံနေခြင်းများကြောင့် တပ်တွင်း စည်းရုံးရေးကို စစ်ခေါင်းဆောင် ၂ ဦး အသည်းအသန် လုပ်ဆောင် ရတော့သည်။

ယခင်ခေတ် တပ်တွင်းစည်းရုံးရေးဆိုသည်က တပ်ရင်း၊ တပ်ဖွဲ့များ စည်းရုံးရသည်က စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်အဆင့်မျိုး လုပ်စရာမလိုဘဲ အောက်ခြေရှိ တပ်မမှူး၊ စစ်တိုင်းမှူးအဆင့်သာ ပြုလုပ်ရသည့်အလုပ်ဖြစ်သည်။

ယခုတော့ တပ်ထဲ၊ ရဲထဲ ဝင်မည့်သူမရှိ၊ ရှိသည့်လူများလည်း နေ့စဉ် တဖြုတ်ဖြုတ် ထိခိုက်ကျဆုံး၊ တချို့ကလည်း CDM ပြုလုပ်၊ တချို့ကျ CDM မလုပ်ဘဲ တပ်က ထွက်ပြေးနေကြသည့်အတွက် တပ်အင်အားပြုန်းတီးမှုက တစ်စထက်တစ်စ ဆိုးရွားလာနေသည့်အပေါ် စစ်ခေါင်းဆောင် ၂ ဦး အထူး စိုးရိမ်ထိတ်လန့်ခဲ့သည့်အလျှောက် ပြည်နယ်နှင့်တိုင်းများသို့ အလှည့်ကျသွား၍ စည်းရုံးရေး ဆင်းနေရသည်။

”မြေပြင်မှာဖြစ်နေတဲ့အခြေအနေတွေကို သူတို့(စစ်ခေါင်းဆောင်)တွေ သိတယ်။ ဘာမှမဖြစ်သလိုဟန်နဲ့ နေနေတာ။ အောက်ခြေကစစ်သားတွေလည်း သိတယ်။ နည်းမျိုးစုံနဲ့ CDM လုပ်တာတွေ၊ ဘက်ပြောင်း စွန့်ခွာတာတွေ များလာတာနဲ့ တိုက်ပွဲမှာ သေဆုံးတာတွေ များလာတော့။ သူတို့ကိုယ်တိုင် ဆင်းနေရတာ။ တိုင်းမှူးလောက်နဲ့ လွှတ်ထားလို့ မရတော့ဘူး။ သူတို့ကိုယ်တိုင်မဆင်းရင် အခြေအနေတွေက ဒီထက်ဆိုးလာမှာကို သိနေတယ်။

ဒါပေမယ့် သူတို့သွားလည်း သွားတာဘဲရှိမယ်။ မြေပြင်အခြေအနေမှန်ကို သဘောပေါက်လာတဲ့အောက်ခြေစစ်သားတွေ များလာပါပြီ”ဟု CDM တပ်မတော်အရာရှိ Captain Zero က ပြောဆိုသည်။ဧရာဝတီတိုင်းမ်သတင်းဌာန၏ ပြုစုထားသည့်စာရင်းများအရ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်သွားပြီး တပ်တွင်းစည်းရုံးရေး စခဲ့သည်။ မှတ်မှတ်ရရ စက်တင်ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးအစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ခုခံတော်လှန်စစ် D – Day ကို ကြေညာခဲ့သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလကစပြီး ယနေ့အထိ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းစသည့် ဒေသများမှ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များဆီ သွားရောက်၍ တပ်မပြိုကွဲစေရန် စည်းရုံးဟောပြောခဲ့သည့် အကြိမ်ပေါင်း ၃၀ ထက်မနည်း ရှိခဲ့သည်။

သူ့လက်အောက်က ဒု-စစ်ခေါင်းဆောင် စိုးဝင်းမှာလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယား(ကရင်နီ)၊ တနင်္သာရီ၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြိုကြီးများအခြေစိုက်တပ်များကို စည်းရုံးရေးဆင်း ဟောပြောခဲ့သည့်အကြိမ်ပေါင်း ၁၇ ကြိမ် ရှိခဲ့သည်။ စာရင်းများအရ အာဏာသိမ်း စစ်ခေါင်းဆောင် ၂ ဦးမှာ ၉ လအတွင်း ပြည်နယ်နှင့်တိုင်းများသို့ ခရီးစဉ်ပေါင်းများစွာသွားရောက်ခဲ့၍ တွေ့ဆုံပွဲပေါင်း ၅၀ ခန့်ပြုလုပ် စည်းရုံးရေးဆင်းခဲ့ရသည့်အချက်က စစ်တပ်ပြိုကွဲမည်ကို ၎င်းတို့ အလွန်ကြောက်ရွံ့နေသည်မှာ ထင်ရှားနေသည်။

ယခုလ ပထမပတ်နှင့် ဒုတိယပတ်အတွင်းမှာပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရန်ကုန်တိုင်းရှိ သန်လျင်၊ ဒလနှင့် ဗိုလ်တထောင်မြို့နယ်ရှိ ရေတပ်စခန်းဌာနချုပ်တို့ထံသို့သွားရောက်၍ စည်းရုံးခဲ့သလို ဒုစစ်ခေါင်းဆောင် စိုးဝင်းမှာလည်း ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ အမ်းစသည့်မြို့များမှ ၎င်းတို့လက်အောက်ခံ တပ်များဆီသို့ သွားရောက်၍ စစ်ရေးသတိရှိရန်နှင့် တပ်တွင်းစည်းလုံးကြဖို့ မှာကြားခဲ့ကြသည်။

” ခုက သူတို့စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ စစ်တပ်ပြိုကွဲမှာကြောက်တာကစိုးရိမ်ရေအမှတ်ကိုရောက်လာတာပေါ့။ သူတို့အောက်က အောက်ခြေတပ်သား CDM များပြီး သူတို့လူတွေမရှိတော့ဘဲ တပ်အင်အားချိနဲ့လာရင် သူတို့ရှေ့ကသေပေးမယ့် စစ်သားတွေမရှိတော့ရင် သူတို့အလှည့်ကိုရောက် လာတော့မှာ။ အဲ့ဒီအတွက်ကြောင့် ခေါက်တုန့်ခေါက်ပြန်တွေသွားလာပြီးတပ်တွင်းစည်းလုံးဖို့ သူတို့ကိုယ်တိုင်စည်းရုံးရေးဆင်းနေရတာ” ဟု ဧရာဝတီ တိုင်းအတွင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူတဦးက သုံးသပ်ပြောဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ၂ ဦးသည် PDF များ၏အပြင်းအထန် ခုခံတိုက်ခိုက်မှုကြောင့် ၎င်းတို့တပ်တွေ အထိနာနေသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ရှိတပ်များထံကိုတော့ ၎င်းတို့ကိုယ်တိုင် မသွားပေ။ ကာကွယ်ရေးဝန်ကြီးခန့်ထားသော ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထဲရေး ဒုဝန်ကြီးဖြစ်ခဲ့သည့် ဒု-ဗိုလ်ချုပ်ကြီး သန်းလှိုင်တို့လို ၎င်းတို့ အမာခံများကို အကြိမ်ကြိမ် စေလွှတ်ကာ တပ်တွင်းစည်းရုံးရေးများ ပြုလုပ်စေခဲ့သည်။

” အခုက စစ်ကိုင်းနဲ့ချင်းက လုံးဝအမဲရောင်နယ်မြေ ဖြစ်နေပြီ။ အဲ့ဒီနယ်မြေတွေက သူတို့လိုပုဂ္ဂိုလ်တွေတောင်လုံခြုံရေးစိတ်မချရတော့ဘူးလို့ယူဆပုံရတယ်။ အဲ့တာကြောင့်သူတို့ကိုယ်တိုင်မသွားတာ။ ဒါပေမယ့် ခုလက်ရှိကျဆုံးနဲ့CDM အများဆုံးကလည်း အဲ့ဒီဒေသတွေဖြစ်နေတော့၊ မဖြစ်မနေလွှတ်ရမှာမို့လို့ တတိယအဆင့် ဗိုလ်ချုပ်ကြီးတွေလောက်ကို လွှတ်ပြီးစည်းရုံးခိုင်းတဲ့သဘောပါဘဲ” ဟု စစ်ကောင် စီတပ်တွင်း ဆယ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သည့် စစ်သားဟောင်းတစ်ဦးက ပြောသည်။

စစ်ခေါင်းဆောင် ၂ ဦး သွားရောက်ခဲ့သော စည်းရုံးရေးခရီးစဉ်များကို သရုပ်ခွဲကြည့်လျှင် နယ်မြေ လုံခြုံရေး ယူနေရသည့်တပ်များနှင့် ရှေ့တန်းထွက် တိုက်ပွဲဝင်နေရသည့်တပ်များဟူ၍ အပိုင်း ၂ ပိုင်း ကွဲပြားနေသည်ကို တွေ့ရသည်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) လက်အောက်ရှိ ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်းဒေသ အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၈)၊ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃)၊ အမှတ် ၂ဝ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၀) လက်အောက်ရှိတပ်များမှာ ကရင် ပြည်နယ်ရှိ ကရင့်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နှင့် ၆ နယ်မြေများသို့ ရှေ့တန်းထွက်နေရ သည်မှာ ၃ နှစ်နီးပါး ရှိနေပြီ ဖြစ်သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်ပြည်နယ်၌ KNU လက်အောက်ရှိ KNLA၊ KNDO တပ်များနှင့် PDF ပူးပေါင်းတပ်များ၏တိုက်ခိုက်မှုကြောင့် အဆိုပါ ကမ်းရိုးတန်းစစ်တိုင်းလက်အောက်ခံ တပ်များမှာ ထိခိုက်ကျဆုံးသူများပြားနေသလို CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံသူများပြားနေသည့် တပ်များဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့သည် တနင်္သာရီတိုင်းသို့ ကိုယ်တိုင် သွားရောက်၍ ၎င်းတပ်များသို့ စည်းရုံးရေးဆင်းခဲ့ကြသည်။

ထိုသို့ စစ်ခေါင်းဆောင် ၂ ဦး လပိုင်းသာခြား၍ သွားရောက်စည်းရုံးရေးဆင်းပြခဲ့သော်လည်း KNU နယ်မြေအတွင်းရှေ့တန်းစစ်စခန်းများရှိ အဆိုပါ တပ်ရင်း၊တပ်မများမှ စစ်ကောင်စီတပ်သားများအနေဖြင့် စစ်ကောင်စီတပ်ကိုစွန့်ခွာမှုများဆက် လက်ပြုလုပ်လာသည်။

စစ်ခေါင်းဆောင် ၂ ဦး တနင်္သာရီတိုင်းသို့ သွားရောက်စည်းရုံးခဲ့သော်လည်း အရာမထင်ခဲ့ပေ။ ပြီးခဲ့သည့် မတ်လအတွင်းက ဘုတ်ပြင်းမြို့အခြေစိုက် စကခ ၁၃ စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၅၈၅ မှ ဗိုလ်မှူး တင်လင်းအောင်အပါအဝင် စကခ ၁၃ နှင့် စကခ ၂၀ မှ စစ်ကောင်စီ တပ်သားအများအပြားမှာ ကော်ဘရာစစ်ကြောင်းနှင့် KNLA တပ်မဟာများထံသို့ အလင်းဝင်၍ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG အစိုးရ၏ဧပြီလအတွင်း ထုတ်ပြန်သည့်စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက် လက်ရှိ CDM တပ်မတော်သားများအပါအဝင် စစ်ကောင်စီတပ်ကို အကြောင်းအမျိုးမျိုးဖြင့် စွန့်ခွာလာသူ ၁ သောင်း နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။

CDM ပြုလုပ်လာသည့် တပ်မတော်သားများကိုလည်း NUG အစိုးရအပါအဝင် တော်လှန်ရေး အင်အားစုများဘက်မှ ချီးမြှင့်ငွေများပေးအပ်ခြင်း နှင့် ကောင်းမွန်စွာ နေထိုင်စားသောက်နိုင်ရေး စီစဉ်ပေးထားသည်။ အားလုံးက နွေးထွေးစွာကြိုဆိုပြီးကူညီပေးကြသည်။ ဒါသည်လည်း အောက်ခြေ စစ်ကောင်စီတပ်သားများ ဘက်ပြောင်းခိုလှုံလာခြင်း၏ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်နေသည်။

“ခုနောက်ပိုင်း စစ်သားတွေက CDM လုပ်လာတာခပ်စိပ်စိပ်ဖြစ်လာပြီးပိုများလာတာ၊ ဘက်ပြောင်းချင်လာတာကတချို့ကကိုယ်ပိုင်အတွေးအခေါ်နဲ့ ပြောင်းသွားတာပေါ့ ဒါကနည်းပါတယ်။ များသောအားဖြင့် သူတို့စစ်ခေါင်းဆောင်အဆင့်ဆင့်ရဲ့အုပ်ချုပ်ထောက်ပံမှုမကောင်းတာနဲ့၊တာဝန်ခံလိုစိတ်နည်းလာတာတွေရယ် မြေပြင်နဖူးတွေ့ဒူးတွေ့မှ စစ်တပ်ရဲ့သဘောတရားအမှန်တွေကိုသိပြီး သက် သက်ကြီးအသေခံခိုင်းနေတယ်ဆိုတာသဘော ပေါက်လာတယ်။

နောက်တချက်က ဒီဘက်တော် လှန်ရေးအဖွဲ့အစည်းတွေဘက်ကလည်း သေနတ်ပါလာရင် ဘယ်၍ဘယ်မျှနဲ့ဆုငွေပေးအပ်တာတွေနဲ့ သေနတ်မပါခဲ့ဘူးဆိုရင်တောင် တတ်နိုင်သလောက်ထောက်ပံ့ပေးပြီး သူတို့ကိုကောင်းကောင်းမွန်မွန် စောင့်ရှောက်ပြီး တခြားအခြေအနေတွေဖန်တီးပေးနေတာကြောင့်ပါ” ဟု စစ်တပ် အရာရှိဟောင်းတဦးက သုံးသပ်ပြောဆိုသည်။

ယခင်ကတည်းက နှစ်ပေါင်း ၇၀ ကျော် ရှည်ကြာခဲ့သည့် ပြည်တွင်းစစ်ကြောင့် မြန်မာ့တပ်မတော်တွင် စစ်မျက်နှာ များခဲ့ရသည့်အထဲ စစ်အာဏာသိမ်းမှုကြောင့် ယခင်က တိုက်ပွဲမရှိခဲ့သည့်ဒေသများတွင် သေနတ်သံ၊ ဗုံးသံများ ညံနေခဲ့ပြီး စစ်မျက်နှာလည်း ယခင်ထက် ပိုများလာခဲ့သည်။အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အဆင်ခြင်မဲ့လုပ်ရပ်ကြောင့် လက်ရှိကာလသည် မြန်မာ့တပ်မတော်သမိုင်းတလျှောက် အဆိုးရွားဆုံးနှင့် အကြီးမားဆုံး အကျပ်အတည်း ရင်ဆိုင်နေရသည့် ကာလဟု တပ်မတော်အရာရှိဟောင်းများက သုံးသပ်ပြောဆိုကြသည်။

“နွေဦးတော်လှန်ရေးအောင်မြင်ဖို့ကိစ္စမှာ စစ်တပ်ပြိုကွဲရေးက အရေးကြီးတဲ့ကိစ္စရပ်တစ်ခုအဖြစ် ပါနေတယ်။ စစ်တပ်ပြိုကွဲမှလည်း တော်လှန်ရေးဟာ အမြန်ဆုံး အောင်မြင်မှာဖြစ်တယ်။ မြန်မာစစ်တပ်က ယခင်က တည်းက အောက်ခြေစစ်သားတွေကို ကျွန်လိုသဘောထားတဲ့ ခေတ်သစ်ကျွန်စနစ်ကျင့်သုံးနေတဲ့ အဖွဲ့အစည်း ဖြစ်နေတော့ အခုလို အဖက်ဖက်က အကျပ်အတည်းဖြစ်လာချိန်မှာ အရာရှိ၊ စစ်သည်တွေ တပ်ကို စွန့်ခွာ ကြတာလည်း အဆန်းတော့မဟုတ်ပါဘူး။ စစ်ခေါင်းဆောင်တွေ ဘယ်လိုပဲ စည်းရုံးပါစေ အာဏာသိမ်း စစ်တပ်ဟာ ထိမ်းမရတဲ့အချိန်တစ်ခုမှာ အကြီးအကျယ်ပြိုကွဲမယ်လို့ ထင်မိတယ်”ဟု လုပ်သက်ရင့် သတင်းစာ ဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။

AyeyarwaddyTimes